You are browsing the archive for Parenting & Pregnancy.

သန္ဓေ​ တားဆေးများက​ ​အ​မျိုး​သ​မီး​များ​​ အား​ ဉာဏ်ရည်​ ထက်မြက်​စေ​နိုင်…

5:16 am in Parenting & Pregnancy by lu ta lone

သန္ဓေ တားဆေးများသည် အမျိုးသမီးများအား ဉာဏ်ရည်​ ထက်မြက်အောင် လှုံ့ဆော်ပေး နိုင်သည့် အာနိသင် ရှိကြောင်း  သုတေသီများက ပြောကြား လိုက်သည်။
သန္ဓေ တားဆေးများကြောင့် ဦးခွံ အတွင်းရှိ ဦးနှောက် အစိတ်အပိုင်း တစ်ခု ဖြစ်သော Grey Matter​ များ ကြီးလာ လေ့ရှိပြီး အမျိုးသမီးများအား တွေးခေါ် မြော်မြင်မှု စွမ်းရည် မြင့်မား စေနိုင်ကြောင်း ဗြိတိန် အမျိုးသမီး ၃.၅ သန်းကျော်ကို လေ့လာခဲ့သည့် စစ်တမ်း အရ ဖော်ထုတ် နိုင်ခဲ့သည်။ ဦးနှောက်အား စွမ်းအင်မြင့် ပုံကြီးချဲ့ ကိရိယာများဖြင့် စောင့်ကြည့်ခဲ့ရာ သန္ဓေတားဆေး သုံးစွဲပြီးကာစ အခြေအနေတွင် အမျိုးသမီးများ၏ ဟိုမုန်း အပြောင်းအလဲ အခြေအနေကြောင့် Grey Matter ကို ၃ ရာခိုင်နှုန်းမျှ ကြီးထွား လာစေသည်ကို မြင်တွေ့ရကြောင်း ဆဲလဘက် တက္ကသိုလ်မှ ဒေါက်တာ ဘလင်ဒါပက်ဇာက ရှင်းပြခဲ့သည်။ အဆိုပါ အခြေအနေသည် အမျိုးသမီးများအား ပေါင်းသင်း ဆက်ဆံရေး ကဏ္ဍတွင် သွက်လက် ထူးချွန်စေသလို ဉာဏ်ရည် ဉာဏ်သွေးလည်း ထက်မြက် ကောင်းမွန်နေစေကြောင်း ဒေါက်တာပက်ဇာက ပြောကြားသွားသည်။

Oestrogen သို့မဟုတ် Progesterone အမည်ရှိ သန္ဓေမရရန် ဟန့်တားသော ဓာတ်ပစ္စည်းများသည် အာရုံကြောများကိုလည်း သက်ရောက်လှုံ့ဆော်လေ့ရှိပြီး ယင်းက ဉာဏ်ရည်ထက်မြက်မှုကို ဖော်ဆောင်ပေးကြောင်း ဒေါက်တာပက်ဇာက ရှင်းလင်းပြောဆိုခဲ့သည်။

နီကိုတင်းဓာတ်ပါသော ပီကေကြောင့် ခံတွင်းကင်ဆာဖြစ်နိုင်။

5:05 am in Health & Fitness, Parenting & Pregnancy by manawphyulay

ဆေးလိပ်ဖြတ်ရာတွင် အစားထိုး အသုံးပြုနေကြတဲ့ နီကိုတင်းဓာတ်ပါတဲ့ ပီကေ (Chewing gums ) နှင့် ငုံဆေးပြား (Lozenges) များစားသုံးခြင်းကြောင့် ခံတွင်းနှင့် လည်ချောင်း ကင်ဆာဖြစ်ပွားစေကြောင်း လန်ဒန်ကွင်း မေရီ တက္ကသိုလ်ရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်သုတေသနဌာန ပညာရှင်များက လေ့လာစမ်းသပ်တွေ့ ရှိခဲ့ရကြောင်း အင်တာနက်သတင်းများမှာ ဖော်ပြထားပါတယ်။
ဆေးလိပ်သောက်သူတွေဟာ စီးကရက်ထဲမှာပါတဲ့ ဆေးရွက်ကြီးများရဲ့ ဆိုးကျိုးအန္တရာယ်အဖြစ် ကင်ဆာ ရောဂါအမျိုးမျိုးနဲ့ နှလုံးရောဂါများ ဖြစ်ပွားစေနိုင်ပါတယ်။ ဆေးလိပ်ဖြတ်သူများဟာ ဆေးလိပ်အစားထိုး ပီကေနဲ့ ငုံဆေးများကို ရေရှည်သုံးစွဲခြင်းဖြင့် ခံတွင်းနဲ့လည်ချောင်း ကင်ဆာများဖြစ်စေကြောင်းကို လူနာ (၂၅) ဦး အား သုတေသနပြုလေ့လာတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ဆေးလိပ်အစားပီကေငုံဆေးပြားများ သုံးခြင်းဖြင့် ခံတွင်းမှာထိခိုက်ပွန်းပဲ့အနာ(Oral Lesion) ဖြစ်ပေါ်စေပြီး၊ ခံတွင်း ကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်ပိုရှိနိုင်ကြောင်း သုတေသီတို့က သတိပေးဖော်ပြခဲ့ပါတယ်။
အေးအေးမြ

Measles ဝက်သက်ရောဂါ

7:19 am in Health & Fitness, Parenting & Pregnancy by khunmyomyat

Measles ဝက်သက်ရောဂါကို Rubeola ကို ဂျာမန်ဝက်သက်ဟု ခေါ်သည်။ Morbillivirus ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည်။ ပိုးပါသည့် အရေများ လူနာ၏ နှာခေါင်း-ပါးစပ်မှ အခြားလူ၏ အသက်ရှူလမ်းမှ ဝင်ခြင်းဖြင့် ကူးစက်သည်။ ပိုးဝင်ပြီး ၄-၁၂ ရက်အကြာ ရောဂါပေါ်သည်။ လက္ခဏာများ စပေါ်သည့်ရက်မှ အနီရောင်များပေါ်ပြီး ၃-၅ ရက်အကြာထိ သူများကို ကူးစက်စေနိုင်သည်။

