You are browsing the archive for knowhow.

by Kyaemon

Singapore 2010 Youth Olympics

3:51 am in Community & Society, Cultures, Education, Events, Health & Fitness, News, Photography, Society & Lifestyle, Sports & Recreation, Travel, World News, knowhow by Kyaemon

Wonderful pictures from a beautiful island nation sponsoring the 2010 Youth Olympics.

Singapore 2010 Youth Olympics


On Saturday, Singapore welcomed young athletes from around the world in a ceremony opening the inaugural Youth Olympic Games. This is the first ever Summer Youth Olympics, an event designed to be celebrated in the same tradition of the Olympic Games – the major difference being that the competitors are all between 14 and 18 years of age. This year, 3,500 athletes from more than 200 countries are competing in 184 events in 26 sports. Collected here are some photographs of the inaugural Youth Olympic Games, which will run until its closing ceremony on August 26th. (37 photos total)

by kai

Windows Recovery System

11:08 pm in Computers & Technology, knowhow by kai

http://itmen.myanmarbloggers.org/2008/08/windows-recovery-system.html

မှတိုက်ရိုက်ကူးယူဖေါ်ပြပါတယ်။အောက်ကအရောင်ပြောင်းထားတဲ့စာတွေပါ။ နည်းနည်းကြာနေပြီဆိုပေမဲ့…ဗဟုသုတပေါ့.။ ဒီခေတ်က ဟဒ်ဒရိုက်တွေလဲ ဈေးပေါတာမို့ တတ်နိုင်ရင်တော့ ဒေတာတွေကို portable hard driveစတိုးဆိုင်မှာဝယ်ပြီး အဲဒီထဲ သိမ်းထားပေါ့။ Cloud Computing ခေတ်မို့ ဒေတာတွေကို တိမ်တိုက်တွေမှာသိမ်းတာကတော့ စိတ်ချရပြီး ဘယ်နေရာကမဆို ဆွဲချလို့ရတာမို့ …Cloud Computingကိုလည်း အကျိုးရှိစွာသုံးကြပါလို့တိုက်တွန်းပါတယ်..။

ကွန်ပျူတာများမှာ အဆိုပါရီကာဗာရီမျိုး ၀ယ်ကတည်းကပါလာတတ်တယ်။ တချို့ကွန်ပျုတာ(HP/Compaq)တွေက ဖွင့်ဖွင့်ချင်း (f11 system recovery)နှိပ်ပါဆိုတာဘာမှန်းမသိ နှိပ်ချလိုက်တာမို့ ရှိသမျှဒေတာတွေပျက်ပြီး (၀ယ်တဲ့အခြေအနေ)စက်ရုံထုတ်အဆင့်ပြန်ရောက်သွားတာလည်းရှိရဲ့။ ဆိုတော့..သတိထားပြီးလုပ်ကြပေါ့နော..။ အဲဒါမျိုးဆို ရှိတဲ့ ဓါတ်ပုံတွေ၊ ဒေတာတွေပြန်ရဖို့ မဖြစ်နိုင်သလောက်မို့ပါ။

ကမ္ဘာ့အမြင့်ဆုံး ရုပ်တုများ

9:17 am in knowhow by zeitgeistguy

ကမ္ဘ.ာအမြင့်ဆုံး ရုပ်တုများထဲမှ အမြင့်ဆုံးမှာ
ဂျပန်နိုင်ငံရှိ Ushiku Amida Buddha ရုပ်ပွားတော်ကြီး ဖြစ်သည်။
အမြင့် ၁၂၀ မီတာ ရှိပြီး ၁၉၉၅ ခုနစ်တွင် တည်ထားကိုးကွယ်ခဲ့သည်။

ဒုတိယ အမြင့်ဆုံးမှာ တရုတ်နိုင်ငံရှိ Yellow Chinese Emperors Huangdi
and Yandi ဖြစ်သည်။
အမြင့် ၁၀၃ မီတာခန့်ရှိသည်။

တတိယ အမြင့်ဆုံးမှာ ယူကရိန်း နိုင်ငံ Kyivi ရှိ ၊ံHomeland -Mother
ရုပ်တုကြီး ဖြစ်သည်။
အမြင့် ၁၀၂ မီတာခန့်ရှိသည်။ ဒုတိယ ကမ္ဘာစစ် ၏ အမှတ်သညာလည်း ဖြစ်သည်။

စတုတ္ထအမြင့်ဆုံးမှာ ရပ်ရှား နိုင်ငံ၊ မော်စကို မြို့ရှိ Peter I ရုပ်တု
ဖြစ်သည်။
အမြင့် ၉၆ မီတာခန့်ရှိသည်။

