You are browsing the archive for Relationships & Family.

ဗုဒ္ဓ၏အလိုတော်ကျ ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး အစဉ်ဟောကြားတော်မူလေ့ရှိသော တရားတော်များ

12:57 pm in Creative Writing, Drama, Essays.., Relationships & Family, Society & Lifestyle by manawphyulay

ဗုဒ္ဓ၏အလိုတော်ကျ ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး
အစဉ်ဟောကြားတော်မူလေ့ရှိသော တရားတော်များ

သီလဆောက်တည်ပြီးလျှင် ပြည့်စုံအောင်ဖြည့်ကြ၊ ဖြည့်လို့ပြည့်စုံပြီဆိုလျှင် မိမိစိတ်အလိုတောင်းတတဲ့ အတိုင်းပြီးမယ်။ ယခုလည်းချမ်းသာမယ်။ နောင်လည်းချမ်းသာမယ်။
ပစ္စုပ္ပန်ချမ်းသာ၊ သံသရာချမ်းသာ နှစ်ဖြာကို ပေးစွမ်းနိုင်တာဟာ ဘုရားရှင်အဆုံးအမတော်ကလွဲလို့ တခြားမရှိဘူး။
ဘုရားရှင် အဆုံးအမဆိုတာ ပိဋကတ်သုံးပုံပဲ။ ပိဋကတ် သုံးပုံဆိုတာ အလွန်ကျယ်ဝန်းတယ်။ ပိဋကတ် သုံးပုံကို အဆီထုတ်ပါလျှင် “ဗောဓိပက္ခိယတရား ၃၇-ပါး´´ ၇တယ်။ ဗောဓိပက္ခိယတရား ၃၇-ပါးကို အဆီထုတ်လျှင် မဂ္ဂင်ရှစ်ပါးရတယ်။ မဂ္ဂင်ရှစ်ပါးကို အဆီထုတ်လျှင်တော့ သိက္ခာသုံးပါးရတယ်။ သိက္ခာသုံးပါးဆိုတာ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာပါဘဲ။
သိက္ခာသုံးပါးကို အဆီထုတ်လျှင် “ဧကောဓမ္မောတရားတစ်ခု´´ ရတယ်။ ရုပ်ပေါ် နာမ်ပေါ်မှာနေပြီး ယခုလိုဆောင်ထားတော့ (ရှုမှတ်နေတော့) ကာယကံသောင်းကျန်းမှု၊ ၀စီကံသောင်းကျန်းမှု မရှိဘူး။ အဲဒါ“အဓိသီလ´´ လို့ခေါ်တယ်။
အဓိသီလအားကောင်းလျှင်တော့ စိတ်တွေသောင်းကျန်းမှုမရှိဘဲ ငြိမ်ဝပ်ပိပြားပြီး တည်နေတော့တယ်။ အဲဒါ “အဓိစိတ္တ´´ လို့ခေါ်တယ်။
အဓိစိတ္တ(သမာဓိ) အားကောင်းလို့ အချိန်ကြာလျှင် ဘယ်လူ ဘယ်နတ် ဘယ်ဗြဟ္မာမှ ဖန်တီးခွင့် မပြုဘူး။ လျှပ်တပြက်အတွင်း ကုဋေတစ်သိန်းဖြစ်ပြီး ပျက်နေတယ်။ ရုပ်နာမ်ကို သိနေလျှင်တော့ ဖြစ်ပျက်ကို သိတော့တာပဲ။ ဖြစ်ပျက်ကို သိတာ “အဓိပညာ´´ လို့ခေါ်တယ်။
အများနားလည်အောင် ပြောမယ်ဆိုရင် ခန္ဓာကိုယ်ပေါ်မှာ ထင်ရှားနေတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ နှာဖျား၊ နှာဝမှာ ထွက်လေ ၀င်လေနှစ်ရပ်ဟာ အမြဲတိုက်ဝင် တိုက်ထွက်နေတယ်။
နှာဖျားနှာဝဟာ ကာယပသာဒအကြည်က အထိခံ ထွက်လေ၀င်လေဖြစ်တဲ့ လေနှစ်ရပ် ၀ါယောဖောဌာဗ္ဗက ထိတယ်။ ထို အထိခံနှင့် ဒကာမကြီးတို့ သူများမေးမနေနဲ့၊ ကိုယ်နှာဝကို ဥာဏ်နဲ့စောင့်ကြည့် ၀င်တော့ ထိဝင်မယ်။ ထွက်တော့လဲ ထိထွက်မယ်။ ထိတာကို သိလျှင် သိနေလျှင် လောဘ၊ ဒေါသ၊ မောဟ ဖြစ်ခွင့် မရလို့ လောဘမီး၊ ဒေါသမီး၊ မောဟမီး ငြိမ်းတယ်။ ငြိမ်းတော့ အေးတယ်။
မထိခင်ကလဲ သိလို့ မဖြစ်ဘူး။ ထိပြီးပြန်တော့လည်း သိလို့မဖြစ်ဘူး။ ထိတုန်းကိုသာ သိလို့ဖြစ်တယ်။ အဲဒါကို ပစ္စုန်ပ္ပန်တည့်တည့်လို့ ဆိုတယ်။ အဲသလို တစ်ထိတည်းထိနေတာကို တစ်ဆက်တည်း သိနေအောင် ဆောင်ကြဗျာ။ တစ်ရက် (၂၄)နာရီ တစပ်လောက်ရလျှင် အလွန်သိသာပါတယ်။ အဲသလို ထိတာကို မသိမှတ်နိုင်လျှင် လျှပ်တပြက်အတွင်းတွင်ပဲ ကုဋေတစ်သိန်း အကြွေးတင်သွားရောဗျာ။
ထိတာကို သိလျှင် ရုပ်နှင့် နာမ်သာရှိပါလားလို့ သိလိမ့်မယ်။ ရုပ်နာမ်မှတစ်ပါး၊ ငါ၊ သူတစ်ပါး၊ ယောကျာင်္း မိန်းမမရှိဘူးဆိုတာ ဘုရားရှင်၏ တရားတော်အမှန်ပါလားလို့  ကိုယ့်ဟာကိုယ်သိလိမ့်မယ်။ သူများကို မေးနေဖို့ မလိုပါဘူး။ နှာဖျားနှာဝမှာ လေထိတာကို သိနေလျှင် ထိုအချိန်မှာ အတ္တဆိုတဲ့ ကိုယ်မရှိဘူး။
ထိုသိနေတဲ့ အချိန်မှာ ဥာဏ်အမြင် စင်ကြယ်တယ်။ သမ္မာဒိဠိဖြစ်တယ်။ ထိတာကို သိနေတဲ့ အချိန်မှာ “ရုပ်နာမ်မှတစ်ပါး ဘာမှ မရှိပါလား´´ လို့ သိတာကို ရုပ်နာမ်ကို ပိုင်းခြားပြီး သိလို့ `နာမရူပပရိစ္ဆေဒဥာဏ်´ လို့ခေါ်တယ်။
တထိတည်းထိ၊ တသိတည်းသိနေလျှင် အတ္တစင်၍ ဉာဏ်အမြင်စင်ကြယ်တဲ့ အကျိုးရတယ်။ ဒါဟာ တဒင်္ဂပဟာန် ခဏအချိန်ကလေးအတွင်းမှာ ရတဲ့အကျိုး၊ နည်းတယ်လို့ မမှတ်ကြနဲ့ `ကမ္မဌာန်းထိုင်ရတာများ ဘာမှလဲ မတွေ့ပေါင်၊ ဘာမှလဲ မရပေါင်´ လို့များမမှတ်လိုက်ကြပါနဲ့။ မြင့်မြတ်တဲ့ ဘ၀၊ ဘုရားသာသနာကြုံကြိုက်တဲ့အခါမှာ ဒီလို အကျိုးထူးများရနိုင်တယ်။ စားဘို့သောက်ဘို့ အသာထားပြီး အထူးကြိုးစားကြ။

