You are browsing the archive for Poetry.

by naked

သဒ္ဒါဘဝ

4:03 am in Poetry by naked

မြည်သံစွဲတစ်ခုနဲ့စတဲ့မနက်ခင်း

အတိသယနဲ့ဆက်ဆံနေတဲ့လူတွေ

ကိုယ့်ကိုယ်ကိုဥပမာနဲ့တင်စားနေကြ

ရူပကလိုထပ်တူမကျနိုင်တဲ့ဘ၀မှာ

ဝင်္က၀ုတ္တိနဲ့ခေါင်းတုံးပေါ်ထိပ်ကွက်နေသူတွေအတွက်
ငါဟာ………..မျက်လုံးပြူးကြောင်
ကျီကန်းတစ်ကောင်ပေါ့…..
နာမ်စားတွေကိုမှားယွင်းစွာအသုံးပြုရင်း
ငါပြောနေတဲ့စကားတွေက
ဌာန်ကရိုဏ်းရောမှန်ရဲ့လား………
ကြိယာမပါတဲ့ဘ၀တွေအတွက်
အာမေဋိတ်တွေလွတ်ကျ….
ကိန်းတွေနဲ့အလုပ်လုပ်တတ်တဲ့မင်းအတွက်
ငါဟာ…နာမ၀ိသေသနတစ်ခု..
ဖြစ်ခဲ့ရပေါ့………………..။

ကျန်ရစ်သူအလွမ်း

1:06 pm in Poetry by wathenmoe

                             မျက်ဝန်းအချစ်

                             မပျက်ယွင်းခင်

                             အထင်တော်လွှဲ

                              ကြင်ဖော်ခွဲခွါ

                              မြဲမဖြေသာ

                              နွမ်းရင်ခွင်မှာ

                              ချစ်ခဲ့ရက်တမ်း

                              ရော်ရည်မှန်းလျက်

                               လွမ်းဆွတ်ကျန်ရစ်……………….။

မသိခြင်း

5:44 pm in Poetry by morrethant

နင့်ကိုငါဘယ်လောက်ချစ်မိသွားတယ်ဆိုတာမသိဘူး

နင်နဲ့ ဝေးရမှာကိုဘယ်လောက်ကြောက်တယ်ဆိုတာမသိဘူး

အလွမ်းတွေကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာမသိဘူး

နင်ကထားခဲ့ရင်ဘာတွေလုပ်ရမှန်းမသိဘူး

နင်ပျော်နေတာကိုကြည့် ပြီးဘာပြောရမှာလဲဆိုတာမသိဘူး

အချစ်ဆိုတာဘာလဲမသိဘူး

နင်ငါ့ဆီပြန်လာရင်ငါပျော်မှာလားမသိဘူး

နင်ပြန်မလာရင်ကောငါဝမ်းနည်းနေမှာလားမသိဘူး

နင်ငါ့ကိုဘာလို့ ထားခဲ့လဲမသိဘူး

ငါမသိတာတွေကိုနင်နားမလည်ဘူးဆိုတာမသိဘူး…………….

စိုးရိမ်သူ

2:24 pm in Poetry by wathenmoe

မသိခြင်းများ

ဖိစီးလွှမ်းတဲ့

အတွေးနဲ့ပင့်သက်

မျက်ရည်ပွင့်တွေ ကိုယ်ရင်မှဝေနေပေမယ့်

ပန်းကြွေတွေရနံ့တသင်းသင်း

မင်းနင်းလျှောက်မယ့်လမ်းမှာ

ခြေလှမ်းတွေကို မျက်ရည်စိုမှာ

စိုးမိတယ် ကလေးရယ်………….။

ဝင်းလဲ့ခိုင်

SILENT LOVE

1:27 pm in Poetry by wathenmoe

SILENT LOVE

My love

when walking

may i be a happy one

beside her charm

and no return.

I shall be waiting till

her comes.