ပဉ္စမ အမြင့်ဆုံးမှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက် ဆိပ်ကမ်းရှိ Statue
of Liberty ဖြစ်သည်။
အမြင့် ၉၃ မီတာ ခန့်ရှိသည်။ အမေရိကန်ပြည်ထောင်စု၏ လွတ်လပ်ရေးကို
ကိုစားပြုသည်။
ပြင်သစ်နိုင်ငံမှ အမေရိကန်၏ လွတ်လပ်ရေးကို ဂုဏ်ပြုသောအားဖြင့် ပေးအပ်ခဲ့
ခြင်းဖြစ်သည်။

ဆဌမ အမြင့်ဆုံးမှာ ရပ်ရှားနိုင်ငံ ၊Volgograd ရှိ Homeland mother ရုပ်တု
ဖြစ်သည်။
အမြင့် ၈၂ မီတာ ခန့်ရှိသည်။

portable software တစ်ခုဖြစ်လာဖို့အတွက်

8:49 am in Computers & Technology, knowhow by attachboy

portable software တစ်ခုဖြစ်လာဖို့အတွက်
(၁) win rar
(၂) universal Extractor နှစ်မျိုးရှိရပါမယ် . winrar ကတော့ လူတိုင်းနီးနီးမှာ ရှိကြမှာပါ . ဒါ့ကြောင့် မတင်ပေး တော့ပါဘူး . universal extractor ကိုတော့ တင်ပေးလိုက်တယ် . အောက်မှာ Download လုပ်လိုက်ကြပါ .

Download ifile.itDownload multiupload

firefox 3.5.5 ကို portable လုပ်ပြလိုက်ပါ့မယ် .

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း အသိအမှတ်ပြု စာမေးပွဲများ

2:37 pm in Computers & Technology, Creative Writing, Drama, Essays.., Software, knowhow by manawphyulay

MCPA အသိအမှတ်ပြု စာမေးပွဲဆိုတာ ဘာလဲ?
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသ်းက ကြီးမှူးပြီး
- ကွန်ပျူတာ ပညာရှင်များ ကွန်ပျူတာပညာရပ်နှင့်ပတ်သကှ်ု၍ နားလည်ပြီး ကျွမ်းကျင်မှုအဆင့် တိုးတက်မြင့်မားလာစေရန်။
- သတင်းအချက်အလက် နည်းပညာနယ်ပယ်တွင် နားလည်တတ်ကျွမ်းသူတစ်ယောက်အဖြစ် အသိအမှတ်ပြုစေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပါတယ်။

MCPA က ဘာစာမေးပွဲတွေကို ကျင်းပနေလဲ?
MCPA အနေနဲ့ Software Engineering နဲ့ Network Engineering တို့အတွက် စာမေူးပွဲများကို ကျင်းပပေးနေပါတယ်။ ယခုအခါမှာ
- MCPA Certified Fundamental Engineer
- MCPA Certified Network Associate အောင်လက်မှတ်များပေးမည့် စာမေးပွဲ (၂) ခုကို ကျင်းပပေးလျက်ရှိပါတယ်။ ထိုစာမေးပွဲများမှာ အိုင်တီနယ်ပယ်သို့ စတင်ဝင်ရောက်ရန်အတွက် လိုအပ်ချက်များ ပြည့်စုံမှုကို စစ်ဆေးပေးသော စာမေးပွဲများ ဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဖြေရမှာလဲ?
စာမေးပွဲများကို နှစ်စဉ် ဇွန်လနှင့် ဒီဇင်ဘာလများမှာ ကျင်းပပါတယ်။

MCPA အသိအမှတ်ပြု စာမေးပွဲအောင်ရင် ဘယ်လိုအကျိုးကျေးဇူးတွေရမှာလဲ?
- မြန်မာနိုင်ငံရဲ့ အကြီးဆုံး IT Professional Body ရဲ့ အသိအမှတ်ပြု လက်မှတ်ရရှိမှာ ဖြစ်ပါတယ်။
- မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ စီစဉ်သော နိုင်ငံခြားပညာသင်ဆုကိုလည်း လျှောက်ထားနိုင်ပါတယ်။

Information Security ဟောပြောပွဲအကြောင်း နားထောင်ခဲ့မိသမျှ

2:01 pm in Computers & Technology, Creative Writing, Drama, Essays.., Software, knowhow by manawphyulay