Symptoms လက္ခဏာများ

အဖျား၊ ချောင်းဆိုး၊ နှာရည်ယို၊ မျက်စိနာ၊ ပါးစပ်ထဲ၌ များမြင်ရ၊ အနီရောင်အစက်များ အရေပြားပေါ်ထွက်၊ ဦးခေါင်းပိုင်းကစထွက်၊ ယားတတ်သည်။ နီရာမှ ညိုသွားမည်။

ကုသရန်

ပိုးသေမည့်ဆေး မရှိ။ လက္ခဏာများကိုသာ ကုပါ။
pneumonia နူမိုးနီးယား၊ diarrhea ဝမ်းပျက်၊ encephalitis ဦးနှောက်ရောင်၊ corneal ulceration leading to corneal scarring မျက်ကြည်လွှာရောင်ပြီး မျက်ကြည်လွှာ အနာဖြစ်ခြင်း တို့ဖြစ်လာလျှင် ကုပါ။

ကာကွယ်ရန်

ဖြစ်နေသောက်လေးအား သည်းခြားထားပါ၊ အခြားကလေးများကို ကူးစက်စေမည်။
MMR vaccine (measles, mumps, and rubella) ကို (၁၈) လ အထက်ကလေးများ ထိုးပေးပါ။ ၄-၅ နှစ်အရွယ် ထပ်ထိုးပါ။