by Burma

အလယ်တန်းကျောင်းသားများနှင့်အချစ် (ထင်မြင်ချက်ကိုတင်ပြသည်။)

7:52 am in Opinions and Discussion, Relationships & Family by Burma

လူ ရယ် လို့တော့ မွေးလာရင်တော့ အချစ်နဲ့မကင်းပါဘူး။ ရည်းစားဆိုတာ လူတိုင်းမှာရှိခဲ့မှာပါ။ ရင်ခုန်မှု ဆိုတာလဲ လူတိုင်းမှာရှိတာပဲ ။ ဒါပေမဲ့ . .. . . . အသက်အရွယ်ဆိုတာကို သတိထားသင့်ပါတယ်။ ကျောင်းမှာ ဆရာမ ပြောခဲ့တဲ့ စကားလေးကိုသတိရမိတယ်. ” မိန်းကလေးတွေလဲ အချိန်ကျ ယောကျာင်္းယူရမှာပဲ ၊ ယောင်္ကျားလေးတွေလဲ မိန်းမယူရမှာပဲ ၊ မင်းတို့မယူလဲ မိဘတွေက အိမ်ထောင်ချပေးလိမ့်မယ်။ ဒီအရွယ် ဒါတွေဘာလိုလို့လဲ” တဲ့။ မှန်ပါတယ်။ ဆရာမတွေလဲ အားရင်အားသလို ဆုံးမ ကြပါတယ်။ ဒါပေမဲ့ ကျောင်းသားတွေ ကျောင်းသူတွေ ချစ်သူဆိုတာကို ထားချင်ကြတာဘာလိမ့်? ကျွန်တော်လဲ ခုထိ အဌမတန်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတစ်ယောက်ပါပဲ။ “မင်းက အဲလောက်ပြောနေရအောင် မင်းကိုလွတ်ကင်းလို့လား”  လို့မေးရင် ကျွန်တော်လဲ မလွတ်ကင်းပါဘူး။ ကောင်လေးဆိုတာကတော့ ကောင်မလေးဘက်က လက်ခံရင် ဘာမဆိုလုပ်မဲ့ လူစားမျိုးတွေပဲလေ. . . အဲ ဒိနေရာမှ ကျတော့ မိန်းကလေးတွေ ဘက်က လဲ အရေးကြီးသွားပါတယ်။ ယောကျာင်္းလေးဘက်က ဘယ်လိုပဲစစ ပါ။ စာပေးတယ် ရည်းစားစကားပြောတယ်။ မည်သို့ပင်ဖြစ်စေ ကောင်မလေးဘက်က ဘာမှပြန်မလုပ်ဘူး ဆိုရင် ကောင်လေးကအချိန်တန်ရင် လက်လျှော့သွားမှာပဲ။ ခုတော့ တစ်ခါတစ်လေ ကောင်မလေးဘက်က စလာတာတွေတောင် မြင်နေရတော့ လုံးဝ မဖြစ်သင့်တာတွေပါ။ မကြာသေးပါဘူး ညီမလေးကို သင်တဲ့ ဂိုက်ဆရာမ က အင်းစိန်က ဆရာမဆိုတော့ သူတို့ ကျောင်းကို လာတဲ့ တန်းပြဆင်းတဲ့ ကျောင်းဆရာလေးတွေကို ကျောင်းသူမလေးတွေက စာလိုက်ပေးလို့တဲ့ . .. ..ဒါဟာ မဖြစ်သင့်တဲ့အရာပါပဲ။ လုံးဝပါ။ အဲဒိရဲ့ ဇင်မြစ်အရင်းကို ပြန်ကြည့်ရင် ကိုရီးယားကားတွေကြောင့်လဲ ပါပါတယ်။ ကောင်မလေးတိုင်းက သူတို့စိတ်ဝင်စားတဲ့ကောင်လေး ရှေ့မှာ ရွပြမယ် ပြီးရင် ရည်းစားစာ ပေးဖို့ ဆိုတာ ၀န်မလေးတော့ပါဖူး။ ဒန်ကျွဲပင်ပုခတ်လွှဲမယ် ဆိုတဲ့စကားကြောင့်များလား? ခေတ်ပျက်ကြီးလား?