စနေနေ့ နေ့လည် ဟောပြောပွဲကို ၂ နာရီမှ စတင်ပြီး အရင်ဆုံး ပြောကြားတဲ့သူကတော့ ဦးရဲကျော်သိန်းဖြစ်ပါတယ်။
Security တွေ ဘယ်လိုလုပ်ရမယ်ဆိုတာတွေ ပြောပါတယ်။ ဒါပေမယ့် မှတ်မိသလောက်ပဲ တင်ပြပါမယ်။
Range of Security
-Generate
-General Security Concept
အီးမေလ်းတို့ ဆာဗာတို့မှာလည်း လုံခြုံမှုလိုအပ်ကြောင်း နောက် Security ဆိုတာ နေရာတိုင်းမှာ လိုအပ်ပါတယ်။
Commuation
Authentication

Web based Service
- Secure Sockets layer/Transport layer Security (SSL/TLS)
- Secure Hypertext Transfer Protocol (S- HTTP)
- Directory Services
- Linghtweight Directory Access Protocol(LDAP)
- Files Transfer
- File Transfer Protocol(FTP)

Devices
- Remod Access Service (RAS)
- Hardware base Virtual Private Network (VPN)
-
Security Topologies
DMZ, VLAN, NAT, Proxy
-Intrusion Detection
- IDS Plan (network bases/ host base)
- Active/Passive/Pro active Protection
- Security Baselines
- Secure OS/NOS
- ACL (important Security)

Password တစ်ခုတည်း သုံးသင့်သလား

7:57 am in Computers & Technology, knowhow by Hein Thu

ကြုံနေကျပြသနာများ
အင်တာနက်ဆိုင်ထဲသို့ ကောင်လေးတစ်ယောက် ၀င်လာသည်။ ပြီးလျှင်လွတ်နေသည့် ခုံတစ်လုံးတွင် ၀င်ထိုင်သည်။ Google Search ကို ဖွင့်လိုက်သည်။ နာမည်ကြီး ၀က်ဘ်ဆိုက် တစ်ခုကို ဖွင့်၏။ ထိုဝက်ဘ်ဆိုက်က လူငယ်များအကြားရေပန်းစားနေ
သော ၀က်ဘ်ဆိုက် တစ်ခု ။ အရင်ဆုံး member ၀င်ပြီးမှ သုံးလို့ရသည့်ဆိုက်မျိုး ။
ကောင်လေးက ထိုဝက်ဘ်ဆိုက်ကို တော်တော်ကြိုက်သဖြင့် လွန်ခဲ့သည့်
တစ်ပတ်လောက်က sign up လုပ်ခဲ့ခြင်းဖြစ်သည် ။ ဒီကြားထဲစာမေးပွဲရှိသဖြင့် အင်တာနက်ဆိုင် သို့ မရောက်ဖြစ် ။ ယခု မှ လာသုံးခြင်းဖြစ်သည် ။
ဟော…ပေါ်လာပါပြီ ။ ၀က်ဘ်ဆိုက်၏ Home Page စာမျက်နှာ ။
ကောင်လေးက user name တွင် သူ၏ နာမည်ကို ရိုက်ထည့် လိုက်သည်။ ပြီးလျှင် password ကို ရိုက်ဟန်ပြင်သည် ။ ကောင်လေး တစ်ချက်ငိုင်သွားသည် ။
ပြီးလျှင် တစ်စုံတစ်ရာကို ရိုက်ထည့်လိုက်သည် ။ ကွန်ပျူတာဖန်သား
ပြင်ပေါ်တွင် ပြန်ပေါ်လာသည်က ” Your user name and password do not match.” တဲ့ ။
ကောင်လေးက နောက်ထပ် password တစ်ခု ထပ်ရိုက်သည်။ မထူးခြား ။ ယခင်အတိုင်းပင် ။ နောက်တစ်ခု ထပ်ရိုက်သည် ။ ယခင်နည်း အတိုင်း ။
ကောင်လေး ဇောချွေးတွေ ပြန်လာသည် ။ ယခင်အပတ် က သူ ၀င်ခဲ့သည့် password ကို သူမမှတ်မိတော့ ။
ကောင်လေးက သုံးလို့ ကောင်းသည့် ၀က်ဘ်ဆိုက် မှန်သမျှ member ၀င်တတ်သည့် အကျင့်ရှိသည်။ mandalay gazette တွင်လည်း member ၀င်သည်။ myanmar family forum တွင်လည်း member ၀င်ထားသည် ။ facebook ၊
twitter ၊ အခြား အားကစား ၀က်ဘ်ဆိုက်များ ၊ ဂိမ်း ၀က်ဘ်ဆိုက်တော်တော် များများ တွင်
member ၀င်ထားသူ ။ member ၀င်တိုင်းလည်း password အမျိုးမျိုး သုံးတတ်သည် ။
ကောင်လေးနောက်ဆုံးတော့ လက်လျှော့လိုက်သည် ။ သူဘယ်လိုမှ စဉ်းစားမရတော့ ။ Password တွေ အကုန်ရောကုန်သည် ။ ဒါမျိုးတွေက ဖြစ်နေကျပါ ။