တောင်းဆု

1:22 pm in Poetry by wathenmoe


တောင်းဆု

နှင်းဆီပန်းတစ်ပွင့်

(မ)ဖြစ်ပါလျှင်

ပန်းအလှကာကွယ်

ဆူးမာန်ဆွယ်လေး

(မောင်)ဖြစ်ပါရစေ

တောင်းဆုချွေ၏။

တောင်းဆု

1:15 pm in Poetry by wathenmoe

တောင်းဆု

နှင်းဆီပန်းတစ်ပွင့်

(မ)ဖြစ်ပါလျှင်

ပန်းအလှကာကွယ်

ဆူးမာန်ဆွယ်လေး

(မောင်)ဖြစ်ပါရစေ

တောင်းဆုချွေ၏။

SILENT LOVE

12:41 pm in Poetry by wathenmoe

SILENT LOVE

My love

when walking

may i be a happy one

beside her charm

and no return.

I shall be waiting till

her comes.

အဆောက်အဦပျက်ကြားမှ စကားပြောခြင်း

9:10 am in Poetry by manawphyulay

အေးချမ်းတည်ငြိမ်နေတဲ့
ကျွန်မတို့ရဲ့ဝန်းကျင်မှာ
ရှင်ဟာ ရှင့်ရဲ့အရိုင်းအစိုင်းဒေါသတွေနဲ့အတူ
ရောက်ရှိလာခဲ့တယ်နော်…
ရှင့်မို့ လုပ်ရက်တယ် နာဂစ်ရယ်

သစ်ပင်ပန်းမန်တွေနဲ့
စည်ကားနေတဲ့
ကျွန်မတို့နေရာကို
လိုက်လံနှောင့်ယှက်ခဲ့တယ်နော်။

နာဂစ်ဆိုတဲ့ လေမုန်တိုင်း
လေမုန်တိုင်းကို ဟန့်တားထားတဲ့
တင့်တောင့်တင့်တယ် နေထိုင်မှု ကန့်လန့်ကာကို
ရှင် ဆုတ်ဖြဲပစ်လိုက်တယ်
မယုံကြည်နိုင်ခဲ့ဘူး။

အခုတော့…
စည်းစနစ်ကျနမှုနံရံ
ပြိုလဲ့ခဲ့ရပြီ။

ကြောက်လန့်ဖို့ကောင်းတဲ့
အဆောက်အဦရဲ့ အယိုအယွင်းတွေပေါ်မှာ
ကျီးအတွေ အာလို့
မြင်မကောင်းတဲ့ မြင်ကွင်းတွေနဲ့အတူ
ရှင် ဖန်တီးခဲ့တယ်။

ရှင့်ကြောင့်
အပြစ်မဲ့သူတွေ သေကြေခဲ့ကြတာ
ခုတော့…
အများသူငါ လေတိုက်မှာတောင်
ကြောက်နေကြတဲ့ဘ၀မျိုးရောက်အောင်
ဖန်တီးခဲ့တဲ့ ရှင့်ကို အပြစ်ဖို့လို့နေရုံမှတစ်ပါး
အခြားမရှိတော့ပြီပေါ့…

ဝန်းကျင်တကာမှာ
အပိုင်းပိုင်း အပြတ်ပြတ်နဲ့
သစ်ပင်တွေ ပြိုလဲနေပြီး
အိမ်တွေ ပျက်စီးနေတဲ့
မြင်ကွင်းမျိုးကို
ကျွန်မရှေ့မှာ
ဘောင်ခတ်ပစ်ချင်ပြီ

ခု…
အရာအားလုံးဟာ
အော့နှလုံးနာစရာဖြစ်ခဲ့ရပြီ
ဘာဆိုဘာမှမရှိတော့တဲ့
ကျွန်မတို့ရဲ့ အခြေအနေအပေါ်
‘ဒီလောက်အပျက်ကိန်းကြီး
ထပ်ဆိုက်ပြီးမှတော့
ဟောဒီ အပျက်အယွင်းကြီးတစ်ခုလုံးကို
ဘာတခမ်းတနား စကားလုံးတွေနဲ့
ရှင် ပြန်ဖာထေးလို့ ရနိုင်တော့မှာလဲ…

