ကျောက်တန်းမြို့နယ် ကျိုက်မှော်ဝန်း ရေလယ်စေတီတော်
5:14 am in Arts & Humanities, History, Local Guides, Travel by manawphyulay
ကျောက်တန်းမြို့မှာ ရှိတဲ့ ကျိုက်မှော်ဝန်းစေတီကို တောင်သူလယ်သမားနေ့တွင် သွားရောက် ဖူးမြော်ခဲ့ပါတယ်။ ငါးစာများလည်း ပျော်ရွှင်စွာနဲ့ ကျွေးခဲ့ပါတယ်။ သူငယ်ချင်းတို့ လည်း သွားရောက်လည်ပတ်ရင်း ကုသိုလ်များ ပြန့်ပွားနိုင်စေခြင်း ရည်ရွယ်ချက်ဖြင့် သိသလောက်ကို ပြောပြရခြင်း ဖြစ်ပါတယ်ရှင်။
သာသနာနှစ် (၂၁၅) ခုနှစ်တွင် ပါဒနိုင်ငံတော်ကြီးကို စတင်တည်ထောင် နန်းတည်စိုးစံခဲ့သော ဘောဂသေနမင်းသည် ဆရာရသေ့ ပေးအပ်လာသော ဘုရားရှင်၏ ဆံတော်နှင့် ဓာတ်တော်များကို ဌာပနာ၍ သာသနာသက္ကရာဇ် (၂၃၈) ခုနှစ်၌ ဆရာ ရသေ့ ညွှန်ပြရွေးချယ်ပေးသော ကျောက်ခုံပေါ်၌ ဥာဏ်တော် (၇) တောင်ရှိသော ကျိုကမျှော်ကဋော့ စေတီတော်ကို စတင်တည်ခဲ့ပါသည်။
ဘောဂသေနမင်းမှ (၁၀) ဆက်မြောက်ဖြစ်သော တွတ္တနာဂမင်းကြီး လက်ထက်တွင် သီဟိုဠ်ဘုရင်ထံမှ လက်ဆောင် ပဏ္ဏာအဖြစ် ရရှိခဲ့သော ဆံတော် (၁) ဆူ၊ ဓာတ်တော် (၂၇) ဆူကို ရွှေကြုတ်၊ ငွေကြုတ်တွင် ထည့်ပြီး သီရိလင်္ကာမှ ကြွရောက်လာသော ရဟန္တာအရှင်သူမြတ် (၈) ပါး မိန့်ကြားချက်နှင့်အညီ မူလကျိုက်မျှော်ကဋော့စေတီတော်တွင် ဌာပနာ၍ အဓိဌာန် (၃) ချက်ပြုကာ ပြုပြင်တည်ဆောက်ခဲ့ပါသည်။





















Comments By Post
- winne
- etone
- manawphyulay
- lovesickkalay
- twitty
- twitty
- bigcat
- kai
- kai
- ko ko
- khaizin
- yokesoelay
- ko ko
- Amie
- ayemyacho
- Moe Thar
- yokesoelay
- kopauk mandalay
- julymoe.boy
- yokesoelay
- unclegyi1974
- pan pan
- chit lin
- yokesoelay
- intro
- moethidasoe
- eros
- bigcat
- yokesoelay
- moethidasoe
- kai
- kai
- saund
- thihayarzar
- juezinko
- etone
- yokesoelay
- winkyawaung
- tunaung
- kai
- unclegyi1974
- kopauk mandalay