You are browsing the archive for How To...

by mG

Website အသုံးပြုနည်းလေး ၀ိုင်းကူပေး………..။

3:06 pm in How To.. by mG

ကျွန်တော် ဒီမှာပြောတာလေးကတော့ သတင်းလည်းမဟုတ်ဘူး၊ဟာသလည်းမဟုတ်ဘူး၊ထူးဆန်းတာလေးတွေလည်းမဟုတ်ဘူးဗျ။ဒီ Website ကိုရောက်လာထဲက ကျွန်တော် မေးချင်နေတာတွေ ရှိနေလို့ အခုလို Post  တခုအနေနဲ့တင်လိုက်တာပါခင်ဗျာ။

  • ဒီ Website ထဲမှာ Admin တွေကို Message ဘယ်လိုပို့လို့ရနိုင်မလည်း။
  • Post လေးတွေရေးပြီးတိုင်း လူတိုင်းအလွယ်တကူလုပ်လို့ရအောင် ဘယ်လိုမျိုးလုပ်ရလည်း။

ကျန်တာလေးတွေ သိချင်တာလေးတွေ ရှိနေအုန်းမယ်လို့ ထင်တယ်ဗျ။ကျွန်တော် အသေအချာကြည့်နေတုန်းမို့လို့ လိုလိုမယ်မယ် အသင်းသားတိုင်း သိတင့်တယ်လို့ ထင်တာလေးတွေကို ၀ိုင်းကူပြောပေးကျပါအုန်းဗျာ။အားလုံးကို အလေးထားလျက် မေတ္တာအပြည့်နဲ့သစ္စာရှိသော စာရေးစရာများအတွက်………………။

by AKS

အချိုမစားနဲ့

9:20 am in Critic, How To.., Short Story by AKS

ကိုယ့်ကိုကိုယ် အရင်ပြင်

တစ်ခါတုံးက အမျိုးသမီးတစ်ယောက်က သူ့သားလေးကို လက်ဆွဲပြီး ဂန္ဒီကြီး ဆီကို
လာတယ်။

“ဂန္ဒီကြီး… ကျွန်မသားလေး က အချိုတွေ သိပ်စားတယ်။ ကျွန်မလဲပြောတာပဲ…
မရဘူး။ ကလေးက စားမြဲ စားတာပဲ။ အဲဒါ ဂန္ဒီကြီး ဆုံးမပေးပါအုံး
ဆိုပြီး လာပြောတယ်။

ဂန္ဒီကြီးက ပြုံးပြုံးရွှင်ရွှင်နဲ့ “နောက် တစ်လလောက် နေမှ ပြန်လာခဲ့”
လို့ပြောလိုက်တယ်။
ဒီလိုနဲ့ တစ်လလောက်ကြာတော့ အဲဒီအမျိုးသမီး နဲ့ သူ ကလေး
ပြန်ရောက်လာပြန်တယ်။

အဲဒီတော့မှ ဂန္ဒီကြီးက ကလေးကို ကြင်နာစွာနဲ့ကြည့်လိုက်ပြီး “သားလေး…
အချိုတွေ သိပ်မစားနဲ့” လို့ ရိုးရိုးလေးပဲပြောလိုက်တယ် ။
အဲဒီတော့ ကလေးလေး က ရွှန်းရွှန်းစားစား ပြန်ကြည့်ပြီး “ဟုတ်ကဲ့”
လို့ပြောလိုက်တယ်။

အဲလိုနဲ့ ကလေး အမေက “ဂန္ဒီကြီးရယ် ဒါလေးပြောတာများ အရင်လတည်းက
ပြောလိုက်ရောပေါ့” လို့ပြန်ပြောလိုက်မိတယ်။

အဲဒီတော့မှ ဂန္ဒီကြီးက “ငါလည်း အရင်တုံးက အချိုတွေသိပ်စားတယ်… ဒါပေမယ့်
အရင်တလက စပြီး ငါအချိုတွေ မစားတော့ဘူး… ရှောင်လိုက်ပြီ… ဒီကလေးကို
အချိုမစားနဲ့ လို့ ဆုံးမဖို့ ဆိုတာက ငါက အရင်ဦးဆုံး အချိုမစားတဲ့သူ
ဖြစ်ရမယ်။”

ကဲ … ဘယ်လိုလဲ သူငယ်ချင်းတို့ ရေ … ပုံပြင်လေးကပြောထားတာတော့
ရှင်းရှင်းလေးပါပဲ … သူများကို ဆုံးမပြုပြင်ပေးချင်ရင်
အရင်ဆုံးကိုကိုတိုင်လည်းပြန်ဆုံးမပြူပြင်ထားပို့ လိုအပ်တယ်ဆိုတဲ့
အကြောင်းလေးပေါ့….နော်…

by etone

Restrooms Men – Women :)))

3:24 am in How To.. by etone

ဒီတစ်ခါလည်းမြင်ရအောင်တော့တင်ထားပေးတယ်နော် ။ မကြည့်လိုက်ရင်မသိလိုက်မှာစိုးလို့    ။

by etone

how we close together ?