“သုညကြားခံနယ်” ကဗျာရွတ်ဆိုခြင်း Video ဖိုင်

12:08 am in Poetry by Thu Ra Tha Wah

<!–

“သုညကြားခံနယ်” ကဗျာရွတ်ဆိုခြင်း Video ဖိုင်
မနေ့က “လင်းပွင့်လက်များ” အဖွဲ့ရဲ့ ကဗျာရွတ်ပွဲမှာ ရွတ်ဖြစ်ခဲ့တဲ့ “သုညကြားခံနယ်” ဆိုတဲ့ ကဗျာလေး ဗီဒီယိုဖိုင် တင်ပေးလိုက်ပါတယ်။ မနက် ကိုးနာရီ ကတည်းက Upload လုပ်နေတာ Photobucket မှာရော၊ Youtube မှာရော အဆင်မပြေဘဲ နောက်ဆုံး Metacafe မှာတင်မှပဲ အဆင်ပြေ သွားတော့တယ်။ မနေ့က ကဗျာရွတ်ပွဲမှာ ပထမတုန်းက ကဗျာရွတ်ရင် ကဗျာရေးရာဝိဝါဒတွေအကြောင်း ရေးထားတဲ့ ကဗျာတစ်ပုဒ်ကို ရွတ်မလို့ပါပဲ။ ဒါပေမယ့် ကဗျာရွတ်သူတွေကို နောက်ခံတယော ပံ့ပိုးပေးတဲ့ တယောဆရာလေး ကိုဖိုးပြည့်ရဲ့ တယောလက်သံကို ကြားပြီးတော့ အလွမ်းကဗျာလေး တစ်ပုဒ်လောက်ပဲ ရွတ်ချင်စိတ် ပေါ်လာလို့ “သုညကြားခံနယ်” ဆိုတဲ့ ကဗျာကိုပဲ ရွတ်ဖြစ်ခဲ့ပါတယ်။ ကဗျာရွတ်ခံနီး သူ့တယောသံကို နားထောင်ပြီးတော့ Mood ဝင်လာတာ၊ Expression နည်းနည်းလေး အဆင်ပြေသွားတာ၊ နောက်ပြီး ရွတ်နေရင်း တကယ်ပဲ ဝမ်းနည်းပြီး ခံစားလိုက်ရတာတွေက တကယ့် အမှတ်တရပါ။ ဒီ ဗီဒီယိုဖိုင်လေးကို မရအရ ရိုက်ကူးထားပေးခဲ့တဲ့ သူငယ်ချင်း နန်းလေပြေနု ကိုလည်း ကျေးဇူးအထူး တင်ပါတယ်။ သူ ဗီဒီယိုရိုက်ပြီး ပြန် Share ပေးခဲ့လို့ အခုလို တင်လို့ရတာ။ ဗီဒီယိုနဲ့အတူ ကဗျာစာသားကိုပါ ဖတ်လို့ရအောင် စာသားပါ ပြန်ပြီး တင်ပေးလိုက်ပါတယ်။
သုညကြားခံနယ်
ဘာပြောလိုက်ရမလဲဆိုတာကိုသိတယ်
ဖမ်းလို့မမိဘူး .. … အဲဒီ စကားလုံးတွေ
လွတ်ထွက်သွားမှာ .. … လွတ်ထွက်သွားတာ
သေ ချာ တယ်
နင့်အသွေးအသားထဲမှာ ငါနေလို့မရတော့ဘူး
နင့်အငွေ့အသက်ကို ဖွာရှိုက်ခဲ့ပြီးနောက်
နင့်စိတ္တဇတွေကို ငါ .. .. ကြောက်တယ်
မချစ်တော့ဘူးဆိုတာထက် ဆင်ခြေမပေးရက်
နင့်အတွက် ခက်မယ်ဆိုတာကိုလည်းသိတယ်
အမြဲစီးဆင်းနေမယ့်ရေတံခွန်ကို နင်ရှာမတွေ့ခဲ့တာ
နေရပ်လိပ်စာမှားရောက်လာတာ .. … .. … နင် မှားတယ်ဆိုတာထက်
ငါမှားတယ် ငါမှန်တယ် ငါဇဝေဇဝါဖြစ်ရတယ်
အဲဒါတွေထက် .. ….
နင့်ဖြူစင်မှုအောက်မှာ ငါလိပ်ပြာမလုံနိုင်တာ
ငါ့ကိုဆယ်ဖို့ကြိုးစားရင်း တံတွေးခွက်ထဲ နင်ပက်လက်မျောခဲ့ရတာ
ငါ့ကိုအရိပ်တကြည့်ကြည့်နေရင်း နင်ညှိုးငယ်နေရတာ
ငါ့ပျော်ရွှင်မှုကို နင့်မျက်ရည်တွေနဲ့ လဲထားခဲ့ရတာ
နင်တစ်ယောက်တည်းအပေါ်ကိုမှ မိုးလေဝသညံ့ဖျင်းတာ .. …
.. …. .. … … ….. .. ….. ငါ .. … သိပ်ကို မိုက်ကန်းခဲ့
ငါသိပ်ကို မိုက်ရိုင်းခဲ့ .. … ငါသိပ်ကို ကြောင်ကန်းခဲ့ .. … .. ငါ .. …
သိပ် .. … ကို .. …
.. …. … ….. … ….. ရက်ရက်စက်စက် နင့်ကိုလွှတ်ချပစ်လိုက်ဖို့
ငါတစ်ထစ်ပြီး တစ်ထစ် နင်းတက်လာတာ
သိတယ် ၊ မသိချင်ယောင်ဆောင်တယ်
နင့်ကို အနားမှာထားပြီး
ကမ္ဘာဟာ အဆုံးအစမရှိကျယ်ပြန့်တယ်လို့ ပုံပြင်တွေပြောတယ်
ငါက နူးနူးညံ့ညံ့ကဗျာတွေရေးရင်း
မေတ္တာတရားကို အတင်းကြိုးကွင်းစွပ်နေတဲ့ကောင်
အဲဒီလိုကောင်ရဲ့ အကြည့်ရိုင်းတွေအောက်မှာ
နင်မှန်တာတောင် မှားချင်ယောင်ဆောင်ရင်း
.. … … …. … … ငါ ဘာပြောမလဲဆိုတာကိုလည်း သိတယ်
လွတ်ထွက်သွားတော့မှာကိုလည်း သိတယ် .. … …
သေချာတယ် .. … နင်ရော ငါရော .. … အခု .. ..
တစ်ခုခုကို .. … ..
လက်လွတ်စပယ် လိုက် ဖမ်း နေ ကြ တယ် ။ ။
သူရဿဝါ
ဇူလိုင် ၁၂ ရက်၊ ၂၀၁၀ ခုနှစ်