from..
Medical writings ဆေးပညာစာများ

လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို ဖြစ်စေသော ဆေးဝါး

5:01 am in Health & Fitness, Parenting & Pregnancy by manawphyulay

ဒီပို့စ်လေးကို ကိုကျော်သက်လတ်ရဲ့ဘလော့ဂ်မှာတွေ့တာ အတော်ကြာပါပြီ။ အဲဒီတုန်းက ပြန်တင်ခွင့်ပြုဖို့ ခွင့်တောင်းခဲ့ပေမယ့် မတင်ဖြစ်ခဲ့ပါဘူး။ အခုမှပဲ တင်ဖြစ်တော့တယ်။ အခုပြောချင်တဲ့ဆေးတွေကတော့ မြန်မာအခေါ်အဝေါ်နဲ့ဆိုရင် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများစာရင်းမှာ ထည့်ရမယ် ထင်ပါတယ်။ အခုပြောမယ့်ဆေးတွေကို တစ်ခါတစ်ရံမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို အထောက်အကူပြုဖို့ အသုံးပြုကြပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တယ်ဆိုရာတွင် ကာယကံရှင်၏ သဘောဆန္ဒမပါသော လိင်မှုဆိုင်ရာ အပြုအမူတိုင်းကိုဆိုလိုပါသည်။ ဤနေရာတွင် မလျှော်ရာ ကိုင်တွယ်ခြင်းမှအစ (မရိုသေစကား) အမျိုးသမီးအင်္ဂါတွင်း တစ်စုံတစ်ရာဖြင့် ထိုးသွင်းခြင်းအဆုံး၊ လိင်ဆက်ဆံခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် မုဒိမ်းကျင့်ရန် ကြံစည်ခြင်းတို့ပါ ပါဝင်ပါသည်။ ယခုပြောမည့် ဆေးဝါးများ၏ အာနိသင်ကြောင့် ဆေးခတ်ခံရသူဟာ ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်မှု မရှိတော့ဘဲ လိင်ဆက်ဆံမှုအား ငြင်းပယ်နိုင်စွမ်း ပျောက်ဆုံးကာ မည်သို့ ဖြစ်ပျက်ခဲ့သည် ဆိုသည်ကိုပင် မှတ်မိနိုင်စွမ်း မရှိတော့ပေ။ ယင်းဆေးဝါးများသည် ယေဘုယျအားဖြင့် အရောင်မရှိ၊ အနံ့မရှိဘဲ အရသာလည်း မရှိသဖြင့် တစ်ဖက်သား မရိပ်မိစေဘဲ အချိုရည်အတွင်းသို့ ထည့်ခတ်နိုင်ပေသည်။ Date rape drug အမျိုးအစား အနည်းဆုံး သုံးမျိုး ရှိပါသည်။ ယင်းတို့မှာ – GHB (Gamma Hydroxybutyric Acid) Rohypnol (Flunitrazepam) Ketamine (Ketamine Hydrochloride) တို့ ဖြစ်ကြပါသည်။ Date rape (ချိန်းတွေ့ကျင့်ကြံခြင်းလို့ ဘာသာပြန်ရင် ရမယ်ထင်ပါ့) ဟု အသုံးများသော်လည်း ပညာရှင်အများစုကတော့ ဆေးဝါး အသုံးပြု၍ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်း (drug-facilitated sexual assault) ဟူသော အသုံးအနှုန်းကို ပိုမိုနှစ်သက်ကြသည်။ ယင်းဆေးဝါးများအား ဓါးပြမှုနှင့် ရုပ်ပိုင်းအရ တိုက်ခိုက်ခြင်းများကဲ့သို့သော အခြားရာဇ၀တ်မှုများတွင်လည်း အသုံးပြုနိုင်ပြီး ကျားမ မရွေး ဆေးအာနိသင် ပြနိုင်ပေသည်။ ဆေး၏ ပုံသဏ္ဍာန် GHB သည် အရောင်အဆင်းနှင့် အနံ့မရှိသော အရည်၊ အဖြူရောင်အမှုန့်နှင့် ဆေးပြားဟူ၍ ပုံစံအမျိုးမျိုး ရှိသည်။ Rohypnol သည် ဆေးပြားပုံစံဖြစ်ပြီး အရည်များတွင် ပျော်ဝင်နိုင်သည်။ ဆေးပုံစံအသစ်သည် အရည်များတွင် ပျော်ဝင်သည့်အခါ အပြာရောင်သန်းသွားသော်လည်း အရောင်မရှိသည့် ဆေးပုံစံဟောင်းအားလည်း ရရှိနိုင်ပေသေးသည်။ Ketamine မှာမူ အဖြူရောင်အမှုန့်ဖြစ်သည်။ ခန္ဓာကိုယ်အား အကျိုးသက်ရောက်ပုံ ဆေးသည် လျှင်မြန်စွာ အာနိသင်ပြနိုင်သည်။ ဆေးအာနိသင်မပျယ်ခင် ခံသည့်အချိန်မှာမူ ကွဲပြားသည်။ ယင်းသည် ဆေးမည်မျှ အသုံးပြုသည်ဆိုသည့်အချက်နှင့် အရက်ကဲ့သို့သော အခြားပစ္စည်းများနှင့် ရောစပ်ထားသည့်အပေါ်တွင် မူတည်သည်။ အရက်သည် ထိုဆေးများ၏ အာနိသင်ကို ပိုမိုဆိုးဝါးစေပြီး ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင်ပါသည်။ ထို့ပြင် GHB ကို အိမ်တွင်ပင် အလွယ်တကူ ပြုလုပ်နိုင်ပေသည်။ GHB ၏ အာနိသင်များ အာရုံစူးစိုက်နိုင်မှု လျှော့ကျခြင်း အိပ်ချင်မူးတူးဖြစ်ခြင်း မူးဝေခြင်း မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း အမြင်ေ၀၀ါးလာခြင်း သတိလစ်ခြင်း လေဖြတ်သကဲ့သို့ဖြစ်ခြင်း ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း အသက်ရှူရန် ခက်ခဲခြင်း တုန်တုန်ယင်ယင်ဖြစ်ခြင်း ချွေးထွက်ခြင်း အော့အန်ခြင်း နှလုံးခုန်နှုန်း နှေးကွေးခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း သတိမေ့မြောခြင်း (ဦးနှောက်အလုပ် ရပ်ဆိုင်းခြင်း – coma) သေဆုံးခြင်း Rohypnol ၏ အာနိသင်များ ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း သွေးပေါင်ချိန်ကျခြင်း အိပ်ချင်လာခြင်း ကြွက်သားများ အားလျှော့လာခြင်း သို့မဟုတ် ကြွက်သားများအား ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း အရက်မူးသကဲ့သို့ဖြစ်ခြင်း မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း စကားမပြောနိုင်တော့ခြင်း လှုပ်ရှားရန် ခက်ခဲလာခြင်း အသိစိတ် ပျောက်ဆုံးခြင်း ဇဝေဇ၀ါဖြစ်ခြင်း အမြင်ေ၀၀ါးလာခြင်း မူးဝေခြင်း အစာအိမ် မအီမသာဖြစ်ခြင်း Ketamine ၏ အာနိသင်များ စိတ်အာရုံချောက်ခြားခြင်း အချိန်နှင့် အမှတ်အသားများအား မှတ်သားနိုင်စွမ်း ပျောက်ဆုံးခြင်း အမြင်နှင့် အကြားအာရုံများ မမှန်မကန် ဖြစ်လာခြင်း မိမိကိုယ်ကို မထိန်းသိမ်းနိုင်ဟု ခံစားလာရခြင်း လှုပ်ရှားနိုင်စွမ်းအား ထိခိုက်လာခြင်း အသက်ရှူရန် ခက်ခဲလာခြင်း အူတက်အောင်ရယ်ခြင်း အော့အန်ခြင်း ခန္ဓာကိုယ် ထိတွေ့ခံစားနိုင်စွမ်း မရှိတော့ခြင်း မှတ်ဉာဏ်ထိခိုက်ခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း ထုံထိုင်းခြင်း လှုပ်ရှားမှုအား ဟန်ချက်ညီအောင် ထိန်းနိုင်စွမ်း ပျောက်ဆုံးခြင်း အမူအရာ ကြမ်းတမ်းလာခြင်း စကားသံ ဗလုံးဗထွေးဖြစ်ခြင်း ဒီဆေးတွေ တရားဝင်သလား? ဟုတ်ကဲ့။ တစ်ချို့ဆေးတွေက တရားဝင်ပါတယ်။ ဒါပေမယ့် သင့်ကို မထိခိုက်ဟု မဆိုလိုပါ။ တရားဝင်ဆေးဝါးဖြစ်သော်လည်း ကျန်းမာရေးဝန်ဆောင်မှုပေးသူများ (ဆရာဝန်ကဲ့သို့သော ပုဂ္ဂိုလ်များ) ၏ ညွှန်ကြားချက်မပါဘဲ အသုံးမပြုသင့်ပါ။ Rohypnol သည် တရားဝင်ဆေးဝါး မဟုတ်ပါ။ သို့သော် ဥရောပနှင့် မက္ကစီကိုတို့တွင် အိပ်မပျော်သည့်ရောဂါများအတွက် သောက်ရန် ညွှန်လေ့ရှိပြီး ခွဲစိတ်ရာတွင် မေ့ဆေးအဖြစ်လည်း တရားဝင် အသုံးပြုတတ်ကြသည်။ Ketamine ကို အမေရိကတွင် လူများနှင့် တိရိစ္ဆာန်များအတွက် မေ့ဆေးတစ်မျိုးအဖြစ် တရားဝင်သုံးစွဲကြသည်။ တိရစ္ဆာန်များတွင် အများဆုံး အသုံးပြုကြသည်။ တိရိစ္ဆာန်ဆေးခန်းများရှိ Ketamine ဆေးများအား မကြာခဏ လုယက်ခံကြရကြောင်း သိရသည်။ GHB အား narcolepsy ဟုခေါ်သည့် အိပ်မပျော်သည့်ရောဂါအား ကုသရန်အတွက် အမေရိကတွင် မကြာသေးမီက တရားဝင်ဆေးဝါးအဖြစ် သတ်မှတ်ခဲ့သည်။ ဆေးခတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ? ကိုယ်နှင့်မသိသူများမှ တိုက်ကျွေးသည့် ဖျော်ရည်၊ သောက်ရေ စသည့်အရည်များအား မသောက်ပါနှင့်။ အအေးသံဗူးများအား ကိုယ်တိုင်ဖွင့်၍ သောက်ပါ။ ကိုယ်ပိုင် သောက်ရည်နှင့် အအေးဗူးများအား ကိုယ်နှင့်မကွာထား၍ အိမ်သာသွားလျှင်ပင် ယူသွားပါ။ အအေးနှင့် ရေအား အခြားသူနှင့် မျှဝေမသောက်ပါနှင့်။ Punch ဖျော်ရည်များနှင့် ယင်းကဲ့သို့သော လူအများ စုပေါင်းသောက်သုံးသည့် ခွက်များ၊ ပုလင်းများအတွင်းမှ အရည်များအား မသောက်ပါနှင့်။ (မိန်းကလေးတွေ သင်္ကြန်လိုအချိန်မျိုး သတိထားကြဗျို့။ အဲဒီဟာတွေထဲမှာ ဆေးခတ်ထားနိုင်ပါတယ်။) ထူးခြားသော အနံ့နှင့် အရသာရှိသော မည်သည့်အရည်ကိုမျှ မသောက်ပါနှင့်။ များသောအားဖြင့် GHB တွင် ငန်သောအရသာ ရှိပါသည်။ အကယ်၍ ဆေးခတ်ခံရသည် သို့မဟုတ် မုဒိမ်းကျင့်ခံရသည်ဟုထင်ပါက ရဲစခန်း သို့မဟုတ် ဆေးရုံသို့ တိုက်ရိုက်သွားပါ။ ဖြစ်နိုင်သမျှ ချက်ခြင်း ဆီးစစ်ဆေးမှု ခံယူပါ။ ဆေးအာနိသင်သည် အလွန်လျှင်မြန်စွာ ပျယ်သွားနိုင်ပါသည်။ Rohypnol သည် ခန္ဓာကိုယ်အတွင်းတွင် နာရီပေါင်းများစွာ နေနိုင်ပြီး ဆေးသောက်သုံးပြီး ၇၂ နာရီအတွင်းတွင် ဆီးအတွင်း စစ်ဆေးတွေ့ရှိနိုင်ပါသည်။ GHB မှာမူ ၁၂ နာရီအထိသာ ခန္ဓာကိုယ်အတွင်း နေနိုင်ပါသည်။ တစ်စုံတစ်ရာ အကူအညီမရမချင်း ဆီးမသွားပစ်ပါနှင့်။ ရေလောင်းဆေးခြင်း၊ ရေချိုးခြင်း သို့မဟုတ် အ၀တ်အစားလဲခြင်း မပြုလုပ်ပါနှင့်။ ယင်းအရာများသည် မုဒိမ်းကျင့်ခံရသည်ဆိုသည့် သက်သေများ ဖြစ်ပါသည်။ အရေးပေါ်ဖုန်းနံပါတ် သို့မဟုတ် ရဲဌာနသို့ ဖုန်းခေါ်ပါ။ ရှက်ခြင်း၊ အပြစ်ရှိသလို ခံစားရခြင်း၊ ကြောက်လန့်ခြင်းနှင့် တုန်လှုပ်ခြင်းတို့သည် ပုံမှန်ဖြစ်တတ်သော အရာများ ဖြစ်ပါသည်။ ကျွမ်းကျင်သည့် ပညာရှင်များ၏ အကြံဉာဏ်ရရှိရန် အရေးကြီးပါသည်။ အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲများသို့သွားလျှင် တစ်ဦးတည်း မသွားပါနှင့်။ သူငယ်ချင်းများ စုပေါင်းသွားခြင်းဖြင့် တစ်ဦးကို တစ်ဦး အပြန်အလှန် ကူညီနိုင်ပါသည်။ သင့်စိတ်တွင် ပုံမှန်မဟုတ်ဟု ခံစားရသော အဖြစ်အပျက်များနှင့် ခပ်ဝေးဝေးတွင်သာ နေပါ။ သင် အပြည့်အ၀ ယုံကြည်နိုင်ခြင်းမရှိသူထံမှ မည်သည့်တိုက်ကျွေးမှုကိုမျှ လက်မခံပါနှင့်။ သင်သောက်နေသောခွက်အား စိတ်ချရသော စောင့်ကြည့်ပေးမည့်သူမရှိဘဲ အိမ်သာသွားလျှင်ပင် ချန်မထားခဲ့ပါနှင့်။ အထက်ပါ ဆေးများအား အရက်အပြင် အချိုရည်များ၊ လက်ဘက်ရည်၊ ကော်ဖီနှင့် ချောကလက်ဖျော်ရည်အပူ စသည်တို့တွင် ထည့်ခတ်နိုင်ပါသည်။ သင့်အား ခုခံနိုင်စွမ်းမရှိအောင် ပြုလုပ်နိုင်သည့် ဆေးဝါးများစွာရှိပြီး အများစုသည် သောက်သုံးသည့် အရည်များအတွင်း အလွယ်တကူ မသိရှိနိုင်ပါ။ ပုလင်းအတွင်းမှ အရည်ကို သောက်သုံးပြီး ပုလင်းအ၀အား သင့်လက်မဖြင့် ပိတ်ထားခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။ ထိုပုလင်းအား စောင့်ကြည့်ပေးမည့်သူမရှိဘဲ ထားခဲ့လျှင် ယင်းပုလင်းအတွင်း မည်သူက မည်သည့်အရာများ ထည့်လိုက်သည်ဟု သိရှိနိုင်စွမ်း မရှိတော့ပေ။ အကယ်၍ ထိုသို့ထားခဲ့မိ၍ ပြန်လာသည့်အခါ သင်၏ ပုလင်း သို့မဟုတ် ခွက်သည် နေရာ ရွေ့နေခြင်း၊ ပုံစံပြောင်းနေခြင်း၊ ပြည့်အောင် ထပ်ဖြည့်ထားသည်ဟု ထင်ရခြင်း သို့မဟုတ် အရသာ ထူးခြားနေခြင်းတို့ တွေ့ရှိရပါက ဆက်လက်သောက်သုံးခြင်း မပြုပါနှင့်။ အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲတွင် ယခုမှ တွေ့ဖူးသူနှင့် အတူပြန်ရမည်ဆိုပါက အထူးစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ တစ်ခွက်၊ နှစ်ခွက်မျှနှင့် မူးလာသည်ဟု ခံစားလာရပါက ယုံကြည်ရသော မိတ်ဆွေ၊ ကလပ်မှ လုံခြုံရေးဝန်ထမ်း သို့မဟုတ် အရက်ဆိုင် အုပ်ချုပ်သူများထံမှ အကူအညီ ရယူပါ။ လုံခြုံစိတ်ချရသည့်နေရာသို့ ဖြစ်နိုင်သမျှ မြန်မြန် ရောက်ရှိရန် အရေးကြီးပါသည်။ သင်အကူအညီတောင်းမည့်သူသည် မည်မျှကြာအောင်ပင် သိရှိနေခဲ့သူ ဖြစ်စေကာမူ လုံးဝယုံကြည်ရသူ ဟုတ်မဟုတ် သေချာစွာ ဆင်ခြင်သုံးသပ်ပါ။ ကျားမ မရွေး ဆေးခတ်ခံရနိုင်ပါသည် အထက်တွင် ဖော်ပြခဲ့သည်များမှာ ဆေးဝါး အသုံးပြု၍ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်းအန္တရာယ်အား လျှော့ချရန် နည်းလမ်းများ ဖြစ်ပါသည်။ သင်အပြင်သွားသည့်အခါတိုင်း အထက်ပါ အချက်အလက်များအား မှတ်မိနိုင်လိမ့်မည်ဟု မမျှော်လင့်ပါနှင့်။ ထို့ကြောင့် မည်သည့်အချိန်တွင်မဆို အထူးဂရုပြုသင့်ပါကြောင်း။ ။