9:56 am in How To.. by etone


သူငယ်ချင်းများ ကုသိုလ်ပြုနိုင်အောင်

8:52 am in Buddhism, Creative Writing, Drama, Essays.., How To.., Science, Religion & Spirituality by manawphyulay

Mysuboo Blood Donor Group အနေဖြင့် ၉ ကြိမ်မြောက် သွေးလှူပွဲကို ၂၆.၇.၂၀၁၀ ၀ါဆိုလပြည့်နေ့ (တနင်္လာနေ့) တွင် CMA ပုညကုသလ ဗဟုကအသင်း ၏တည်ရှိရာ အမှတ် ၇၃/၇၉၊ လမ်းမတော် (Lower Block) MAC Tower တွင် သွားရောက်လှူဒါန်းမည်ဖြစ်ပါသည်။ ထိုကြောင့်  Mysuboo Blood Donor Group နှင့်အတူ လိုက်ပါလှူဒါန်းချင်သူများ ၂၅.၇.၂၀၁၀ မတိုင်မှီ အောက်ပါ attach file တွင် ဖော်ပြထားသည့်အတိုင်း ဖြည့်စွတ်ပြီး mysuboofanclub@gmail.com သို့ပဲလိမ့်မူပြီးပြန်လည်ပေးပို့ကြပါရှင်။
လှူဒါန်းမည့်နေရာ :  CMA ပုညကုသလ ဗဟုကအသင်း
အချိန်                :  မနက် ၉ နာရီ။
လိပ်စာ               : ၇၃/၇၉၊ လမ်းမတော်လမ်း၊ ၇န်ကုန်မြို့။ ဖုန်း – ၂၁၆၆၈၅။

by etone

Management Test

8:55 am in How To.. by etone

Management Test

This is a test for Intelligent People. I have determined that you qualify.
The following short quiz consists of 4 questions and will tell you if you are qualified to be a professional. Scroll down for each answer. The questions are NOT that difficult.  But don’t scroll down UNTIL you have answered the question!

1. How do you put a giraffe into a refrigerator?

The correct answer is:
Open the refrigerator, put in the giraffe, and close the door.
This question tested whether you tend to do simple things
In an overly complicated way.

2. How do you put an elephant into a refrigerator?

Did you say, Open the refrigerator,
Put in the elephant,
And close the
Refrigerator?
Wrong Answer.

Correct Answer:  Open the refrigerator, take out the giraffe,
Put in the elephant and close the door.
This tested your ability to think through the repercussions of your previous actions.

3.  The Lion King is hosting an animal conference. All the animals attend….except one.
Which animal does not attend?

Correct Answer:  The Elephant.

The elephant is in the refrigerator.
You just put him in there.

by fatty

HOW TO PREPARE TO ATTEND SINGAPORE POLYS

3:13 pm in Education, How To.. by fatty

Here I just intend for Singapore Republic Poly only. Some students are now attending at the private class to sit for the entrance of polytechnics. They have to study English, Maths, Physic, and a little for Chemistry.

To apply for entrance some rely on agents and some do by themselves. My idea is : to try by oneself in order to get self -confidence and to save the money. Actually, you need to brush up your English up to IELTS  level. Even though this level is no need for entrance, you should do it.

by etone

ချစ်သူသိအောင် ပန်းပေးနည်း

7:03 am in How To.. by etone

ချစ်သူကိုသိသိသာသာပန်းပေးနည်းသိချင်ရင်တော့ … ဒီlink လေးကနေသွားလိုက်ပါ…

http://www.vn247.net/flash/rose.swf

by cobra

Financial Stability ရှိဖို့အတွက် ဆောင်ရွက်သင့်သော အချက် (၁၀)ချက်

11:23 am in Community & Society, Education, How To.. by cobra

Financial stability ဆိုသည်မှာ လောကတွင် မထင်မှတ်သော အခက်အခဲ ပြဿနာများနှင့် ကြုံလျှင် မိမိနှင့် မိမိကို မှီခို အားထားနေရသော သူ အားလုံး အတွက် ငွေရေးကြေးရေးအရ စိတ်ပူစရာ မလိုသော အခြေအနေတွင် ရှိခြင်းကို ဆိုလိုသည်။ ထို အခြေအနေသို့ ရောက်ရန် အတွက် ယခုလက်ရှိ တတ်နိုင်သော အချိန်တွင် ကြိုတင် စဉ်းစား ပြင်ဆင် ထားရန် အထူး အရေးကြီးသည်။ ယခု ဆောင်းပါးတွင်တော့ စင်္ကာပူနိုင်ငံ Credit Bureau Pte Ltd မှ ထုတ်ဝေသော 10 Steps to Financial Stability ဆိုသည့် ဆောင်းပါးကို မှီးငြမ်း ဖော်ပြထားပါသည်။

