အခွန်ဆောင်သူတွေ မြန်မာပြည်ကို ကားသွင်းနိုင်ပြီလား….

January 10, 2010 in Critic, Editor's Notes, News by administrator | Views: 776

အောက်ကသတင်းကို မြန်မာပြည်က Living Colour Magazine ကနေတိုက်ရိုက်ကူးယူဖေါ်ပြထားပါတယ်။ သတင်းအရ အမေရိကန်ပြည်ထောင်စုအပါအ၀င် မြန်မာပြည်ပြင်ပမှာနေပြီး မြန်မာသံရုံးကို အခွန်ငွေပေးသွင်းနေသူတွေ ကားမသွင်းနိုင်ပါဘူး။ လွန်ခဲ့တဲ့ အနှစ်၂၀ ၀န်းကျင်လောက်ကတော့ ရခဲ့ပါတယ်။ အခုရတော့မလားဆိုပြီး သတင်းတွေကြားနေတာမို့ မြန်မာပြည်လှမ်းမေးတော့ အောက်ကသတင်းပြန်ပို့ ပေးလိုက်တာပါပဲ။ ကြေငြာချက်ဆိုတာကြီးအရ လုပ်ငန်းရှိတဲ့ ကုမ္ပဏီတွေပဲ ရပါဦးမယ်။ ကြားထဲ ဆိုင်ကယ်တွေပါ သွင်းလို့ ရပါပြီလို့ ထပ်ပြောလာပါသေးတယ်။ ဟုတ်ကဲ့..ကုမ္ပဏီတွေပါပဲ။

ဒီကားသွင်းတဲ့ကိစ္စနဲ့ပါတ်သက်ပြီး ပြောစရာတွေကတော်တော်များပါတယ်။ မြန်မာပြည်မှာ ၁၉၈၈တပ်မတော်အစိုးရဆိုတာကြီးတက်ပြီး သကာလ စစ်အစိုးရနဲ့ ပူးပေါင်းကူညီသူတွေကို ဘယ်လိုလုပ်ပြီး ငွေကြေးမျိုးမျီုးမြက်မြက်ကလေးပေးရမှန်း မသိလေတော့( မဆလ အကြွင်းအကျန်တိုင်းပြည်က မွဲပြီး ဘက်ဂျက်တွေလိုငွေပြနေတာလည်းပါပါတယ်) နိုင်ငံတော်ထိတ်တန်းအဆင့်ပုဂ္ဂိုလ်ကြီးများကိုယ်တိုင်စီမံထုတ်ပေးရတဲ့ ကားပါမစ်ဆိုတာကြီးထွင်ပြီး လုပ်စားရာက စခဲ့တယ်ဆိုရမှာပါပဲ။ ကားပါမစ်ကို နဂိုက သဘောင်္သားတွေ၊ ရှိုးဂျော့သမားတွေ အခွန်ဆောင်ရင် ပါမစ်ချပေးနေတာကနေ အဲဒါတွေရပ်ပြီး သူတို့ပေးချင်တဲ့သူ ပေးချင်သလိုပေး လုပ်စားခဲ့ရာက စခဲ့တာပါ။ အဲဒီလိုနဲ့ အခွန်ငွေပေးသွင်းနေတဲ့ နိုင်ငံခြားေ၇ာက်မြန်မာတွေခမြာလည်း ဘာအခွင့်အရေးမှ အပြန်အလှန်မရတော့တာမို့ အခွန်တော်ပေးသွင်းချင်စိတ်တွေကုန်ပြီး အခွန်ဆိုတာ ဆက်ကြေးတမျီုးပါပဲ မြင်ခဲ့၊ ဖြစ်ခဲ့ရတာပါ။