လေပြွန်ရောင်ခြင်း (Bronchitis)

9:48 am in Health & Fitness, Parenting & Pregnancy by manawphyulay

လေပြွန် ရောင်ခြင်း ဆိုသည်မှာ အဆုတ် အတွင်း လေဖြတ် သန်းရာ လမ်းကြောင်း တစ်လျှောက် ရှိ အချွဲမြှေး လွှာ (mucous membrane) ရောင်ရမ်း ခြင်း ကို ခေါ် ပါတယ်.. လေပြွန် ပတ်လည် ရှိ အချွဲ မြှေး ရောင်ရမ်း ခြင်းနဲ့ အတူ ချွဲသလိပ် များပြား လာခြင်း ကြောင့် လေပြွန် ကျဉ်းမြောင်း လာ၍ ချောင်းဆိုး သလိပ် ထွက်ဖြစ် လာပြီး မောလာ တတ် ပါတယ်.. လေပြွန် ရောင်ခြင်း ကို
1.    လတ်တလော လေပြွန် ရောင်ခြင်း (acute bronchitis) နဲ့
2.    နာတာရှည် လေပြွန် ရောင်ခြင်း (chronic bronchitis) ဟု ခေါ်ဝေါ် သတ်မှတ်ထားပါတယ်..
လတ်တလော လေပြွန် ရောင်ခြင်း ဆိုသည်မှာ အချိန် ကာလ ၆ ပတ် ထက် လျော့နည်း ပြီး လေပြွန် ရောင်ခြင်းကို ခေါ်ပြီး အသက် ရှူ လမ်းကြောင်း ပိုးဝင် မှုကြောင့် ဖြစ်ပေါ် ပါတယ်.. ၉၀ % ခန့် က ဗိုင်းရပ်စ် ပိုးဝင် မှုကြောင့် ဖြစ်ရပြီး ကျန် ၁၀% ကသာ ဘက်တီး ရီးယား ပိုးကြောင့် ဖြစ်ပါတယ်.. လက္ခဏာ များကတော့ ချွဲသလိပ် ထွက်၍ ချောင်းဆိုး ခြင်း၊ နုံးခွေ အားလျော့ လာခြင်း တို့ ဖြစ်ပေါ် တတ်ပြီး အချို့ မှာ ဖျားလာ ခြင်း နဲ့ အသက် ရှူရာ တွင် ရင်ကျပ် ပြီး ၀ီစီ သံ မြည်ခြင်း တို့ ဖြစ်ပေါ် တတ်ပါတယ်.. ပန်းနာ ရင်ကျပ် ရောဂါ ဖြစ်ပွား သူများ တွင်လည်း လေပြွန် ရောင်ခြင်း ဖြစ်ပေါ် တတ်ပြီး ပန်းနာ ကြောင့် လေပြွန် ရောင်ခြင်း (Asthmatic Bronchitis) လို့ ခေါ်ပါတယ်.. လတ်တလော လေပြွန် ရောင်ခြင်း ဖြစ်ပေါ် ပါက
•    အိမ်တွင် လုံလောက် စွာ အနားယူပါ..
•    အရည် များများ သောက်ပေးပါ..
•    ဆေးလိပ် လုံးဝ မသောက် ပါနဲ့..
•    ဖျားနာ ကိုက်ခဲ ခြင်းရှိ ပါက ပါရာ စီတမော သောက်နိုင် ပါတယ်..
•    ချွဲပျော် ဆေးများ ကို ဆရာဝန် ညွှန်ကြား သည့်အတိုင်း သောက်သုံး ပါ..
•    ချွဲမထွက် လျှင် (သို့) ချွဲနည်း သွားလျှင် ချောင်းဆိုး ပျောက်ဆေး (Cough Suppressant) သောက်နိုင် ပါတယ်..
•    များသော အားဖြင့် ဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်သဖြင့် ပဋိဇီဝ ဆေး (Antibiotic) များ မလို အပ်ပါ.. ဘက်တီး ရီးယား ကြောင့် ဖြစ်ပါက သင့်တော် သော ပဋိဇီဝ ဆေးလို အပ် ပါတယ်..
ပုံမှန် ကျန်းမာ သောသူ များမှာ လတ်တလော လေပြွန် ရောင်ပြီး နောက် ပုံမှန် လေပြွန် အခြေ အနေ သို့ ပြန်ရောက် နိုင်ပါတယ်..
နာတာ ရှည် လေပြွန် ရောင်ခြင်း ဆိုသည် မှာ ချောင်းဆိုး ခြင်းဟာ တစ်နှစ် မှာ ၂ လ မှ ၃ လ ဆက်တိုက် ဆိုးပြီး အနည်း ဆုံး နှစ်နှစ် ထိ ဖြစ်ပွား ခြင်းကို ခေါ်ဆို ပါတယ်.. ဆေးလိပ် သောက်ခြင်း ဟာ နာတာ ရှည် လေပြွန် ရောင်ခြင်း ရဲ့ အဓိက အကြောင်း တစ်ရပ် ဖြစ်ပါတယ်.. နာတာ ရှည် လေပြွန် ရောင်ခြင်းဟာ အကြောင်း အမျိုးမျိုး ပေါ် မူတည် ပြီး ဖြစ်ပွား တတ်ပါတယ်.. ပိုးဝင် လေပြွန် ရောင်ခြင်း မကြာ ခဏ ဖြစ်လျှင် သော်၎င်း၊ အသက် ရှူ လမ်းကြောင်း တစ်လျှောက် အမှုန် အငွေ့ တစ်မျိုးမျိုး ကြာရှည် စွာ ထိတွေ့ နေရ လျှင်သော် ၎င်း လေပြွန် အချွဲ မြှေးလွှာ အမြဲ ရောင်ရမ်း ပြီး လေပြွန် မွှေးမျှင် (Cilia) များ ပျက်စီး ကာ နာတာ ရှည် လေပြွန် ရောင်ခြင်း ဖြစ်ပေါ်စေပါတယ်.. ကျောက်မီးသွေး မိုင်းလုပ်သားများ၊ သီးနှံ ဆွတ်ခူး ရသူ များ၊ သတ္တု လုပ်ငန်း လုပ်ကိုင် သူများ သည် အခြားသူများထက် နာတာ ရှည် လေပြွန် ရောင်ခြင်း ပိုမို ဖြစ်ပွား ကြောင်း တွေ့ရ ပါတယ်.. နာတာ ရှည် လေပြွန် ရောင်ခြင်း ဖြစ်ပွား လျှင်
•    ဆေးလိပ် လုံးဝ ဖြတ်ရ ပါမယ်..
•    ဆရာဝန် ညွှန်ကြား မှု မရှိပဲ ချောင်းဆိုး ပျောက်ဆေး (Cough Suppressant) များကို မသုံး ရပါ.. ချွဲပျော်ဆေး (Expectorant) များကို အသုံး ပြုနိုင် ပါတယ်..
•    လေပြွန် ကျဉ်းမြောင်း ခြင်း (Bronchoconstriction) ဖြစ်ပေါ် ပါက လေပြွန် ကျယ်ဆေး (Bronchodilator) နဲ့ စတီး ရွိုက်ဆေး (Steroid) များကို အသုံး ပြုနိုင် ပါတယ်..
•    သလိပ် အရောင် ပြောင်းခြင်း၊ ပုံမှန် ထက်များ လာခြင်း ဖြစ်ပေါ် ပါက သင့်တော် သော ပဋိ ဇီဝ ဆေးကို (၅) ရက်မှ (၁၀) ရက်ထိ သောက်ရပါမယ်..
လေပြွန် ရောင်ခြင်း မဖြစ် စေရန် ဆေးလိပ် မသောက် ရပါ။ မိမိ နေအိမ် တွင်း ဆေးလိပ် သောက်ခြင်း ကို တားမြစ် ရပါမယ်။ လူထူထပ် သော၊ အခိုး အငွေ့ များသော၊ ဖုံမှုန် ထူထပ် သော နေရာ များကို ရှောင်ရှား ရပါမယ်။ အအေး မိဖျား နာပါက လုံလောက် စွာ အနား ယူပါ။ ဆရာဝန် ညွန်ကြား သည့်ဆေး ကို လိုက်နာ သောက်သုံး ပါ။ အာဟာရ ပြည့်ဝ စွာစား သုံးပါ။ မကြာ ခဏ လက်ဆေးပါ။ အစား အသောက် အသုံး အဆောင် ပစ္စည်း များ မျှဝေ သုံးစွဲ ခြင်းရှောင် ကြဉ်ပါ။ နာတာ ရှည် လေပြွန် ရောင်သူ များဟာ အေးသော ရာသီ တွင် နွေးထွေး စွာ ၀တ်ဆင် ခြင်းဖြင့် အအေး မမိ အောင် ကာကွယ် နေထိုင်ပါ။ နမိုး နီးယား ကာကွယ် ဆေး(Pneumonia Vaccine)၊ တုပ်ကွေး ကာကွယ် ဆေး (Flu Vaccine) များ ကို ထိုးနှံ ထားပါ။ အစ ရှိသဖြင့် ကာကွယ် နေထိုင် သင့်ပါ ကြောင်း ရေးသား လိုက်ရ ပါတယ်.. အားလုံး အဆုတ် ရောဂါ အပေါင်းမှ ကင်းဝေးကြပါစေ…။