by Kyaemon

Stilwell Road (1945)

8:11 am in Community & Society, Education, History, Photography, Politics, Issues, Relationships & Family, Society & Lifestyle, Travel by Kyaemon

THIS VIDEO HAS THE BUILDING OF THE ROAD PLUS ALL THE ACCOMPANYING BATTLES .

pastedGraphic.pdf pastedGraphic.pdf pastedGraphic.pdf pastedGraphic.pdf

Stilwell Road (1945)

YouTube – Stilwell Road (1945)

http://www.youtube.com/watch?v=6aQdcAd-ERA&feature=search

Documentary about the construction of the Stilwell Road–originally called The Ledo Road–a 478-mile passage from Assam, India, to Ledo, Burma, during World War II. The road, which was built by 63,000 workers and cost $150 million, was used by the British, Chinese and Indian armies to transport supplies, troops and other essentials from India to Burma in order to keep the Japanese from overrunning the entire theater. Included is footage of the construction of the road itself and of Gen. Joseph “Vinegar Joe” Stillwell, the American general in charge of forces in the China-Burma-India area of operations and for whom the road was named.

by Kyaemon

China becomes world’s second-largest economy

8:35 am in Business & Economics, Community & Society, Education, Jobs & Careers, Money & Finance, News, Relationships & Family, Society & Lifestyle, Think Tank, World News by Kyaemon

China becomes world’s second-largest economy

http://www.financialpost.com/China+becomes+world+second+largest+economy/3403745/story.html

Bloomberg News · Monday, Aug. 16, 2010

China surpassed Japan as the world’s second-largest economy last quarter, capping the nation’s three-decade rise from Communist isolation to emerging superpower.

Japan’s nominal gross domestic product for the second quarter totaled US$1.288-trillion, less than China’s US$1.337-trillion, the Japanese Cabinet Office said today. Japan remained bigger in the first half of 2010, the government agency said.

by Kyaemon

India rejects ‘superbug’ claims – CENTRAL/S. ASIA – Al Jazeera English

9:08 am in Community & Society, Education, Environment, Health & Fitness, News, Relationships & Family, Society & Lifestyle, Travel, World News by Kyaemon

India rejects ‘superbug’ claims – CENTRAL/S. ASIA – Al Jazeera English


http://english.aljazeera.net/news/asia/2010/08/201081364937831782.html

India has forcefully stated that its hospitals are safe after researchers said that medical tourists to the country had caught a new “superbug”.

Some Indian politicians on Thursday said that there is a conspiracy against the country’s rising medical tourism industry.

A study in The Lancet, a British medical journal, said that a newfound NDM-1 bacteria, or New Delhi metallo-lactamase-1, is a new type of antibiotic-resistant bug that had been carried from India to the UK.

by Kyaemon

Scientists identify new superbug – Europe – Al Jazeera English

8:58 am in Community & Society, Education, Environment, Health & Fitness, News, Relationships & Family, Society & Lifestyle, Travel, World News by Kyaemon

Scientists identify new superbug – Europe – Al Jazeera English

http://english.aljazeera.net/news/europe/2010/08/201081184752677744.html


Scientists identify new superbug

Scientists have warned that a new superbug identified in the United Kingdom could spread around the world after arriving from India.

Researchers said on Wednesday they had found a gene called New Delhi metallo-beta-lactamase, or NDM-1, in patients in South Asia and in Britain.

NDM-1 makes bacteria highly resistant to almost all antibiotics, including the most powerful class called carbapenems, and experts say there are no new drugs on the horizon to tackle it.

ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးများ

10:50 am in Health & Fitness, Relationships & Family, Society & Lifestyle by manawphyulay

ကမ္ဘာတစ်ဝှမ်း လူတွေ သေဆုံးရခြင်း၏ အဓိက အကြောင်းများထဲတွင် ဆေးလိပ်သောက်ခြင်းဟာ တစ်ခု အပါအဝင် ဖြစ်ပါတယ်.. အမေရိကတွင် နေ့စဉ် ပျမ်းမျှ လူ ၁,၀၀၀ ခန့် ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးနေပြီး၊ သေဆုံးသူ ၆ ဦးတွင်၁ ဦး မှာ ဆေးလိပ်ကြောင့် ဖြစ်ပါတယ်.. ဆေးလိပ်သောက်ခြင်းဟု ဆိုရာတွင် စီးကရက်၊ ဆေးတံ၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်စတဲ့ ဆေးရွက်ကြီးကို နည်းအမျိုးမျိုးဖြင့် ရှူရှိုက်သောက်သုံးခြင်းများ ပါဝင်ပါတယ်.. ဆေးလိပ်သောက်ခြင်းဟာ ကြီးစွာသော ကျန်းမာရေး ခြိမ်းခြောက်မှုကို ဖြစ်စေရုံသာမက လူမှုဆက်ဆံရေးမှာလည်းအနှောက်အယှက် တစ်ခုဖြစ်ပါတယ်.. ဆေးလိပ်သောက်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းသို့ ဓာတုပစ္စည်း အမျိုး ၄,၀၀၀ ကျော်ဝင်ရောက်ပြီး ဇီဝကမ္မ လုပ်ငန်းစဉ်ကို ထိခိုက် ပျက်စီးစေပါတယ်.. ၎င်းတို့ထဲတွင် နီကိုတင်းဓါတ် (Nicotine)၊ ကတ္တရာ (Tar)၊
ကာဗွန်မိုနောက်ဆိုဒ် (Carbon Monoxide)၊ နိုက်ထရိုဂျင်အောက်ဆိုဒ်များ (Nitrogen Oxides)၊ ဟိုက်ဒရိုဂျင် ဆိုင်ရာနိုက်(Hydrogen Cyanide)၊ သတ္တုဓါတ်များ (Metals)၊ အမိုးနီးယား (Ammonia) နဲ့ ရေဒီယိုသတ္တိကြွ ဓါတ်ပေါင်းများ (Radioactive Compounds) တို့ပါဝင်ပါတယ်.. ဆေးလိပ်ရှိုက်ဖွာလိုက်တာနဲ့ တစ်ပြိုင်နက် လတ်တလော ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုများမှာ

နှစ်လူးပြူးမမ မျက်လုံးပြူးသွားခြင်း

5:05 am in Aha! Jokes, Community & Society, Critic, Cultures, Entertainment, Languages, Literature, News, Relationships & Family, Short Story, Society & Lifestyle, Think Tank by mr.dark blood

နှစ်လူးပြူးမမ မျက်လုံးပြူးသွားခြင်း

ကျွန်တော်နေထိုင်ရာ ရပ်ကွက်လေးသည် ဆိတ်ငြိမ်၏ အရိပ်အာဝါသကောင်းသောသစ်ပင်များရှိသဖြင့် အေးချမ်း၏

ထို့ပြင် ရပ်ကွက်တွင်းရှိ လူများသည်လည်း စည်းလုံးကျ၏မည်မျှ စည်းလုံးညီညွှတ်သည်ဆိုသော် နေ့ဘက်ဆို

တစ်ယောက်အိမ် တစ်ယောက်တတ်ကာ ချဲအတူ တွက်ကြည်မှအစ ညဘက်အတူ ခေါင်းချင်းဆိုင်ဖဲထိုင်ရိုက်ကြသည်အထိ

စည်းလုံးလေသည်။

ပညာရေးအလေးပေးသည့် ရပ်ကွက်ဖြစ်ခြင်းကြောင့်လည်း မိဘများကိုယ်တိုင် 0အပါအ၀င် ၁အစ၉အဆုံးဂဏန်းများနှင့်

နေ့စဉ်နပမ်းလုံးနေသည်မှာ အစဉ်အလာတစ်ခုလို ဖြစ်နေပေသည်။ယင်းမိဘများထဲနှိုက် အငြိမ်းစားကျောင်းအုပ်ဆရာမ

များလည်း ပါသကဲ့သို့ 4တန်းနှင့် ဟင်းချကာ ဟင်းစားအတွက် ရုန်းကန်ခဲ့ရသူများလည်း ရှိပေသည်။မည်သို့ဆိုစေ

သူတို့သည်ကား နေ့ေ၇ာ၊ညရော စည်းလုံးကြပြီး ဂဏန်းများအား အလွန်တန်ဖိုးထားသော သူများလည်း ဖြစ်သည်။

ဒေါ်စန်းမြင့်သည် ရပ်ကွက်ထဲတွင် အတော်အတန်သြဇာညောင်းသောသူဖြစ်သည်။အသားဖြူဖြူနှင့်ရုပ်ရည်မှာ အရာရှိ

ကတော်ရုပ်ပေါက်ရ်  အများ၏ အော်တိုလေးစားမှုကို လက်ပိုက်ခံယူရရှိနေသူလည်း ဖြစ်သည်။ကိုယ်တိုင်ကလည်း

မဟုတ်မခံနှင့် ဇာတ်ဇာတ်ကြဲတုံ့ပြန်တက်သူဖြစ်ပေရာ အများက ကြောက်ရွံ့ရိုသေမှုကို ခံနေရသူလည်း ဖြစ်သည်။

တစ်ခါက ရာအိမ်မှူးကတော်အား ခပ်တည်တည်နှင့် ဟောက်လိုက်ရာ တစ်ဖက်သူမှာ မျက်နှာငယ်လေးနှင့်ကျန်ခဲ့သည်ကို

တွေ့ရဖူး၏။

မည်သို့ပင်ဖြစ်စေ ရပ်ကွက်ထဲရှိ အိမ်ရှင်မအပေါင်းတို့သည် နေ့စဉ် ဒေါ်စန်းမြင့်အိမ်သို့ မလာရ မနေနိုင်ကြပေ။နေ့စဉ် ဆောင်ရွက်ရမည့်ဝတ္တရားတစ်ခုသဖွယ် ကလေးများကျောင်းပို့ချိန်ပြီးပါက ဒေါ်စန်းမြင့်အိမ်သို့ တစ်ယောက်ပြီး တစ်ယောက် ပေါက်ချလာလေသည်။အိမ်တွင် လူစုမိသည်နှင့် တစ်ယောက်တစ်ပေါက် ပုံသေနည်းအဖုံဖုံဖြင့် တွက်ချ လေသည်။ဒေါ်စန်းမြင့်သည် အားလုံးထဲတွင် သချာင်္ဘွဲ့ရသူဖြစ်ခြင်းကြောင့် အများ၏ ကိုးစားခြင်းကိုလည်း ခံရသည်။

1500နဲ့ 528 အချစ်ဆိုတာ ဘာလဲ။

8:48 am in Arts & Humanities, Community & Society, Cultures, Drama, Essays.., Entertainment, Languages, Literature, Relationships & Family, Science, Religion & Spirituality, Think Tank by mr.dark blood