(၁) Budget plan တစ်ခု ရေးဆွဲပါ။ Budget plan တွင် ၀င်ငွေ၊ စုငွေ၊ အကြွေး ပြန်ဆပ်ငွေ၊ စားသောက်စရိတ်၊ သွားလာရေးစရိတ်၊ အထွေထွေ အသုံး စသဖြင့် သတ်မှတ်ပြီး ထို plan အတိုင်း အတတ်နိုင်ဆုံး လိုက်နာ သုံးစွဲသင့်သည်။

by cobra

နုံနဲ့သောစိတ်

11:22 am in How To.., Relationships & Family by cobra

နုံနဲ့သောစိတ်

လူတို့၏ ကြီးပွားချမ်းသာရေးနှင့် ပက်သက်၍ အဆွေခင်ပွန်းကောင်းရှိခြင်းသည်လည်း လိုအပ်သောအချက်တစ်ချက်ဖြစ်သည်။ တိရိစ္ဆာန်များသည်ပင်လျှင် အပေါင်းအသင်းအစုဝေးဖြင့်နေတတ်ပေရာ လူတို့တွင်ကား ပြောဖွယ်ရာမရှိပေ။ ထို့ကြောင့်လူအများနှင့် ခင်မင်ရင်းနှီးရန်လိုအပ်လှပေသည်။ အဆွေခင်ပွန်းကောင်းသည် လိုအပ်သောအကူအညီအမျိုးမျိုးကိုပေးနိုင်သည်။ မိတ်ဆွေအများဆုံးရှိသူသည် အအောင်မြင်ဆုံး အထူးချွန်ဆုံး သူတစ်ယောက်ဖြစ်နိုင်ပေသည်။ ကုန်သည်ဖြစ်စေ အစိုးရဝန်ထမ်းဖြစ်စေ ဈေးရောင်းဈေးဝယ်ဖြစ်စေ နိုင်ငံရေးသမားအဖြစ်ဖြင့် မဲရအောင်ဟောပြောရာတွင်ဖြစ်စေ ကျောင်းဆရာအဖြစ်ဖြင့် စာသင်ရာတွင်ဖြစ်စေ မိန်းကလေးတစ်ယောက်ကို ပိုးပန်းရာတွင်ဖြစ်စေ အသင်၏အောင်မြင်မှုသည် အသင်၏မိတ်ဖွဲ့နိုင်သောအရည်အချင်းပေါ်တွင် တည်ရှိလေသည်။

မိတ်ဖွဲ့ရာတွင် ကောင်းစွာအောင်မြင်လိုလျှင် အသင်သည်လူတို့၏ သဘောကိုကောင်းစွာနားလည်ရပေမည်။ ကိုယ့်ကိုယ်ကိုအရင်နားလည်အောင်ကြိုးစားကာ အခြားသူများကိုလည်းနားလည်ထားရပေမည်။ မိတ်ဆွေနည်းပါးခြင်း၏ အရေးကြီးသောအချက်တစ်ချက်မှာ စိတ်ဓာတ်နုံနဲခြင်းပင်ဖြစ်သည်။

အသင်သည် မိတ်ဆွေတစ်ယောက်နှင့်အိမ်တစ်အိမ်သို့အလည်သွားရာ အိမ်ရှင်သည်အသင့်မိတ်ဆွေအား လှပသောလက်ဆောင်ပစ္စည်းတစ်ခုလက်ဆောင်ပေးလိုက်၏။ သင့်ကိုကား ယခင်ကမသိကျွမ်းသဖြင့် မပေးချေ။ ထိုအခါ သင့်စိတ်ထဲတွင်သဘောမကျခြင်း စိတ်ထွက်ယောင်ယောင် စိတ်ပျက်ယောင်ယောင် ဖြစ်လာခဲ့လျှင် အသင့်တွင် နုံနဲသောစိတ် သဘောထားသေးသောစိတ် ညံ့ဖျင်းသောစိတ် ရှိနေသေးကြောင်းထင်ရှားသည်။ ကလေးနှစ်ယောက် ကစားနေရာတွင် သင်သည်ကလေးတစ်ယောက်ကိုသာ မုန့်ပေးရာ အခြားကလေးမှာ အသင့်အပေါ်တွင် မုချစိတ်ကောက်ပေလိမ့်မည်။ အသင်ခိုင်းစေရာကိုလုပ်တော့မည် မဟုတ်ချေ။ သို့ဖြစ်၍ သင်ကိုယ်တိုင် လက်ဆောင်မရသဖြင့် စိတ်ကောက်သလိုဖြစ်လာလျှင် မုန့်မရသောကလေးစိတ်နှင့်မခြားပေ။ သင့်တွင်နုံနဲ့သောစိတ်ရှိနေခြင်းကို ပြလေသည်။