ကဲ ဒီနေ့ ဘယ်လိုနည်းနဲ့ ကုသိုလ်ပြုကြမလဲ……

10:20 am in Creative Writing, Drama, Essays.., Health & Fitness, Parenting & Pregnancy by manawphyulay

ကုသိုလ်ပြုနည်း တစ်မျိုး

မျက်စိလှူက မျက်ကြည်ရ မြတ်သည့်လှူဒါန

ယခုဘ၀ မျက်စိလှူက
ချမ်းသာစိတ်သွင်
မြင်ကြည်အေးမြ
ဘ၀ဆက်တိုင်း
အနှိုင်းမသိ
ကုသိုလ်ထူးဘိ….

မျက်ကြည်လွှာအစားထိုး ကုသသည်ဆိုသည်မှာ….
- မျက်စိတစ်လုံးလုံးကို အစားထိုးကုသခြင်း မဟုတ်ပါ။
- လူမျက်စိ၏ မျက်ကြည်လွှာကိုသာ အစားထိုးကုသခြင်း ဖြစ်ပါသည်။
- မျက်ကြည်လွှာလဲလှယ် ခွဲစိတ်ကုသမှု၏ ၉၀% အောင်မြင်မှုရရှိပါသည်။
- မည်သည့်အသက်အရွယ်မဆို အစားထိုးကုသ၍ ရပါသည်။