လူတွေ ပြောပြောနေကြတဲ့ ၁၅၀၀အချစ်၊၅၂၈အချစ်လို့ ပြောပြောနေကြတာ၊ရေးရေးနေကြတာ

မြင်နေကြားနေရပါတယ်။တချို့က သိပေမယ့် တချို့ကတော့ မသိကြပါဘူး။

သိတဲ့သူတစ်ချို့ကျတော့လည်း အကျယ်ကို ဖော်ပြခြင်း မရှိကြပါဘူး။

ဒါကြောင့် အကျယ်ကို သိရအောင် ဖော်ပြလိုက်ရပါတယ်။

၅၂၈အချစ်ဆိုတာ ဘာလဲ
အနောဓိသပုဂ္ဂိုလ်(မရည်ညွှန်းအပ်သော) (၅)ယောက်၊သြဓိသပုဂ္ဂိုလ်(ရည်ညွှန်းအပ်သော) (၇)ယောက် တို့ကို ပေါင်းတော့ ၁၂ ရတယ်။အဲဒီ့ ၁၂ ကိုမေတ္တာ(၄)ပါးနဲ့ ထပ်မြှောက်တော့ မူရင်းမေတ္တာ ၄၈ပါး ရတယ်။အဲဒါ့ကို အရပ်(၁၀)မျက်နှာနဲ့ထပ်မြှောက်တော့ ၄၈၀ ရတယ်။အဲဒါ့ကို မူရင်း မေတ္တာ ၄၈ပါးနဲ့ထပ်ပေါင်းတော့ ၅၂၈ မေတ္တာအပေါင်းရတယ်။ဒါကို ၅၂၈ အချစ်လို့ ခေါ်ဆိုနေကြတာဖြစ်တယ်။

အနောဓိသပုဂ္ဂိုလ်(မရည်ညွှန်းအပ်သော) (၅)ယောက်ဆိုတာ

သဗ္ဗေသတ္တာ(အာရုံငါးပါးကို တပ်မက်တဲ့သတ္တ၀ါ)၊

သဗ္ဗေပါဏာ(ထွက် သက်ဝင်သက်ရှိတဲ့သတ္တ၀ါ)၊

သဗ္ဗေဘူတာ(ကံကိလေသာတို့မှ ဖြစ်ကုန်သော သတ္တ၀ါ)၊

သဗ္ဗေပုဂ္ဂလာ(ငရဲနှင့်နိဗ္ဗာန်သို့သွားတတ်သောပုဂ္ဂိုလ်)၊

သဗ္ဗေအတ္တဘာဝပရိယာပန္နာ(ခန္ဓာအတ္တဘောရှိတဲ့သတ္တ၀ါ)တို့ပဲ ဖြစ်တယ်။

သြဓိသပုဂ္ဂိုလ်(ရည်ညွှန်းအပ်သော) (၇)ယောက်ဆိုတာ

သဗ္ဗေဣတ္ထိယော(ခပ်သိမ်းကုန်သောမိန်းမတို့အား၎င်း)၊

သဗ္ဗောပုရိသာ(ခပ်သိမ်းကုန်သောယောက်ကျားတို့အား၎င်း)၊

သဗ္ဗေအရိယာ(ခပ်သိမ်းကုန်သောအရိယာပုဂ္ဂိုလ်တို့အား၎င်း)၊

သဗ္ဗောအနရိယာ(ခပ်သိမ်းကုန်သောပုထုဇဉ်တို့အား၎င်း)၊

သဗ္ဗောဒေ၀ါ(ခပ်သိမ်းကုန်သောနတ်တို့အား၎င်း)၊

သဗ္ဗောမနုဿာ(ခပ်သိမ်းကုန်သောလူတို့အား၎င်း)

သဗ္ဗောဝိနိပါတိကာ(ခပ် သိမ်းကုန်သော ၀ိနိပါတိကအသူရာတို့အား၎င်း)ကို ရည်ညွှန်းတာ ဖြစ်တယ်။

မေတ္တာလေးပါးကို အဝေရာဒိကမေတ္တာ(၄)ပါးလို့လည်း ခေါ်တယ်။ယင်းတို့မှာ

အဝေရာ ဟောန္တု(ရန်မရှိသည်ဖြစ်ပါစေသတည်း)၊

အဗျာပဇ္ဇာ ဟောန္တု(စိုးရိမ်မှုမရှိကြသည် ဖြစ်ပါစေသတည်း)၊

အနီဃာ ဟောန္တု(ဆင်းရဲခြင်း မရှိကြသည်ဖြစ်ပါစေသတည်း)၊

မာနဋီကာ

7:57 am in Arts & Humanities, Community & Society, Critic, Drama, Essays.., Languages, Literature, Relationships & Family, Think Tank by mr.dark blood

မာနဋီကာ

မာနဆိုသည့်ပုဒ်အား ဆရာဦးထွန်းမြင့်ရေးသည့် ပါဋ္ဌိသက်ဝေါဟာရအဘိဓာန်ထဲတွင် ထောင်လွှားခြင်း၊မောက်မော်ခြင်း၊စိတ်ကြီးဝင်ခြင်းဟု အဓိပါယ်ဖွင့်ဆိုထားသည်။
မာနဆိုသည်မှာ နာမ်ကိုမှီပြီး ဖြစ်ပေါ်လာသည့် စေတသိက်တစ်မျိုးပင် ဖြစ်သည်။အကုသိုလ်စေတသိက်(၁၄)ပါးထဲတွင် အကျုံးဝင်သည့် စေတသိက်တစ်မျိုးပင် ဖြစ်သည်။

မာနအမျိုးအစား(သုံးမျိုး)
မာနကို အမျိုးအစား သုံးမျိုးခွဲခြားထားသည်။ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။သေယျမာန်
မိမိကိုယ်ကို မိမိသာ မြတ်သည်ဟု မာန်တက်ခြင်း။
၂။သဒိသမာန်
မိမိကိုယ်ကို တစ်ပါးသူတို့နှင့်တန်းတူဖြစ်သည်ဟု မန်တတ်ခြင်း။

