မလေးရှားတွင် ကျောင်းကြိုပို့ ကားမောင်းသူမှ ၁၀ နှစ်သမီးအား အဓမ္မကျင့်ရန် ကြိုးစား

July 29, 2010 in News, World News by zawana | Views: 194

ပြီးခဲ့သော တနင်္လာနေ့ 12.40pm က မလေးရှားနိုင်ငံ Jalan Othman, Petaling Jaya  တွင် အသက် ၅၁ နှစ်အရွယ် ကျောင်းကြိုပို့ကားမောင်းသူမှ ၁၀ နှစ်အရွယ် ကလေးမလေးအား အခြားကလေးများရှေ့တွင်ပင် အဓမ္မကျင့်ရန် ကြိုးစားမှု ဖြစ်ပွားခဲ့သည်။

မူကြိုကျောင်းဆရာမတစ်ဦးက လမ်းဘေးတွင် ရပ်ထားသော ၄င်းကားအနီးမှ ဖြတ်သွားရာတွင် ကလေးမလေး၏ အော်ဟစ် အကူအညီတောင်းသံကိုကြားရ၍ ပတ်ဝန်းကျင်မှ လူများနှင့်အတူ မုဒိမ်းသမား၏လက်မှ ကယ်တင်ခဲ့ရသည်။

ကြိုပို့ကားမောင်းသူသည် ကျောင်းကားကို လမ်းဘေးတွင်ရပ်ကာ ကြောက်ရွံ့ ထိတ်လန့်နေကြသော အခြား ကလေးငယ်များ၏ ရှေ့တွင်ပင် ကလေးမလေး၏ အဝတ်အစားများကို ချွတ်ပစ်ကာ အဓမ္မကျင့်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ အနီးအနားမှ လူများရောက်လာသောအခါတွင် ကားသမားအား ရိုက်နှက်ကာ ရဲလက်သို့အပ်နိုင်ခဲ့သည်။ ကလေးမလေးအား University Malaya Medical Centre သို့ပို့ကာ ဆေးစစ်ဆေးမှု ပြုလုပ်ခဲ့သည်။

မလေးရှား ရဲဘက်ဆိုင်ရာမှလည်း ကျောင်းကြိုပို့ကား အသုံးပြုသူ ကျောင်းသားများအား အလားတူအဖြစ်မျိုး မဖြစ်စေရန် တပ်လှန့်နှိုးဆော်ထားသည်။ ကျောင်းကားဖြင့် နောက်ဆုံးပို့ခြင်း ခံရသော ကျောင်းသားသည် အဓမ္မသမား၏ သားကောင်ဖြစ်နိုင်ကြောင်း ရဲဘက်ဆိုင်ရာမှ ပြောကြားသည်။


Source: http://news.asiaone.com/News/
VN:R_U [1.9.3_1094]
Rating: 10.0/10 (1 vote cast)
မလေးရှားတွင် ကျောင်းကြိုပို့ ကားမောင်းသူမှ ၁၀ နှစ်သမီးအား အဓမ္မကျင့်ရန် ကြိုးစား, 10.0 out of 10 based on 1 rating

Related posts:

  1. ၀က် အူ ချောင်း
  2. မလေးရှားတွင် ဆိုင်ကယ်သေတ္တာ ထဲ၌ သေဆုံးနေသော မြန်မာတဦး၏ ခန္ဓာကိုယ် အပိုင်းအစ တွေ့
  3. အမေရိကန်နှင့်ထိုင်း ပူးတွဲပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုတွင် မလေးရှားပါဝင်မည်
  4. ပုဂ္ဂလိက စာသင်ကျောင်း အချို့ တရုတ်စာ တရုတ်စကား တွဲသင်ရန်ရှိ
  5. မလေးရှား တရုတ်အေးဂျင့်နှင့်မြန်မာမိန်းကလေးစကားပြန် ပေါင်းပြီး ဒုက္ခပေးနေသည့် မြန်မာ မိန်းကလေး ၂၃ယောက်