လူတို့၏သဘောသည် မိမိတို့အလိုရှိသည့်အတိုင်းမရလျှင်၊ ထင်တိုင်းမပေါက်လျှင် စိတ်ကောက်တတ်၏။ စောင်းချိတ်တတ်၏။ မကျေမနပ်ဖြစ်တတ်၏။ သုန်သုန်မှုန်မှုန် ထုံထုံထိုင်းထိုင်း ရှိနေတတ်၏။ တလွဲတချော် တွေးတတ်၏။ ထင်ရာကိုပြောတတ်၏။ ပြုလုပ်တတ်၏။ ဤသည်တို့ကား မိတ်ကောင်းဆွေကောင်းရခြင်းကို တားဆီးနေသော ခလုတ်ကံသင်းများဖြစ်တတ်လေသည်။

by Mg Ogga

Participatory Rural Appraisal (PRA)

2:33 pm in Drama, Essays.., How To.. by Mg Ogga

ဘောဂဗေဒ အထူးပြုတွေ ဖွံဖြိုးရေးပညာ အထူးပြုတွေ အတွက် ရည်ရွယ်ပါတယ် လူမှုလေ့လာ ဆန်းစစ်ချက် နည်းလမ်းလေးတစ်ခုပါ

PRA ဆိုတာ အတိုကောက်ပါ ဖွံဖြိုးရေးလောကထဲက လူတွေကတော့ PRA ဆိုရင်တန်းသိကြသဗျ။ အရှည်ကတော့ Participatory Rural Appraisal မြန်မာလိုပြန်ရင် ကျေးလက်ဒေသပါဝင်ရောယှက်ဆောင်ရွက်  မှုဆိုင်ရာ လေ့လာဆန်းစစ်မှုလို့ တိုက်ရိုက် အဓိပ္ပာယ်ရတယ်။ ဆရာတစ်ယောက်ကတော့ သိမြင်ခံစား လက်တွေ့လှုပ်ရှား နည်းစဉ်လိုပြောဖူးပါတယ်။  PRA နည်းလမ်းကို ၁၉၈၈ခုနစ် ကင်ညာနိုင်ငံမှာ National Environment Resources and Clark University,USA က စတင်အသုံးပြုတယ်လို သိရပါတယ်။

နောက်ပိုင်းမှာ ရပ်ကျေးလူထုရဲ့ ဖွံဖြိုးရန်အလုပ်ကို ရပ်ကျေးလူထုက လူတွေလုပ်မှသာ ရေရှည်ဖွံဖြိုးနိုင်မယ်လို့ အတော်အများယုံကြည်လာကြတယ်။ ၁၉၉၄ခုနှစ်နောက်ပိုင်းမှာ ဖွံဖြိုးမှုနည်းတဲ့နိုင်ငံတွေမှာ PRA Training Workshop များကိုပိုမိုအားပေး ပြုလုပ်လာတာနဲ့ အမျှ PRA ဆိုတဲ့အသုံးအနှုန်းလည်း ဖွံဖြိုးရေးအလုပ် လုပ်တဲ့သူတွေကြားမှာ ရေပန်းစားခဲ့ပါတယ်။

PRAဆိုတာက ဒေသတစ်ခုရဲ့ပြဿနာ လိုအပ်ချက် တွေကိုသိဖို့ ဒေသခံတွေက တတ်ကြွကြွပါဝင် ဆွေးနွေးပြီး ရလာတဲ့ အဖြေတွေကို စီစစ်ဝေဖန်သုံးသပ်သော ပညာရပ်တစ်ခုဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် ရပ်ကျေးလူထုရဲ့ ကိစ္စကို ရပ်ကျေးလူထုကလူတွေ ကိုယ်တိုင်သိ ကိုယ်တိုင်လုပ်ဖို့ပဲ။ ထပ်ပြောရရင် လူထုကို စွမ်းဆောင်ရည်မြင့်ပေးပြီး စွမ်းဆောင်နိုင်ခွင့်ပေးဖို့ပဲ။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်သုံးနေတဲ့ Acer  ကွန်ပြုတာရဲ့ဆောင်ပုဒ်က PRA ရဲ့ အနှစ်သာရပဲ သိတယ်မဟုတ်လား Empowering People လေ။

မြန်မာများအတွက် အင်တာနက်ပေါ်မှ ၂၀၁၀ကမ္ဘာ့ဖလားဘောလုံး ခန့် မှန်းပြိုင်ပွဲ…

12:08 pm in Arts & Humanities, Business & Economics, Classifieds, Personal Ad., Computers & Technology, Creative Writing, Drama, Essays.., Entertainment, Events, Hobbies & Games, How To.., Local Guides, Myanma News, News, Sports & Recreation, Tweets, World News, knowhow by KaUnG sAn tHU !