နှစ်တွေကြာလာတော့ မြန်မာပြည်မှာ ကားတစင်းဈေးနှုန်းဟာ လင်န်ခရုဆာလိုကားမျီုး၊တိုရိုတာ ပါရဒိုလိုကားမျီးဆို ယူအက်စ်မှာ ဒေါ်လာ ၅သောင်းဝန်းကျင်ဖြစ်ပေမဲ့ မြန်မာပြည်မှာ ဒေါ်လာနဲ့ကိုတင် ၁သိန်းကျော်တွေဖြစ်ပြီး မြန်မာတွေမှာမိုဒယ်သစ်၊ကားသစ်မစီးနိုင်တော့ပဲ ရှိနှင့်ပြီးသားကားစုတ်တွေကို ဖြတ်ဖေါက်ဆက်လို့ကြိတ်မှိတ်စီးခဲ့၊စီးနေကြတယ်ပဲဆိုကြပါစို့။

တကယ်က ကားကောင်းကြီးတွေရဲ့ မူရင်းဈေးက အလကားနီးပါးပါပဲ။ အလကားနီးပါးဖြစ်ဆို ကားပါမစ်ဈေး (စာရွက်တရွက်)ဒေါ်လာသိန်းဂဏ္ဍန်းနီးပါးမို့ ကိုက်အောင် (ကာမိအောင်)ဂျပန်မှာ အဲဒီလိုကားကောင်းကြီးမျီုးတွေ ခိုးကြတာကိုး။ တိုကျို၊ အိုဆာကာ စတဲ့မြို့ တွေမှာ ပြီးခဲ့တဲ့ ၁၀စုနှစ် ၂ခုအတွင်းမြန်မာကားခိုးဂိုဏ်းတွေခေတ်စားခဲ့သပေါ့လေ။ ဂျပန်သတင်းစာတွေမှာ ပလူပျံအောင်ကို ပါသွားပါတယ်။

တကယ်တော့ ဒီပါမစ်စံနစ်က နိုင်ငံခြားရောက် ကားသွင်းချင်သူ မြန်မာတွေကို ကားသူခိုးတွေဖြစ်စေ၊ တွန်းပို့စေတာတင်မက ပြည်တွင်းက“သခင်မျိုးဟေ့ ဒို့ဗမာ” တွေမလည်းကားစုတ်တွေ ဟန်လုပ်စီးနေကြရတဲ့အတွက် လူနေမှုအဆင့်လည်းအင်မတန်နိမ့်ကျရပါတယ်။ ဒါတင်မက ကားစုတ်ကထွက်လာတဲ့ ဓါတ်ငွေ့ ဆိုးတွေကြောင့်မြီု့ င်္ကြးတွေရဲ့ လေထု ဘယ်လောက်ညစ်ညမ်းမလဲ စဉ်းစားလို့ သာကြည့်ကြစေချင်တာပါပဲ..။ ကားစုတ်အင်ဂျင်စုတ်က ဓါတ်ငွေ့စုတ်တွေ ထွက်လာတယ်ဆိုတာ အဆန်းတကြယ်ကိစ္စမှ မဟုတ်တာနော…။

ပြောရရင် ပြောမဆုံးပေါင်တော ၃ထောင်မို့ ..ဒီလောက်နဲ့ပဲ..။ ဒို့ ဗမာတွေ မြန်မာပြည်ထဲကားသွင်းလို့ မရသေးပါဘူး..ဆိုတာလေးနဲ့..ရပ်လိုက်ပါရစေ.။အောက်မှာ သတင်းအစစ်အမှန်ပါ။  Living Colour ကနေတိုက်ရိုက်ကူးလိုက်ရတာပါ။

နှုန်းထားအသစ်ဖြင့် လုပ်ငန်းသုံးနှင့်ခရီးသည်တင်ယာဉ်များ လွတ်လပ်စွာတင်သွင်းခွင့်ပြု

ယခင်က လုပ်ငန်းသုံးနှင့်ခရီး သည်တင်ယာဉ်တင်သွင်းမှုကို အစိုးရ စီမံကိန်းကြီးများဆောက်ရွက်သည့် ကုမ္ပဏီများသို့သာချထားပေးခဲ့ပြီး သက်ဆိုင်ရာ အစိုးရ၀န်ကြီးဌာနများ၏ ထောက်ခံချက်ဖြင့် တင်သွင်းခွင့်ပြုခဲ့ ကြောင်း၊ သို့ရာတွင် ဒီဇင်ဘာလ ၁၈ ရက်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက လုပ်ငန်း သုံးBox Truck နှင့် Truckယာဉ်၊ ဘတ်စ်ကားများ ဌာနထောက်ခံချက်မလိုဘဲ သွင်းကုန်လိုင်စင်လျှောက်ထားနိုင်ကြောင်း တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။