ရင်ခွင်မဲ့ သမီး

6:26 am in Poetry by Khin Thida Soe

ရင်ခွင်မဲ့ သား

ဥ၀ဲ ဆိုပြီး ထွက်ကာစ

သမီး ဘ၀ ဘာမှ မလိုခဲ့ဘူး အမေ

မိစုံ ဖစုံ ည

စီးပွားရေး မျက်နှာပန်းပန်းလှလို့

အငယ်ဆုံး သမီထွေး ဘ၀မှာ

ရတိုင်းလို  လိုတိုင်းတ

သမီးဆိုးချင်တိုင်းဆိုး

ဘယ်လိုမှ မျက်နှာ မညှိုး ခဲ့တဲ့ အဖေ

အဖေရယ်……..

လေးနှစ် အပေါ်တဆင့်ကမ်း

သမီး ငယ်ခြေလှမ်း ချ တဲ့ အချိန်

ဘာကြောင့်….

အဖေ့ ရဲ့ နုတ်ဆက်ချိန် အပြီးတိုင် ခဲ့တာလဲ ဟင် …..

အဖေ့ ဈာပန

နောင်ဘ၀ ခရီး အထွက်မှာ

သမီးငယ် ကလေး ဘဝ

မျက်ရည်စ မရှိတတ်သေးဘူး အဖေ…

ခြောက်နှစ် ကို တက်လှမ်း

သမီး ငယ် ပထမ တန်းမှာ

အမေ က အချစ်တွေ မပြတ်တမ်း ကစားတော့

အဲဒီအချိန်……..