၃။ဟိနမာန်
မိမိကိုယ်ကိုမိမိ သူတို့အောက်ယုတ်သည်ဟု မာန်တက်ခြင်း။

မာနဒီဂရီများ
မာနကို ဒီဂရီအားဖြင့် သုံးမျိုးခွဲခြားထားပါသေးတယ်။ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။Ordinary Pride
ယင်းရိုးရိုးသာမန်မာန်တက်ခြင်းကို မာန ဟု ခေါ်သည်။
၂။Super Pride
ယင်းကဲ့သို့ အလွန်မာန်တက်ခြင်းအား မာနာတိမာန ဟု ခေါ်သည်။
၃။Extraordinary
ယင်းကဲ့သို့ အလွန်အကျူးမာန်တက်ခြင်းအား အတိမာနဟု ခေါ်သည်။

တတ်နိုင်သလောက် ကူညီပေးကြပါရှင်

5:02 am in Creative Writing, Cultures, Drama, Essays.., Health & Fitness, Relationships & Family, Society & Lifestyle by manawphyulay

ဲပဲခူးတိုင်း၊အင်းတကော်မြို့နယ်

၊ အလိုင်နီဆည်ရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် မိုးရာသီဖြစ်သည့်အတွက် ကလေးငယ်များ အလွန်အမင်းဖျားပြီး ဆေးဝါးလိုအပ်မှု နှင့်ကလေးတွေအတွက် ကျမ်းမာရေးစောင့်ရှောက်မှု လိုအပ်သည့်အခြေအနေများဖြစ်ပေါ်နေပါသည်။ ကျောင်းတွင် ကလေး အယောက် ၂၅၀ ကျော်ရှိတာ အယောက် ၈၀ ကျော်လောက်မှာ ဖျားနာနေကြသည်။ ထိုကြောင့်လိုအပ်သည့် ဆေးဝါးနှင့် ကျမ်းမာရေးပစ္စည်းများလှူဒါန်းနိုင်ကြပါသည်
ကိုထွန်း အမှတ် (၁၅၉)၊ ၄၈လမ်း (အထက်)၊ ဗိုလ်တထောင်၊ ရန်ကုန်မြို့။ Ph: 09-8640206

ပိုစ့်ကိုဖတ်ချင်တော့

http://www.mmdailynews.com/ မှာဖတ်လို့ ရတယ်

မနောဖြူလေး (http://manawphyulay.mmsarpay.org)

စအိုပေါက်မပါသည့် ကလေးငယ်တစ်ဦး ကူညီမှုလိုအပ်နေသည်

6:26 am in Myanma News, News, Relationships & Family by manawphyulay

စအိုပေါက်မပါသည့်ကလေးတစ်ဦး စေတနာရှင်များ၏အကူအညီကို လိုအပ်နေကြောင်း သိရသည်။
ကလေးမြို့၏မြောက်ဘက် ၁၄မိုင်ခန့်အကွာတွင်တည်ရှိသော လက်ပံချောင်း စံပြကျေးရွာနေ အဖဦးငွန်တောင်းလိန်နှင့် အမိဒေါ်ဆွီးခင်တောင်းတို့မှ ၂၀၀၉ခုနှစ် ဖေဖော်ဝါရီ ၄ရက်တွင် သားလေးတစ်ဦးမွေးဖွားခဲ့ပြီး အဆိုပါကလေးသည် စအိုပေါက် မပါသဖြင့် ကလေး ပြည်သူ့ဆေးရုံ၌သွားရောက်ဆေးကုသရာ ဆေးရုံမှဆရာဝန်များက ကလေး၏ဗိုက်ကိုအပေါက်ဖောက်ပြီး အူမကြီးထုတ်ကာ မစင်သွားစေခဲ့သည်။
၂၀၀၉ခုနှစ် သြဂုတ် ၅ရက်တွင် မန္တလေးပြည်သူ့ဆေးရုံကြီးမှ ထိုကလေး၏ စအိုပေါက်ကို အောင်မြင်စွာ ခွဲစိတ်အပေါက်ဖောက်ပေးနိုင်ခဲ့သည်။ ယခုအခါ ကလေး ဗိုက်မှဖောက်၍ထုတ်ထားသော အူမကြီးကို ဗိုက်ထဲပြန်ထည့်ပြီး ပုံမှန်အတိုင်းဖောက်ထား သည့် စအိုပေါက်နှင့်ဆက်သွယ်ရန်အတွက် ကလေးအားနည်းနေသေး၍ မဆောင်ရွက် နိုင်သေးဟု ဆိုသည်။
ကလေးအား အာဟာရရှိသောအစားအစာများကျွေးရန် ဆရာဝန်များက ညွှန်ကြားထားသော်လည်း မိဘများမှာ ငွေရေးကြေးရေးတတ်နိုင်မှုမရှိ၍ ရှိသလောက် ဖြင့် ကျွေးမွေးပြုစုထားသည်။ ကလေးဆေးကုသမှုစရိတ်လည်း လိုအပ်နေရာ စေတနာ ရှင်များအနေဖြင့် ဦးငွန်တောင်းလိန်+ဒေါ်ဆွီးခင်တောင်း ဖုန်း- (တစ်ဆင့်) ၀၇၃-၂၂၀၀၇ သို့ ဆက်သွယ်လှူဒါန်းနိုင်သည်။
source: yangontimes