ကမ္ဘာ့ဖလားကလည်း အရှိန်က ကောင်းလာပြီ
မကန်ခင်က အထင်တွေကြီးထားတဲ့ အသင်းကြီးတွေကလည်းတလွဲတွေဖြစ်
ရလဒ်တွေကတော့တစ်မျိုးပြီးတစ်မျိုးပေါ့
အဲ့ဒီ့ရလဒ်တွေကို ခန့် မှန်းရတဲ့ပြိုင်ပွဲကို myanmarevents ဆိုဒ်မှာ
သွားပြိုင်လို့ ရပါပြီ။ ပြိုင်ပွဲစတာတော့ကြာပေါ့ ကမ္ဘာ့ဖလားစကတည်းက
ဆိုပါတော့။ သူပာာက ကန်တဲ့အသင်းတွေရဲ့ ၇လဒ်တွေကို ကိုယ်က
ခန့် မှန်းရတယ် မှန်ရင်အမှတ်ရမယ်။ ဒီလိုနဲ့ ခန့် မှန်းလာရင်းပွဲတွေပြီးသွားတဲ့ အခါ
အမှတ်အများဆုံးသူတွေကို ဆုပေးမယ်လေ။ ပြိုင်ပွဲပုံစံကတော့ ရှင်းရှင်းလေးပါ
ခက်တာကပြိုင်ပွဲကစနေပြီလေ အုပ်စုပွဲတွေတောင် ပြီးတော့မယ် ကန်နေတာ
ကိုယ်ကအခုမှသွားခန့် မှန်းတော့ ဘယ်လိုလုပ်အမှတ်ကရတော့မှာလဲ။
ကျွှန်တော်လဲစောစောသိရင် စောစောပြောပြပါတယ်။ ကိုယ်ကိုတိုင်ကလည်း
ပိာုတစ်နေ့ ကမှတွေ့ တောလေ။ ဒီတော့ဘယ်လိုလုပ်မလဲ ကဲ။
ဒါပေမယ့်စိတ်မပူပါနဲ့ (ပဲာ ပဲာ)
အခုမှ မိုင်နာဘဲရှိသေးတယ်။ မေဂျာက အုပ်စုပွဲတွေပြီးမှ စပြိုင်ရမှာလေ
တိတိကျကျဆိုရင်တော့ ၂၆.၆.၂၀၁၀ ကနေပြီးတော့ ၁၁.၇.၂၀၁၀ ဗိုလ်လုပွဲပြီးသွားတဲ့ အထိပေါ့။
သူ့ တို့ ပြိုင်ပွဲမှာက ကစားပွဲ(က) နဲ့ (ခ)ဆိုပြီးရှိတယ် ကစားပွဲ(က)ကတော့ အုပ်စုပွဲစဉ်တွေအတွက်
စုစုပေါင်း (၄၈)ပွဲခန့် မှန်းရမယ်။ ဒါပေမဲ့သူပာာ ကမမှီတော့ပါဘူး ပွဲကစပြီးတစ်ဝက်လောက်ရှိပြီလေ
ဝင်ပြိုင်လို့ မရတော့ဘူးရယ်လို့ တော့ မပာုတ်ဖူးနော် ပြိုင်လို့ ရသေးတယ် ပွဲတိုင်းမှန်အောင်ခန့် မှန်းနိုင်ရင်တော့
ဆုရမှာပေါ့။ကျွှန်တော်အဓိကပြောချင်တာကတော့ ကစားပွဲ(ခ) ပါ။ သူက အုပ်စုပွဲစဉ်တွေအပြီး ရှုံးထွက်ကနေ ဗိုလ်လုပွဲ
အထိခန့် မှန်းရမယ်။ နောက်ဆုံးပွဲပြီးသွားရင်တော့ အမှတ် အများဆုံးလူတွေကိုဆုပေးမှာပါ
ဆုတွေကတော့ ပထမဆု – ၃၀၀,၀၀၀
ဒုတိယဆု – ၁၅၀,၀၀၀
တတိယဆု – ၁၀၀,၀၀၀ ပါ။
ပ၊ဒု၊တပြီး နောက်အမှတ်အများဆုံးလူ ၇ ယောက်ကိုလည်းဆုလက်ဆောင်တွေပေးသွားမှာပါ။
ကဲ ပြိုင်ပွဲဝင်ရန်လိုအပ်တဲ့အချက်အလက်တွေနဲ့ အမှတ်ရေတွက်ပုံတွေကိုအောက်မှာရေးပေးထားပါတယ်။

တမ်းတခြင်း….