သမီးငယ် ငိုတတ်ပြီလေ

အချစ်ဦးဆိုတဲ့ ရေစက်

သွေးမပျက် ဆက်လှမ်း

အမေ တို့ရဲ့ ဇတ်လမ်းမှာ

ကိုယ့်ကိုယ်ကို နှစ်သက်ရင် ဘယ်အရာမှ ခက်ခဲတယ်ဆိုတာ မရှိပါဘူး

10:07 am in Creative Writing, Poetry by Yin Nyine Nway

၁) သံပရာပင်

သစ်ပင်တစ်ပင်ရှေ့ ကိုယ်အမြဲဖြတ်တယ်။ အဲဒီသစ်ပင်မှာ တစ်ခြားသစ်ပင်လိုပဲ
စိမ်းစိုတဲ့ သစ်ရွက်တွေရှိတယ်။ ပန်းပွင့်တွေရှိတယ်။ အဲဒီသစ်ပင်က ကိုယ့်အတွက်
ဘာမှမထူးခြားလို့ သတိမထားခဲ့မိဘူး။ ဒါပေမယ့် တစ်ရက်မှာ အဲဒီသစ်ပင်ရှေ့
ကိုယ်ရုတ်တရက် ရပ်လိုက်မိတယ်။ မရည်ရွယ်ဘဲ အပင်ပေါ်က အရွက်တစ်ရွက်ကို ဆိတ်ပြီး
ချေမွကြည့်တယ်။ တခဏအတွင်း သင်းပျံ့တဲ့ ရနံ့တစ်ခု လေထဲ လွင့်ဝဲလာခဲ့တယ်။
မွှေးကြိုင်တဲ့ရနံ့ကို ကိုယ်ရှုရှိုက်မိပြီး ဒီသစ်ပင်ဟာ သံပရာ(ရှောက်)ပင် ဆိုတာ
ကိုယ်သိလိုက်တယ်။ ကိုယ့်ပတ်ဝန်းကျင်လေထုမှာ သံပရာရနံ့က
သင်းပျံ့မွှေးကြိုင်နေခဲ့တယ်။ နောင်နောက် သစ်ပင်ရှေ့ ကိုယ်ဖြတ်တိုင်း
အဲဒီသစ်ပင်က အရင်ကလို ကိုယ့်အတွက် အဓိပ္ပါယ်မဲ့ မနေခဲ့တော့ဘူး။

သံပရာပင်ကို ချည်းကပ်သလိုမျိုး အရင်က ကိုယ်တကယ် မသိ၊ နားမလည်ခဲ့တဲ့
သူငယ်ချင်းတွေကို ချည်းကပ်ပါ။ သူတို့ဆီကနေ မွှေးကြိုင်တဲ့ရနံ့တွေ
ထွက်လာနိုင်ပြီး ကိုယ်တို့ကြားမှာ လွင့်ဝဲနိုင်ပါလိမ့်မယ်။

(၂) ကော်ဖီ

မနက်အိပ်ရာထတိုင်း ကော်ဖီခါးခါးတစ်ခွက်က ကိုယ့်အတွက် မရှိမဖြစ်ပါ။ ကော်ဖီတွေ
လည်ချောင်းတစ်လျှောက် စီးဆင်းသွားမှ ကိုယ့်ဦးနှောက်တွေ ကြည်လင်လာတယ်။

ကော်ဖီသောက်သလိုပဲ…..
ခါးသီးတဲ့ အတွေ့အကြုံ၊ အခက်အခဲတွေနဲ့ ကြုံခဲ့ဖူးမှ ကိုယ့်အတွေးတွေ
ကြည်လင်လာနိုင်တယ်။ အမှားအမှန် ခွဲခြားလာနိုင်တယ်။ စိတ်ထိခိုက်
နာကျင်ခံစားဖူးမှ ကြံ့ခိုင်မှုကို သင်ယူနိုင်တယ်။ ဒါကြောင့်
ထိခိုက်နာကျင်ခဲ့သမျှကို အထက်တန်း ကော်ဖီမှုန့်လို့ သတ်မှတ်ပြီး
စဉ်းစားဆင်ခြေဥာဏ်ဆိုတဲ့ ရေပူပူထဲ ထည့်ဖျော်လိုက်ပါ။ အဲဒီကော်ဖီခါးနဲ့
ကိုယ့်ဦးနှောက်၊ ကိုယ့်အတွေးအိမ်ကို ကြည်လင်ပါစေ။