မျက်စိဘဏ် ရန်ကုန်ကို ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ရန်ကုန်၊ မန္တလေး (၂) မြို့မှာသာ မျက်စိဘဏ်ရှိပါသည်။ ဆင်းရဲနွမ်းပါး၍ ဆေးမကုသနိုင်သော မျက်ကြည်တိမ်ဝေဒနာရှင်များကို ကူညီ၍ ကုသပေးပါသည်။ မျက်စိဘဏ်သည် မျက်ကြည်လွှာ စုဆောင်းခြင်း၊ စစ်ဆေးခြင်း၊ လိုအပ်သော ဆေးရုံများသို့ ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ပါသည်။
မျက်စိဘဏ်သို့ မျက်ကြည်လွှာ လှူဒါန်းလိုပါက ဆက်သွယ်ဆန္ဒပြုနိုင်ပါသည်။ မိသားစုဝင်များနှင့် မိတ်ဆွေသူငယ်ချင်းများကိုလည်း မျက်စိလှူဒါန်းခြင်းနှင့် ပတ်သက်ပြီး ပညာပေး စည်းရုံးပေးစေလိုပါသည်။ အသိမိတ်ဆွေများထဲမှ တစ်ဦးတစ်ယောက် ကွယ်လွန်ပြီး ယင်းကွယ်လွန်သူ၏ မျက်ကြည်လွှာအား လှူဒါန်းလိုပါက မျက်စိဘဏ်သို့ ဆက်သွယ်ပေးစေလိုပါသည်။ ကွယ်လွန်သူ၏ မျက်စိအား ပိတ်ထားပါ။ ဦးခေါင်းကို ခေါင်းအုံးတစ်လုံးခံ၍ မြှင့်ထားပေးပါ။ ပန်ကာမဖွင့်ပါနှင့် ဖြစ်နိုင်ပါက ပလတ်စတစ်အိတ်တွင် ရေခဲတုံးများထည့်၍ မျက်ခွံပေါ် အုပ်ထားပေးပါ။ မျက်စိဘဏ်သို့ ၄ နာရီအတွင်း အကြောင်းကြားပါ။

အရိုးပွရောဂါ အန္တရာယ် သင့်မှာ ရှိ မရှိ???

8:32 am in Health & Fitness, Parenting & Pregnancy by manawphyulay

အရိုးပွရောဂါဆိုတာ ကိုယ်ထဲမှာ ဖြစ်လို့ ဖြစ်မှန်းမသိ ဖြစ်နေတတ်တဲ့
ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ပုံမှန်ရှိရမယ့် အရိုးရဲ့ ကျစ်လျစ်သိပ်သည်းမှု
(standard density of bone) မရှိတော့ရင် အရိုးပွရောဂါ ဖြစ်နေတယ်လို့
ဆိုနိုင်ပါတယ်။ ဒီလို ဖြစ်ရင် အရိုးတွေဟာ ကြံ့ခိုင်မှု မရှိတော့ဘဲ သာမန်
ထိခိုက်မှုနဲ့တောင် ကျိုးလွယ်လာတာ အဓိက နောက်ဆက်တွဲ ဆိုးကျိုးပါပဲ။
အရိုးကျိုးတာအပြင် အရိုးပွခြင်း အရမ်းဆိုးရင် ရိုးရိုးကျိုးရုံမက
ကြေမွပျက်စီး တဲ့အထိ ဖြစ်နိုင်ပါတယ်။ အများဆုံး ဖြစ်လေ့ရှိတဲ့ အရိုးနေရာ
တွေကတော့ ခါးရိုးဆစ်၊ တင်ဆုံရိုးနဲ့ လက်ကောက်ဝတ် နေရာတွေ ဖြစ်ပါတယ်။

ဆေးရုံမှာ အရိုးကျိုးလို့ ရောက်လာတဲ့ လူနာတွေကို
အရိုးကျစ်လျစ်သိပ်သည်းမှု (Bone Density) စစ်ကြည့်ရင် များသော အားဖြင့်
ဆယ်ယောက်မှာ ရှစ်ယောက်က လျော့နည်း နေကြတာ တွေ့ရပါတယ်။ အရိုးပွခြင်းဟာ
လူတိုင်း အသက် အရွယ် ရလာတာနဲ့အမျှ ဂရုစိုက် ကာကွယ်သင့်တဲ့ ရောဂါ
တစ်မျိုးမို့ အရိုးပွရောဂါရဲ့ လက္ခဏာ များနဲ့ ဖြစ်စေတဲ့
အကြောင်းရင်းများကို မက်ဖန် ပရိသတ်များ သတိပြု ဖွယ်ရာ စုစည်း ဖော်ပြ
ပေးလိုက်ရပါတယ်။

တစ်ခါတစ်ခေါက် အရောက်လှူကြရအောင်

9:04 am in Health & Fitness, Local Guides, Parenting & Pregnancy, Travel by manawphyulay

သူငယ်ချင်းများရဲ့ ကုသိုလ်အစုစုအတွက် အားလုံး သာဓုခေါ်လိုက်ကြရအောင်နော်။

ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး သတိပေးနှိုးဆော်ချက်

8:30 am in Creative Writing, Health & Fitness, Parenting & Pregnancy by manawphyulay

၁။ ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါသည် လူမှလူသို့ လျင်မြန်စွာ ကူးစက်လျက်ရှိသည်။ ကမ္ဘာ့လူတုပ်ကွေးရောဂါသည် ၂၀၀၉ခုနှစ် ဇွန် ၁၁ ရက်အထိ နိုင်ငံပေါင်း ၇၄ နိုင်ငံသို့ ပျံ့နှံ့ကူးစက်ကာ ဓာတ်ခွဲခန်းစမ်းသပ် အတည်ပြုချက်အရ ၂၈၇၇၄ ဦး ဖြစ်ပွားခဲ့ပြီး ၁၄၄ ဦး သေဆုံးခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ(Human Influenza Pandemic) ဖြစ်ပွားနေကြောင်း ဇွန် ၁၁ ရက်တွင် ကြေညာခဲ့သည်။

၂။ ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါသည် လူမှလူသို့ ကူးစက်မြန်ခြင်းနှင့် တုပ်ကွေးဗိုင်းရပ်စ် အသစ်ဖြစ်၍ လူအများတွင် ခံနိုင်ရည်စွမ်းအား မရှိသေးခြင်းတို့ကြောင့် အောက်ပါအန္တရာယ်များကို ကြုံတွေ့ရမည်။

(က) အသက်အရွယ်မရွေး ရောဂါဖြစ်ပွားခြင်း၊

(ခ) ကလေးများ၊ အသက်အရွယ်ကြီးရင့်သူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နှလုံး၊ အဆုတ်နှင့် ဆီးချိုစသည့် နာတာရှည်ရောဂါရှိသူများနှင့် ခုခံအားကျဆင်းမှုရှိသူများတွင် အသက်ဆုံးရှုံးမှု ပိုမိုများပြားနိုင်ခြင်း၊

(ဂ) တုပ်ကွေးလူနာမျာ လျင်မြန်စွာများပြားလာခြင်းကြောင့် ဆေးဝါး၊ ဆေးပစ္စည်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များ ဖြစ်ပေါ်ခြင်း၊