10:39 am in Arts & Humanities, Buddhism, Classifieds, Personal Ad., Creative Writing, Drama, Essays.., Events, History, How To.., Other - Non Channelized, Poetry, Relationships & Family, Tweets, knowhow by KaUnG sAn tHU !

အဖေ

မျှော်လင့်ခြင်း အားကိုးခြင်းတွေနဲ့  ခေါ်လိုက်တဲ့ ဒီအသံကို အဖေကြားနိုင်ပါ့မလား?
မိသားစုရဲ့ တာဝန်တွေကို မနိုင်ဝန်ထမ်းခဲ့ရပေမဲ့ အဖေ့ငြီးငြူသံဘယ်တုန်းကမှ မကြားခဲ့ရဘူးနော်။
သားသမီးတွေကို ဆုံးမပဲ့ပြင်ခဲ့တာ အမေဆိုရင် ဦးဆောင်လမ်းပြခဲ့တာ အဖေပါ။
ပြဿနာတွေကို ရဲရဲဝင့်ဝင်ရင့်ရင်ဆိုင်ဖြေရှင်းတက်တဲ့ အဖေ့ရဲ့ စိတ်ဓာတ်တွေကို ကျွှန်တော်
လူမှန်းသိတက်စအရွယ်ကတည်းက လေးစားအားကျခဲ့တာပါ။
အမြဲတမ်းအေးအေးချမ်းချမ်း နေတက်ခဲ့တဲ့အဖေပာာ မိသားစုအတွက်ဆိုရင် အမြဲတမ်းမားမား
မတ်မတ်ရပ်တည်ပေးခဲ့တယ်နော်။သားသမီးတွေကိစ္စပာာ အဖေ့ကိစ္စပါလို့ ပြောခဲ့တဲ့အဖေပာာ
ကျွှန်တော့အတွက်တော့ ဘယ်အရာနဲ့မှဖြိုဖျက်လို့ မရတဲ့ တံတိုင်းကြီးတစ်ခု့ ပါ။
အဖေပာာ နေတစ်စင်းလို အလင်းရောင်နဲ့ အနွှေးဓာတ်ကိုပေးနိုင်တဲ့အပြင် လမင်းလိုပဲ အေးချမ်းမှုနဲ့ ငြိမ်းချမ်းမှုတွေကို
မေးနိုင်ခဲ့တဲ့အဖေမျိုးပါ။အဖေပာာ မချမ်းသာပါဘူး။ သူများတွေလိုလဲမထင်ရှားပါဘူး။ ဒါပေမဲ့အဖေ…..အဖေပာာ
ကျွှန်တော့အတွက်တော့ အစားထိုးလို့ မရတဲ့ အဖေတစ်ယောက်ပါ။အဖေပာာ ဘယ်တော့မှကြွေမသွားနိုင်တဲ့ ကြယ်တစ်စင်းလို့ 
ထင်ခဲ့မိတယ်။ ဒါပေမဲ့အဖေ…..အခုတော့ကျွှန်တော် ယုံကြည်အားကိုး အားထားပြုခဲ့ရတဲ့ တံတိုင်းကြီးပြိုကြပြိုကျ ပျက်စီးသွားခဲ့ပြီပေါ့။
အဖေမရှိတော့တဲ့ ကျွှန်တော့ဘ၀ပာာ အိပ်တန်းတက်စရာ အပင်မရှိတော့တဲ့ ငှက်တစ်ကောင်လိုပါပဲ။
ပဲ့ကိုင်ရှင်မရှိတော့တဲ့ ကျွှန်တော့ဘ၀ ဦးတည်ရာမဲ့နေတဲ့ လှေတစ်စင်းလို တ၀ဲဝဲတလည်လည်နဲ့  ပန်းတိုင်ပျောက်နေခဲ့ပါပြီ
အဖေ…..ဘ၀ပေါင်းများစွာ အဖေ့နဲ့ ပဲပြန်လည်ဆုံဆည်းရပါစေလို့  ကျွှန်တော်ဆုတောင်းလိုက်ပါတယ်…………

သားသမီးတိုင်း မိဘတွေကိုတန်ဖိုး ထားတက်ကြပါစေ
အဖေများနေ့ အမှတ်တရ

သိပြီးသော်လည်း သတိမပြုမိသော အရာများ…

4:33 am in Entertainment, How To.., Other - Non Channelized by lu ta lone

http://niceblogger.com/wp-content/uploads/2009/11/did_you_know_620x310.jpg

၁။နှလုံးကြွက်သားဟာ သွေးကို လေထဲကို ၁၅ မီတာအထိညှစ်ထုတ်နိုင်တယ်တဲ့…..

၂။လူ့ ခန္ဓာကိုယ်မှာအသန်မာဆုံးကြွက်သားက လျှာပါတဲ့ဗျား…..