ပန်းအဘိဓာန်

9:38 am in Poetry by Yin Nyine Nway

၁။ ကံ့ကော်ပန်း – မပြောင်းလဲတဲ့ထာဝရအချစ်ပါ
၂။ ကြာပန်း – မိတ်ဆွေတွေရဲ့ဖြူစင်မှုမျိုးနဲ့ ခင်မင်ကြရအောင်
၃။ ခရေပန်း – မေ့မသွားပါနဲ့ကွယ်
၎။ ခတ္တာပန်း – အားငယ်ရတဲ့သူမို့ ညှာတာပါ
၅။ ချယ်ရီပန်း – တနေ့နေ့တော့ဝေးရဦးမယ်
၆။ ခေါင်းလောင်းပန်း – အမြန်ဆုံးနီးခွင့်ရချင်တယ်
၇။ဂန္ဒမာအဖြူ – ငြိမ်းချမ်းပါစေ
၈။ ဂန္ဒမာအ၀ါ – သတိရနေမယ်
၉။ ဂမုန်းပန်း – မျှော်လင့်ခြင်းကြီးစွာနဲ့စောင်

့နေရတဲ့ချစ်သူပါ
၁၀။ စပယ်ပန်း – မင်းရဲ့အချစ်ကိုလက်ခံလိုက်တယ်
၁၁။ ဆပ်သွားဖူးပန်း – သစ္စာမရှိတဲ့သူအတွက်ဝမ်းနည်းရတယ်
၁၂။ ဆောင်တော်ကူးပန်း – မင်းကြောင့်ကိုယ့်မှာရူးရပြီ
၁၃။ ဆယ့်နှစ်ရာသီပန်း – ရိုးသားဖြူစင်ခြင်း
၁၄။ ညမွှေးပန်း – အရာရာဟာမင်းအတွက်ဖြစ်စေရမယ်လို့ ကတိပေးပါတယ်
၁၅။ ဒေလီယာပန်း – မကြာခင်မှာဆုံတွေ့ ကြရအောင်
၁၆။ ဒေါနပန်း – တို့တွေခွဲခွာကြပါစို့
၁၇။ ဒန်းပန်း – ဘ၀ကိုအရှုံးမပေးနဲ့
၁၈။ နှင်းပန်း – အဆင်မပြေမှုတွေဟာ တခဏပါ
၁၉။ နှင်းဆီပန်း – ကိုယ်တော့မင်းကိုချစ်နေမိပြီ
၂၀။ နေကြာပန်း – မင်းဘ၀ရှေ့ရေးအဆင်ပြေဖို့ ကိုယ်တာဝန်ယူပါတယ်
၂၁။ ပိတောက်ပန်း – မင်းဟာကိုယ့်အတွက်ရှားပါးဆုလာဒ်
၂၂။ ပျားခတ်ပန်း – မင်းဟာဒီပန်းလေးလား

ဘ၀ပင်လယ်

1:50 pm in Creative Writing, Poetry by မန်း ရိပ်

ငါတို့ဖြတ်သန်းရမှာက  ဘ၀ဆိုတဲ့ပင်လယ်

ပျံသန်းဖို့တောင်ပန် တစုံ အမေ မပေးလိုက်ဘူး…။

ယုံကြည်မှုနဲ့ လှေကိုထွင်း

ရည်မှန်းချက်နဲ့ ရွက်တိုင်လွင့်

သူရဲကောင်း သုံးယောက် (ဇွဲ၊လုံးလ၊၀ိရိယ) အမြဲ ဘေးမှာရှိတယ်…..။

ငါတို့ မနက်ဖြန်တွေမှာ

နေရောင်ခြည်ကို တွေ့ချင်မှတွေ့မယ်……………..

ငါတို့ မနက်ဖြန်တွေမှာ

ဝံပုလွေလာဆင်လို လူမျိုးနဲ့ တွေ့ချင်တွေ့မယ်…….