ရေနံချောင်းကအံဖွယ်ထူးဆန်းဖြစ်ရပ်

3:17 am in Relationships & Family by thihayarzar

ဒီသတင်းကို ရေနံချောင်းကသူငယ်ချင်းတစ်ယောက်ကပြောပြခဲ့တာပါ။ သူပြောတော့ယုံတောင်မယုံဘူး။ အဖြစ်အပျက်ကတော်တော်ဆိုးတယ်။ အစကတော့ ဒီမှာမတင်ဘူးလို့ဆုံးဖြတ်ထားတာ။ အခုမနေနိုင်လို့တင်မိတာပါ။ ဒီမှာတင်ရတဲ့အကြောင်းက ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့၊ လူကြီးများလည်း ကိုယ့်သားသမီး ကိုယ်မောင်နှမ များကို ထိန်းထိန်းသိမ်းသိမ်းနဲ့နေစေချင်လို့ပါ။ ဖြစ်ပုံက (၇)လပိုင်းကဖြစ်ခဲ့တာပါ။ ရေနံချောင်းဒီဂရီကောလိပ်မှာ ကျောင်းတက်ရင်း အဆောင်နေကြတဲ့ သူငယ်ချင်းတွေဖြစ်ပျက်ခဲ့တာပါ။ အဆောင်နာမည်တော့ ထည့်မပြောတော့ဘူး။ ကောင်မလေး (၄) ယောက်က မိန်းကလေးစိတ်နည်းနည်းပေါက်နေတဲ့ ကောင်လေးကို အခန်းထဲမှာစိတ်ကြွဆေးတွေတိုက်ပြီး အတင်းအဓ္ဓမ အလိုမတူပဲ ………… ဆက်ဆံခြင်းဖြစ်ပါတယ်။ အဲဒီကောင်လေးကို နှစ်ရက်လောက်အခန်းထဲမှာထားတယ်။ နောက်တော့ ကောင်လေးကအခြေအနေဆိုးလာတယ်။ သူတို့လည်း မတက်နိုင်တော့ဘူး ကောင်လေးကိုဆေးရုံသို့ပို့လိုက်ကြတယ်။ ဆေးရုံရောက်ပြီး သိပ်မကြာပါဘူး။ ကောင်လေးကသေဆုံးသွားပါတယ်။ ကောင်လေးသေဆုံးတော့ ကောင်မလေးတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ အဲဒီဘက်မှာတော့သတင်းကတော်တော်ပြန့်နှံနေပါတယ်။ အခုကျွန်တော်လည်းအားလုံးသိအောင် မတင်ချင်တင်ချင်နဲ့ပဲတင်မိတာပါ။ ကောင်မလေးတွေရဲ့မိဘတွေများ ဘယ်လောက်ရှက်လိုက်မလဲမသိဘူးနော်။ ဒီသတင်းကိုဖတ်ပြီးတော့အားလုံးလည်း ထိန်းထိန်းသိမ်းသိမ်း နေစေချင်လို့ပါ။ ကောင်မလေးတွင်မဟုတ်ဘဲ ကောင်လေးတွေလည်း ဂရုစိုက်စေချင်လို့ပါ….

by etone

Ideal Marriage(စံပြုထိုက်တဲ့အိမ်ထောင်ရေး)

1:59 am in Relationships & Family by etone

ဆရာသမားတစ်ယောက်ကပြောဖူးတာပေါ့ . ..
Ideal Marriage ဆိုတဲ့ စံပြုလောက်တဲ့ အိမ်ထောင်ရေးမျိုးရချင်ရင်တဲ့ . .. .
သူပြောတဲ့ စံငါးခုနဲ့ ကိုက်ရွေးတဲ့
သူပြောတာက . ..
1- loving each other
2- mature brain
3- proper income
4- good health and
5- acceptable both sides

1.loving each other
ဒါကတော့ရှင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မြတ်နိုးခြင်း ၊ အပြန်အလှန်
လေးစား နားလည်မှုပေးခြင်းတို့ ရှိမှသာ ပျော်ရွင်စရာကောင်းတဲ့
အိမ်ထောင်ရေးမျိုးကို ရမှာပါ။

2.mature brain
ကိုယ်အိမ်ထောင်ဘက်က အတွေးအခေါ် ရင့်ကျက်တဲ့သူမျိုးဖြစ်မှသာ တစ်ယောက်နဲ့
တစ်ယောက်နားလည်မှု ကူညီမှုတွေ ပေးနိုင်မှာပါ။ စိတ်ဓာတ်မရင့်ကျက်တဲ့သူ
တစ်ယောက်ဟာ ဘာကိုမဆို အလေးအနက်မတွေးတတ် ၊ ပြသနာတွေကိုလည်း မှန်ကန်တဲ့
နည်းလမ်းနဲ့ မဖြေရှင်းတတ်တဲ့ အပြင် အရာရာမှာလိုက်ပြီး သ၀န်တို
စွပ်စွဲချက်တွေနဲ့ စိတ်အနှောင့်အယှက် ဖြစ်စေမှာမို့ ကိုယ့်ဘ၀အတွက်
လက်တွဲဖော်မရဘဲ trouble maker သာ ဖြစ်နေမှာ သေချာပါတယ်။ ဒါကြောင့်
လက်တွဲဖော်ရှာတော့မယ်ဆိုရင် သူဟာ စိတ်ဓာတ်ရင့်ကျက်တဲ့သူ ဟုတ်ရဲ့လား ဆိုတာ
အလေးအနက်ထား
အချိန်ယူ စဉ်းစားသင့်ပါတယ်။ ချစ်သူဘ၀မှာတော့ သ၀န်တိုတာလေးကပဲ ချစ်စရာ၊
အိမ်ထောင်လည်းကျရော သဘောထားသေးသိမ်တယ် ဆိုတဲ့ ခေါင်းစဉ်အောက်
အလိုလိုရောက်သွားတတ်တာကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း မညာမိစေဖို့
သတိထားရင်း အမှန်အတိုင်း ချစ်သူကို လေ့လာကြည့်ဖို့ လိုပါလိမ့်မယ်။

ကောင်းမှုတစ်ခု နေ့စဉ်ပြု

10:29 am in Community & Society, Creative Writing, Drama, Essays.., Myanma News, News, Relationships & Family, Society & Lifestyle by manawphyulay

