မလေးရှားတွင် ဆိုင်ကယ်သေတ္တာ ထဲ၌ သေဆုံးနေသော မြန်မာတဦး၏ ခန္ဓာကိုယ် အပိုင်းအစ တွေ့
June 25, 2010 in News by khinmintatthu | Views: 325
ယခု အပါတ် တနင်္ဂနွေနေ့ နံနက် အစောပိုင်းက မလေးရှား နိုင်ငံ ကွာလာလမ်ပူ မြို့အနီး ဂျလန်း တလုပ်ဘာတူး အရပ်
စက်မှုဇုံ ၃၆ တွင်မြန်မာ နိုင်ငံသားတဦး ဆိုင်ကယ်ခေတ္တရပ်ထား၍ ထွက်ခွာသွားအပြီး ပြန်ရောက်အလာ၌ ၎င်း၏ မော်တော်ဆိုင်ကယ် သေတ္တာအတွင်း၌ လူသေ အလောင်း တလောင်းအား တွေ့ရှိခဲ့ရသည်ဟု သိရှိရသည်။မလေးရှား ရဲတပ်ဖွဲ့မှ ထုတ်ပြန် ကြေညာချက် အရ ထိုစက်မှုဇုံတွင် တနင်္ဂနွေနေ့ မနက်၈နာရီ ၂၅မိနစ် တွင် တွေ့ရှိရသော အလောင်းမှာ အသက် ၄၀ အရွယ် တိုလီမုတ်စ ရောင်းဝယ် ဖေါက်ကားသူ မြင့်ရွှေ ဆိုသူ ဖြစ်ပြီး၊ အခြား တနေရာ၌ အသတ်ခံရပြီး မလေးရှားနိုင်ငံ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံး(UNCHR) မှ ဒုက္ခသည် အဖြစ် အသိအမှတ်ပြုခြင်း ခံထားရသူ ဖြစ်သည်။
သေဆုံးသူ၏ ဦးခေါင်းအား အသွားတုံးသော အရာဝထ္ထုဖြင့် တိုက်ခိုက် သတ်ဖြတ်ခြင်း ခံရသည်ဟု ရှားအလန် မြို့မှ ရဲမှူးကြီး နျူလ်အာဇန်း ဂျမာလူဒင်မှ ပြောဆိုလိုက်သည်။ သေဆုံးသူ မြင့်ရွှေ၏ အလောင်းအား စစ်ဆေးရာ ပိုက်ဆံအိတ် ပျောက်ဆုံးနေကြောင်း တွေ့ရှိရသည်ဟု ထပ်မံ ပြောဆိုလိုက်သည်။ ယခုအခါတွင် အလောင်းအား ကလန်းမြို့ရှိတန်ကူး အန်ပုံ ရာဟီမာ ဆေးရုံတွင် သေမှုခင်းဆိုင်ရာ အချက်အလက် အချို့အား စစ်ဆေးလျှက် ရှိသည်ဟု ဆိုသည်။
သေဆုံးသူ မြင့်ရွှေမှာ မလေးရှား၌ပင် ဇနီးသည်နှင့် ကလေး၃ဦး ကျန်ရှိနေသည်ဟု သိရှိရသည်။ ယခုအခါ မလေးရှား နိုင်ငံတွင် အိမ်နီးခြင်း မြန်မာနိုင်ငံမှ လာရောက် အလုပ် လုပ်ကိုင်သော မြန်မာရွှေပြောင်း အလုပ်သမားများ သိန်းနှင့်ချီ တရားမဝင် ရှိနေကာ မလေးရှား လူဝင်မှုကြီးကြပ်ရေး မှလည်း တင်းကြပ်သော လူဝင်မှု ဥပဒေသ အလုပ်သမား ဥပဒေ များဖြင့် စစ်ဆင်ရေးများ ဖေဖေါ်ဝါရီလတွင် စတင်ကာ လုပ်ဆောင်လျှက် ရှိကြောင်း သိရှိရသည်။
Ref:People Media Voice
Related posts:
- အမေရိကန်နှင့်ထိုင်း ပူးတွဲပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုတွင် မလေးရှားပါဝင်မည်
- ကွာလာလမ်ပူ-ရန်ကုန်တိုက်ရိုက်လေကြောင်းလိုင်း မလေးရှားငွေ ၂၉ရင်းဂစ်ဖြင့် အဲအေးရှားပြေးဆွဲမည်
- မြန်မာ GSM ဖုန်းများ မလေးရှား၊ ထိုင်း နှင့် စင်ကာပူ နိုင်ငံများ တွင် အသုံးပြု နိုင်ရန် စီစဉ်နေ
- မလေးရှားနိုင်ငံတွင် သူတောင်းစားအဖြစ် လုပ်ကိုင်ခဲ့ရသည့် မြန်မာကလေးငယ် ၆ဦး အကူအညီတောင်းခံ
- မြန်မာဒုက္ခသည်တွေကို စောင့်ရှောက်ဖို့ မလေးရှားကို UNHCR တိုက်တွန်း
မိဘမကောင်းသားသမီးခေါင်း…။ တာဝန်မဲ့မိဘတွေကြောင့် သူများအိမ်မှာ ဘ၀ဆုံးခဲ့ရတဲ့ အမိမြန်မာနိုင်ငံတော်ကြီးရဲ့ သားသမီးတွေ…
သင်?ပွိုင့်ရပြီလဲ...ဒီလိုမတရားခံနေရတာ ဘယ်သူတွေကြောင့်လဲ
သင်?ပွိုင့်ရပြီလဲ...မြန်မာနိုင်ငံဟာတကယ်တော့သယံဇာတအရမ်းပေါတဲ့နိုင်ငံပါ
ပြည်သူတွေအတွက်လုပ်ပေးမယ်ဆို
ဘယ်သူမှဘယ်နိုင်ငံမှသွားပြီး ကျွန်ခံနေစရာမလိုဘူး
ပညာယူပြီးပြန်လာရုံပဲ ခုတော့ထမင်းတစ်နှပ်အတွက်တော်တော်ဆင်းရဲနေရတယ်လေ
ဘယ်သူတွေမှာတာဝန်အရှိဆုံးလဲ
မလေး နဲ့  ထိုင်းမှာ သူများသတ်လည်းမပေါ်၊မြန်မာအချင်းချင်းသတ်လည်းမပေါ်
သင်?ပွိုင့်ရပြီလဲ...ကိုယ်ချင်းစာနာမှုကင်းမဲ့၊အသိဥာဏ်ကင်းကွာ၊အုပ်ချုပ်သူက တရားမရှိ…
မြန်မာနိုင်ငံကလူတွေတခြားကိုသွားပြီးအလုပ်လုပ်တော့မှပဲအသတ်ခံရတော့တယ်။စိတ်မကောင်းပါဘူး။
သင်?ပွိုင့်ရပြီလဲ...သနားစရာကောင်းလိုက်တာနော်
သင်?ပွိုင့်ရပြီလဲ...