ဌာနဆိုင်ရာထောက်ခံချက် မလို အပ်ဘဲ ယာဉ်တင်သွင်းလိုင်စင်လျှောက် ထားခွင့်ပြုသော်လည်း ကားတင်သွင်း ရာတွင် လိုက်နာရမည့် ကန့်သတ်ချက် များရှိနေပြီးBox Truck နှင့် Truckယာဉ်များတင်သွင်းရာတွင် ‘ဘယ်မောင်း’ ဖြစ်ရန်လိုအပ်ကြောင်း၊ဘတ်စ်ကား တင် သွင်းမည်ဆိုပါက အသစ်ဖြစ်ရန်နှင့် ဘယ်မောင်းဖြစ်ရန် လိုအပ်ကြောင်း၊ ကျန် မော်တော်ယာဉ်များကိုမူ အသုံးပြု ပြီးယာဉ်နှင့် အသစ်နှစ်မျိုးစလုံး လျှောက်ထားနိုင်ကြောင်း၊ မော်တော်ယာဉ်များ သည် ၂၀၀၂ ခုနှစ်အထက် ထုတ်လုပ် သည့်ယာဉ်များဖြစ်ရန်လိုအပ်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သို့ရာတွင် မော်တော်ယာဉ်များ မြန်မာနိုင်ငံတွင်း ရောက်ရှိပြီးနောက် အခွန်ဆောင်ရာတွင် အကောက်ခွန်နှုန်း ထားသစ်ဖြင့် ဆောင်ရန်လိုအပ်ပြီး ယခင်က အမေရိကန် တစ်ဒေါ်လာမြန်မာငွေ ၄၅၀ ကျပ်ဖြင့် သတ်မှတ် အခွန်ဆောင်ခဲ့ရသော်လည်း ယခုအခါ ၁၀၀၀ ကျပ်ဖြင့် အခွန်ဆောင်ရန် လိုအပ် သည်ဟု အကောက်ခွန်ဦးစီးဌာနနှင့် ပြည်တွင်းလုပ်ငန်းရှင်အချို့ထံမှ စုံစမ်း သိရှိရသည်။ ”ဘယ်မောင်းလို့ သတ်မှတ်ထားတော့ အနီးဆုံးတရုတ်နိုင်ငံက ကားတွေဝင်လာဖို့ များတယ်” ဟု ကားတင်သွင်းသည့် လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

ယခုကားတင်သွင်းခွင့်လိုင်စင်များ ချထားပေးခြင်းမှာ ကုမ္ပဏီများကိုသာချ ထားပေးခြင်းဖြစ်ပြီး ပုဂ္ဂလိက လူတစ်ဦး ချင်းစီအတွက် ချထားပေးခြင်း မဟုတ် ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနထံမှ သိရှိရသည်။ ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကမ္ပုဏကNorincoကုမ္ပဏီထုတ် ဘယ်မောင်း ခရီးသည် တင် ယာဉ်ကြီး အစီးရေ ၅၀ ကို ၂၀၀၉ ခုနှစ် နိုဝင်ဘာလအတွင်းက တင်သွင်းခဲ့ပြီး ဘယ်မောင်းဆလွန်း ကား ၁၀၆စီးကို နယ်စပ်မှတစ်ဆင့် ဒီဇင်ဘာလအတွင်းက တင်သွင်းခဲ့ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရှိရသည်။

VN:F [1.9.3_1094]
Rating: 8.0/10 (3 votes cast)
အခွန်ဆောင်သူတွေ မြန်မာပြည်ကို ကားသွင်းနိုင်ပြီလား...., 8.0 out of 10 based on 3 ratings

Related posts:

  1. မြန်မာ့ဆိုင်းဝိုင်းများတွင် အနောက်တိုင်းတူရိယာမသုံးရ
  2. မြန်မာပြည်မှ သီချင်းရေးဆရာများ၏ ….