(ဃ) စီးပွားရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများတွင် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခြင်း၊

(င) ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန်အတွက် လူအများ စုဝေးဆောင်ရွက်ရသည့် လုပ်ငန်းများ၊ ကျောင်းများ၊ ဘာသာရေးပွဲများနှင့် ပွဲလမ်းသဘင်များကို ပိတ်ပင်တားဆီးရန် လိုအပ်လာနိုင်ခြင်း၊

(စ) နိုင်ငံ၏ အဓိကဝန်ဆောင်မှုလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရန် အခက်အခဲများ ကြုံတွေ့လာနိုင်ခြင်း၊

by Kyaemon

SOME CALIFORNIA CITIES OK HIGHER TAXES

7:31 pm in Community & Society, Education, Law & Legal Information, Money & Finance, News, Parenting & Pregnancy, Relationships & Family, Society & Lifestyle, U.S. News by Kyaemon

College Tuition gone up. School taxes going up. Gas prices gone up. Sales taxes gone up. Medical costs up.  Time magazine shows the “Broken States of America.” What else is new?

Start saving for the children. Start saving for old age.

Don’t spend all what you have!

***(Even the California Taxpayers Association, usually fighting for taxpayers, now says HIGHER TAXES are unavoidable)***

See last few lines.

————————————————-

Some Calif. cities OK higher taxes for schools

http://www.dailynews.com/news/ci_15382692?source=rss
By Terence Chea, Associated Press

NATIONAL SPELLING CHAMPION 2010 – ASIAN AMERICAN

7:38 pm in Arts & Humanities, Celebrity, Community & Society, Cultures, Education, Events, Interviews & Profiles, Languages, Literature, News, Parenting & Pregnancy, Relationships & Family, Sciences, Society & Lifestyle, U.S. News, World News, knowhow by PareByoke

America’s greatness lies in its diversity, multi cultures, and tolerance – relatively speaking. It also is a land of opportunities for those who are willing to work hard. Compare this to the rather  ”small” racist and corrupt, cruel and capricious governments with their narrow and retrograde mindsets. They are ready to murder their own race and minorities. They are ready to stir up racial and religious hatred among their own citizens to divert attention from their intermittent crises.

NATIONAL SPELLING CHAMPION 2009 – ASIAN AMERICAN

6:32 pm in Arts & Humanities, Celebrity, Community & Society, Cultures, Education, Events, Home & Garden, Interviews & Profiles, Languages, Literature, News, Parenting & Pregnancy, Relationships & Family, Sciences, Society & Lifestyle, Style & Beauty, U.S. News, World News, knowhow by PareByoke

GOOD PARENTING AND HARD WORK!

2009

YouTube – Final Round and Close of 2009 Spelling Bee

http://www.youtube.com/watch?v=s3cHT33XrMk

June 11, 2009 — The last 3 words given at the Spelling Bee.

YouTube – 2009 Spelling Bee Champ

http://www.youtube.com/watch?v=fFj1-Iu7UI8

May 29, 2009 — 13-year-old Kavya Shivashankar from Kansas has won the Scripps National Spelling Bee. Out of nearly 300 contestants, Kavya won by spelling laodicean correctly. Julie Chen reports.

NATIONAL SPELLING BEE CHAMPION 2008 – ASIAN AMERICAN

6:27 pm in Arts & Humanities, Celebrity, Community & Society, Cultures, Education, Events, Home & Garden, Interviews & Profiles, Languages, Literature, News, Parenting & Pregnancy, Relationships & Family, Sciences, Society & Lifestyle, U.S. News, World News, knowhow by PareByoke

AN INSPIRATION FOR ALL OF US!

2008

YouTube – Numb What? Spelling Bee

http://www.youtube.com/watch?v=VjzrNWPul9E&feature=related

May 30, 2008 — A GREAT moment in the Spelling Bee 2008

1.56 MILLION HITS

YouTube – 2008 national spelling bee winner

http://www.youtube.com/watch?v=ARes-G9wOVo

YouTube – ‘Guerdon’ Crowns 13-year-old Spelling Bee Champ

http://www.youtube.com/watch?v=XYvU8AA6b6M&feature=related

May 31, 2008 — SelectPlus’Guerdon’ Crowns 13-year-old Spelling Bee Champ ‘Guerdon’ Crowns 13-year-old Spelling Bee ChampThe Associated Press

by Dave

သင့်ကလေးကို ဆဲလ်ဖုန်းမပြောပါစေနှင့်

5:06 am in Community & Society, Computer & Cell Phone, Parenting & Pregnancy by Dave

childrenscentralcal.org

ပြန့်နှံ့ရောက်ရှိမှု

ဆဲလ်ဖုန်းပြောခြင်းသည် ယနေ့ခေတ်ပြိုင်လူ့ယဉ်ကျေးမှုနှင့်လူ့အဖွဲ့အစည်းအတွင်း၌ သာမန်အပြုအမူ၊အလေ့အထတစ်ရပ်အဖြစ် စွဲမြဲအမြစ်တွယ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လှပြီဖြစ်သည်။အဝေးပြောဆက်သွယ်ပြန်ကြားရေးနယ်ပယ်တွင် မိမိကိုယ်နှင့်မကွာ ထားရှိကာ တစ်ဦးနှင့်တစ်ဦး အလွယ်ကူ၊အထိရောက်ဆုံး ပြောဆိုဆက်သွယ်နိုင်စေသော ကိရိယာဖြစ်သဖြင့် လူတို့အကြား ဆဲလ်ဖုန်းပြန့်နှံ့ရောက်ရှိမှု အခြေအနေသည် အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် နှစ်အနည်းငယ်အတွင်း သန်းနှင့်ချီ၍ တိုးတက်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင် ၂၀၀၀ပြည့်နှစ်က ဆဲလ်ဖုန်းသုံးစွဲသူဦးရေ သန်းပေါင်း ၁၁၀ရှိရာမှ ၂၀၀၇ခုနှစ်သို့ရောက်ရှိသောအခါ သန်းပေါင်း၂၇၀ကျော်သည်အထိ ရောက်ရှိခဲ့ သည်ဟု စီတီအိုင်အေကြိုးမဲ့ဆက်သွယ်ရေးအဖွဲ့က အတည်ပြုထားသည်။