ကျွန်မ ဒီခေါင်းစဉ်လေးကို ဘာလို့ ပေးသလဲဆိုတော့ အဘွားရှိစဉ် ကျွန်မငယ်ငယ်ကလေးကတည်းက ပြောဆိုခဲ့ဖူးတဲ့စကားလေးတစ်ခွန်းလေးကြောင့်ပါပဲ။ သမီး လူရယ်လို ဖြစ်လာရင် နေ့စဉ် ကောင်းမှုတစ်ခုခုကို လုပ်ရမယ်တဲ့။ လူတိုင်း လောဘ မောဟတွေနဲ့ မကင်းရပါဘူး။ ဒါကြောင့် အဘွားက အများကြီး မလုပ်ခိုင်းပဲနဲ့ သေးသေးမွှားမွှားကနေ ကြီးကြီးမားမားထိအောင် နေ့စဉ် ကောင်းမှုတစ်ခုတော့ လုပ်ပါလို့ သွန်သင်ဆုံးမခဲ့ပါတယ်။ အဘွားမရှိတော့တဲ့နောက်ပိုင်းလည်း အဘွားရှိစဉ်ကဲ့သို့ သမီး ကောင်းမှုတွေ ဆက်တိုက်လုပ်ဖြစ်ခဲ့ပါတယ်။ ခုလည်း ဒီကနေ့က တနင်္ဂနွေနေ့ဆိုတော့ အများသူငှာ နားရက်ဆိုလည်း မမှားပါဘူး။ ကျွန်မအတွက်တော့ မွေးဖွားခဲ့ပြီးချိန်ကနေ ဒီကနေ့ထိ နားရက်ဆိုတာ တစ်ခါဖူးမှ မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မ နေပျော်တယ်။ ဒီနေ့ဆို ပိုပြီး ကြည်နူးဝမ်းသာစိတ်ဖြစ်မိတယ်ဆိုလည်း မမှားပါဘူး။ ကျွန်မရဲ့ ရည်ရွယ်ချက်၊ ဖြည့်ဆည်းချင်တဲ့စိတ် နောက်တစ်ချက်က ပရဟိတအလုပ်တွေကို နာဂစ်ပြီး နောက်ပိုင်း အတော်များများ လုပ်ခဲ့မိပါတယ်။ ခု ဒီနေ့က ကျွန်မ ဆိုက်တွေလည်ပြီး စာဖတ်ရင်းနဲ့ ဆိုက်တစ်ဆိုက်ကို ရောက်ခဲ့ခြင်းကနေ စခဲ့တယ်ဆိုရမှာပေါ့။

ဆိုက်နာမည်က http://myanmaractivecaringfamily.ning.com ဆိုတဲ့ ဆိုက်လေးတစ်ခုပါ။ လူငယ်တွေ သူတို့ရဲ့ မအားလပ်တဲ့အချိန်၊ နောက်ပြီး လုပ်ခ လုပ်စာလေးတွေနဲ့ တည်ဆောက်ထားတဲ့ ပရဟိတလုပ်ငန်းလေးတစ်ခုပေါ့။ ကျွန်မ ရင်ထဲမှာ ဖော်မပြတတ်အောင် ၀မ်းသာမိပါတယ်။ ကျွန်မက ကိုယ်သာ ငတ်ရင် ငတ်ပါစေ၊ သူများ ကူညီနေရရင် ကျေနပ်တတ်တဲ့သူဆိုတော့ စိတ်ပါဝင်စားစွာ ရောက်သွားခဲ့တယ်။ ဒါနဲ့ ဆိုက်ကနေ ကျွန်မကို မေးလ်ပို့လာပါတယ်။ ဘယ်နေ့ဘယ်ရက်ကို အလှူအတန်းအတွက် တိုင်ပင်ကြမယ်လို့ ရေးထားပြီး လှူမယ့် ကျောင်းကိုလည်း ရှင်းပြပါတယ်။ ၄ ကြိမ်မြောက် ပရဟိတမှာ ကျွန်မ ပါဝင်ခွင့်ရခဲ့ပါတယ်။

Financial Stability ရှိဖို့အတွက် ဆောင်ရွက်သင့်သော အချက် (၁၀)ချက်

8:37 am in Relationships & Family by manawphyulay

Financial stability ဆိုသည်မှာ လောကတွင် မထင်မှတ်သော အခက်အခဲ ပြဿနာများနှင့် ကြုံလျှင် မိမိနှင့် မိမိကို မှီခို အားထားနေရသော သူ အားလုံး အတွက် ငွေရေးကြေးရေးအရ စိတ်ပူစရာ မလိုသော အခြေအနေတွင် ရှိခြင်းကို ဆိုလိုသည်။ ထို အခြေအနေသို့ ရောက်ရန် အတွက် ယခုလက်ရှိ တတ်နိုင်သော အချိန်တွင် ကြိုတင် စဉ်းစား ပြင်ဆင် ထားရန် အထူး အရေးကြီးသည်။ ယခု ဆောင်းပါးတွင်တော့ စင်္ကာပူနိုင်ငံ Credit Bureau Pte Ltd မှ ထုတ်ဝေသော 10 Steps to Financial Stability ဆိုသည့် ဆောင်းပါးကို မှီးငြမ်း ဖော်ပြထားပါသည်။

(၁) Budget plan တစ်ခု ရေးဆွဲပါ။ Budget plan တွင် ၀င်ငွေ၊ စုငွေ၊ အကြွေး ပြန်ဆပ်ငွေ၊ စားသောက်စရိတ်၊ သွားလာရေးစရိတ်၊ အထွေထွေ အသုံး စသဖြင့် သတ်မှတ်ပြီး ထို plan အတိုင်း အတတ်နိုင်ဆုံး လိုက်နာ သုံးစွဲသင့်သည်။