၃။မခုန်နိုင်တဲ့ တိရိစ္ဆာန် က ဆင်ပါတဲ့ဗျား..

၎။လိပ်ပြာတွေက ၀တ်ရည် ကိုခြေထောက်နဲ့စုပ်တာတဲ့နော်

၅။ခြင်မှာလည်းသွားရှိတယ်ဗျ

၆။ပိုလာဝက်ဝံတွေက ဘယ်သန်တွေနော်..ဟင်းဟင်း

၇။မိချောင်းတွေက လျှာထုတ်လို့မရဘူးဗျ

၈။ပိုးဟပ်ကလည်းအသက်ပြင်းတယ်…ခေါင်းပြတ်သွားတာတောင် နောက်ထပ်(၉)
ရက်အသက်ရှင်နိုင်တယ်တဲ့..ခေါင်းပြတ်သွားလို့အစာမစားနိုင်လို့သေရတာတဲ့

၉။လူနဲ့ လင်းပိုင်ပဲ လိင်ကိစ္စကို pleasure အနေနဲ့ ခံစားကြတယ်တဲ့..ဟီးဟီး

၁၀။ ၁၁၁၁၁၁၁၁၁*၁၁၁၁၁၁၁၁၁=၁၂၃၄၅၆၇၈၉၉၈၇၆၅၄၃၂၁

၁၁။မျက်စိမမှိတ်ပဲ နှာချေလို့မရဘူးနော့် (မရယ်နဲ့တကယ်ပြောနေတာ)

၁၂။Star fish တွေမှာဦးနှောက်မပါဘူးဗျ

၁၃။ဘဲတွေရဲ့အသံက echo မပါဘူးနော်..ဘာကြောင့်လဲ

၁၄။Cemetery ဆိုတာ ဂရိဘာသာစကား Koimetirion ကလာတာပါတဲ့ ..ဘာလဲဆိုတော့ 
အိပ်ခန်းတဲ့..

၁၅။ဖဲချပ်မှာပါတဲ့ King တွေဟာ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ဘုရင်တွေကို
ကိုယ်စားပြုပါတယ်တဲ့

Spades:King David
Clubs:Alexander The Great
Hearts:Charlemagne
Diamonds:Julius Cesar

၁၆။ပန်းခြံတွေမှာတွေ့ ရတဲ့ မြင်းစီးစစ်သည်ရုပ်တုတွေရဲ့ မြင်းရဲ့ခြေထောက်
(၁) ဖက်ဟာလေထဲမှာရှိနေရင် အဲဒီစစ်သည်ဟာ စစ်ပွဲမှာ ရတဲ့ဒဏ်ရာကြောင့်
သေတာတဲ့၊ (၂)ဖက် လေထဲမှာ ရှိနေရင်စစ်ပွဲမှာကျတာပါတဲ့၊ (၄) ဖက်လုံး
မြေပေါ်မှာ ရှိနေရင်တော့ ရိုးရိုးသေတာပါတဲ့
(ကဲ…ပန်းခြံတွေရောက်ရင်သေချာကြည့်ဖို့မနေ့ ကြနဲ့နော်)
(ရုပ်တုကိုကြည့်ဖို့ပြောတာနော်)

PDF ကနေ Microsoft Word ဖိုင်ပြောင်းဖို့ ….

3:35 am in Computers & Technology, How To.., Software by lu ta lone

PDF ကနေ Microsoft Word ဖိုင်ပြောင်းဖို့ ….

ကျနော် အရင်က pdf ဖိုင်တွေကို ပြန်ပြင်ရင် ဘယ်လိုပြင်ရမှန်းမသိဘူးဗျာ
အင်တာနက်ထဲ လိုက်ရှာတော့လည်း တွေ့ပါတယ် ဟိုလိုလို ဒီလိုလိုနဲ့
စိတ်ပျက်ပြီး မရဘူး လုပ်နေတာ
ဖြစ်ချင်တော့ တစ်နေ့က ဖိုင်တစ်ဖိုင်က ပရင့်ထုတ်မရဘူးဗျာ ဘာဖြစ်တယ်မသိဘူး အဲ့ဒါ
လုပ်နေကြပဲ Google ကိုပဲ အားကိုးရတာပေါ့ . ရှာလိုက်တော့ ဘာမှ ဒေါင်းစရာ မလိုဘူးဗျာ
ဝက်ဆိုဒ်ကနေ ပြောင်းပေးသွားတာ ဒါပေမဲ့ သူကတော့ အီးမေးလ် အကောင့်ကို ထည့်ပေး၇တယ်