ငါတို့ မနက်ဖြန်တွေမှာ

ပင်လယ် မီးစုန်းတွေနဲ့ တွေချင်တွေမယ်………….

ငါတို့ မနက်ဖြန်တွေမှာ

မုန်တိုင်းတွေနဲ့ တွေ့ချင်တွေ့မယ်…………………..။

ဘာပဲဖြစ်ဖြစ် ဘာပဲတွေ့တွေ့

ငါတို့ မနက်ဖြန်တွေမှာ

လောကဓံနဲ့ မျက်နှာသစ်လို့

ငါတို့အရောက်သွားမယ် တဖက်ကမ်းဆီက

ငါတို့ ရဲ့ ပန်းတိုင်……………………………………..။

by taylay

ကလင်ကလင် ဟဲလို အမိန့်ထုတ်ပါ စားခွင့်

10:49 am in Creative Writing, Poetry by taylay

အားလုံးနှင့် ထမင်း အတူ စားခွင့် ပါမစ်ကို အစ်မ နံပါတ် ၆ က ချပေးခြင်းဖြစ်ပါသည်။

ဟဲလို ႛ ႛ ႛ ဟဲလို ႛ ႛ ႛဟဲလို ႛ ႛ ႛ”. “ဟဲလို ႛ ႛ ႛ ဟဲလို ႛ ႛ ႛဟဲလို ႛ ႛ ႛ”. “ဟဲလို ႛ ႛ ႛ ဟဲလို

ကလင်” ဟုတ်ပါသည် သူ့  မဖုန်းပါ ဒီတခါတော့ သူနဲ ကလင်..ကလင်” ၉း၃၁ သူမဖုန်းပါ

ဟဲလို..ပြောရတာလည်း မောလှပါပြီဗျ..ဘယ်မလည်း UN action?

********* “ဟုတ်ကဲ့ပါရှင် . ကလင်..ကလင်..ကလင်…” “ဟုတ်ကဲ့ပါခင်ဗျာ.

:D ဘူဖေးဆိုတော့လည်း အကြာကြီး စောင်ပြီးမှ စားခွင့် ရလိုက်တယ်.. :P

မင်္ဂလာပါ. ပြန်စာ -> ဟဲလို…..မင်္ဂလာပါ.

နံပါတ် ၁၀ အစ်မသည်ပင် တ၀ိုင်းတည်း စားခွင့် ရထားတာ သိပ်မကြာသေး။

နွေရာသီလမ်းကလေးထဲ ကလင် ကလင် မြည်လို့. February 14, 2010 thoehtane

123 အချစ်

6:00 am in Critic, Drama, Essays.., Languages, Literature, Poetry, Think Tank by mr.dark blood

ဒါလည်း ကျွန်တော်ရေးထားတဲ့စာလေးပါပဲ….

သူများတွေက ၁၂၃နဲ့ အချစ်ကို စာသီကြတယ်။
ကျွန်တော်က 123 နဲ့ အချစ်ကို စာသီကြည့်မယ်။

One သွားနေရင်း ကျွန်တော်စဉ်းစားမိ ?
Two နှစ်ကိုယ်နီးဖို့ စကား
Three In One ကော်ဖီသောက်ရင်း သူပြောသွား
Four ဖိုးပြောတဲ့ အိမ်ထောင်ရေး
Five တော့မယ်လို့ မောင်စဉ်းစား
Six တိုက်သလို ဒီတိုက်ပွဲ
Seven ဒေးလုံး ကြိုးစားခဲ့။
Eight မက်တွေ ထုဆစ်ခဲ့..။
Nine နိုင်းတောင် ရင်သွေးရသွားခဲ့.ဒီလိုနဲ့
Ten မှာပုဆိုးလှန်းပြီး နောက်ဆုံး ပုဆိုးတန်းတင်ပဲပြုသွားရခဲ့။
Eleven ဖတ်ရင်း အတိတ်ကြောင်း စားမြုံပြန်မိရဲ့။
Twenth ရှည်ကြာအိမ်ထောင်သက်ကြီးလည်း နောက်ဆုတ်မရခဲ့။