သူပြောင်းပြီးသားဖိုင် ပြန်ပို့ပေးဖို့ပေါ့ . အဲ့ဒီနေရာကိုသွားချင်ရင်တော့ www.pdftoword.com
ဆိုပြီးအလွယ်တကူ ရိုက်လိုက်ပေါ့ဗျာ ဒါဆိုရင် အဆင်ပြေပါတယ်
ပြောင်းချင်တဲ့ဖိုင်ကို Browse ကနေ လှမ်းဆွဲယူ ပြီးရင် နောက်အကွက်ထဲမှာ
ကိုယ့် အီးမေးလ်ကိုထည့်ပေးလိုက် ပြီးရင်တော့ convert ကိုနှိပ်ပေးလိုက်
အဆင်ပြေပါလိမ့်မယ် …

Letter to The Editor

9:19 am in Community & Society, Critic, How To.., Letter to The Editor, Myanma News, knowhow by yannaingech

အက်ဒ်မင်ခင်ဗျာ…

Mandalaygazette ရဲ့ နောက်ခံစိတ်ကူးကို သဘောကျပါတယ်။ အမှတ်ပေးစနစ်ဟာ လူတွေကို တကယ် motivate လုပ်နိုင်ပါတယ်။ ပြီးတော့ အက်ဒ်မင်အဖွဲ့မှ ဘာသတင်းမှလိုက်စရာမလို၊ ဘာဆောင်းပါးမှရေးစရာမလို(ယေဘုယျအားဖြင့်)၊ ဘာတီးဖြတ်မှုမှ လုပ်စရာမလိုဘဲ သတင်းများ၊ ဆောင်းပါးများ၊ သုတ၊ရသစာများမှာ အရှိန်အဟုန်ပြင်းပြင်းနှင့် စီးဝင်နေသည်မှာ ရင်သပ်ရှုမောဖွယ်ပါ။

မြန်မာပြည်ထဲမှာနေပြီး အင်တာနက်သုံးနေရတဲ့သူတစ်ယောက်အနေနဲ့ စဉ်းစားမိတာ(လက်တွေ့ကြုံနေရတာ) လေးတစ်ခုကို ပြောပြလိုပါတယ်။ အဲဒါက မြန်မာနိုင်ငံက Internet connection speed ရဲ့ အခြေအနေလေးဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ Internet connection speed က ဘယ်လိုင်းအမျိုးအစားကို သုံးတာပဲဖြစ်ဖြစ် သူတို့ပြောပြီးရောင်းထားတဲ့ (ကျွန်တော်တို့ပိုက်ဆံပေးနေရတဲ့) speed ရဲ့ ၁၀%ပတ်ဝန်းကျင်သာရပါတယ်။ 256k လိုင်းဆိုရင် 25-30 k ပဲရပြီး 512k ဆိုရင် 50-60k ပဲရပါတယ်။ အဲဒါကစက်တစ်လုံးတည်းပဲချိတ်ပြီးသုံးရင် ရတဲ့ speed ကို ပြောတာပါခင်ဗျာ။ ကျွန်တော်တို့ဆီက ဆိုင်တွေက 512k တစ်လိုင်းကို စက် အလုံး 20 ကနေ 40လောက်အထိချိတ်ပြီး သုံးတာပါ။ အဲဒီတော့ တစ်လုံးချင်းစီရဲ့ တစ်ကယ့် speed ဆိုတာက ပြောရင်ယုံနိုင်စရာမရှိပါခင်ဗျာ။

Mandalaygazette နဲ့ပတ်သက်ပြီး ပြောလိုတာက page တွေမှာရှိတဲ့ လျှော့လို့ရနိုင်တဲ့အစိတ်အပိုင်းလေးတွေကို လျှော့ပေးစေချင်တာပါ။ ဥပမာ- ယခု ကျွန်တော်စာရိုက်နေတဲ့ page ကို loading လုပ်နေတဲ့အချိန်မှာ တွေ့နေရတာက item 90 ကျော်ကျော်လောက်လို့ တွေ့ရပါတယ်။ ဒီ page မှာ စုံစီနဖာ၊ ဟိုtab ဒီ tab တွေ အများကြီးပါ။ 100k-200k သို့မဟုတ် 1Mbလောက် လိုင်းတွေနဲ့ သုံးနေတဲ့သူတွေအတွက် က ဘာမှပြဿနာမရှိပေမယ့် ကျွန်တော်တို့နိုင်ငံမှာတော့ page တစ်ခုပွင့်ပါမယ့်အရေး တမေ့တမောစောင့်ရပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံက သနားစရာအင်တာနက်မျက်နှာမွဲလေးတွေအတွက် ရည်ရွယ်ပြီး ဖြစ်နိုင်မယ်ဆိုရင် ဒီ site ကို ဒီထက်ပိုပြီး ပေါ့ပေါ့ပါးပါးလေးဖြစ်အောင် လုပ်ပေးလို့ရမယ်ဆိုရင် လုပ်ပေးစေချင်ပါတယ်ခင်ဗျာ။