ဂျီတော့မှာ always idle တင်ကြမယ်…

9:55 am in Computers & Technology, Other - Non Channelized, knowhow by lu ta lone

သူငယ်ချင်းတို့ရေ- သိပြီးကြပြီလား
Gtalk မှာ ကိုယ်မပြောချင်တဲ့သူကိုပဲဖြစ်ဖြစ်၊ အလုပ်များနေတဲ့အချိန်မှာပဲဖြစ်ဖြစ်
စကားပြန်မပြောချင်လို့ အလိမ္မာနည်းလေးသုံးပြီး ရှောင်တိန်းချင်သူများအတွက်
ဘော်ဒါတစ်ယောက်ဆီကရတဲ့ ဗဟုသုတလေးတွေကို
ဒီနေရာမှာလက်ဆင့်ကမ်းလိုက်ပါတယ်နော်။
1) ဒီနေရာ. ကို နှိပ်လိုက်ပါ။
2) zip file ကို သိမ်းဆည်းလိုက်ပါ။
3) gidle.exe ကို Run လိုက်ပါ။
4) Run နေချိန်မှာ ဘာမှစိုးရိမ်ဘို့မလိုပါဘူး။
5) Run ပြီးသွားရင် G-talk အိုင်ကွန်ပေါ်မှာ right-click နှိပ်လိုက်ပါ။
6) ဖေါ်ပြပါပုံပေါ်မှာ always idle ကိုရွေးပြီး နှိပ်လိုက်တာနဲ့ အိုကေသွားပါပြီ- ပျော်ရွှင်ကြပါစေ။

Credit: suhastech.com

မိမိရေးထားသောစာများကို Mp3 ပြုလုပ်နည်း…

9:20 am in Computers & Technology, Entertainment, knowhow by lu ta lone

မိမိရေးလိုက်သောစာများကို အသံ File (MP3) အဖြင့်နားထောင်းချင်တယ်ဆိုရင်တော့အောက်မှာ ပေးထားတဲ့ Website မှာသွားလုပ်နိုင်ပါတယ်။စာသားများကိုအသံဖြစ်ပြောင်းရာတွင် အသံနှစ်မျိုးပေး ထားပါတယ်။မိန်းခလေးအသံနှင့်ယောက်ကျားလေးအသံကြိုက်ရာရွှေးပြီအသံသွင်းနိုင်ပါတယ်။ အသုံးပြုနည်း ၁။ Enter text in English တွင်စာများရိုက်ထည့်ပါ။ ၂။Male Voice တွင်မိန်ခလေးအသံကြိုက်ရင် Female Voice ကိုရွေးပေးပါ။ ၃။Create Mp3 ကိုနှိပ်ပါ။ ၄။Save လုပ်လိုလျှင် Download Mp3 ကိုနှိပ်ပါ။

Link :http://vozme.com/index.php?lang=en

သွေးအမျိုးအစား ကပြောသော ဗေဒင်

6:51 am in knowhow by Yin Nyine Nway

သွေးအမျိုးအစား ကပြောသော ဗေဒင်

” A “သွေးပိုင်ရှင်များ ၏ထူးခြားချက်

သွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို
ခန့်မှန်းလို့လည်း ရပါတယ်..ဒီနေ့တော့ သွေးအုပ်စု လေးမျိုးထဲက
အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားများကို ဖော်ပြပေးလိုက်ပါတယ်..

အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတိုင်းပါ..
ငယ်စဉ်ဘ၀မှာတော့ သူတပါးကို စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ
ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့… သူတပါးကို နောက်ပြောင်ရတာကိုလဲ
ကြိုက်နှစ်သက်ပါသတဲ့… ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က
စရိုက်သဘာဝများက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး သူများတကာတွေ
အံ့အားသင့်လောက်အောင် အေးဆေးတည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့…
အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့် အရာအားလုံးကို တာဝန်သိစွာ
လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့… တခါတလေ ပတ်ဝန်းကျင် အခြေအနေ
မကောင်းတဲ့ အခါမှာ စိတ်လေလွင့်တတ်ပါတယ်တဲ့… အသစ်အဆန်းတွေကို
စမ်းသပ်လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း
ကျင်လည်ရတာကို နှစ်သက်သူများ ဖြစ်ကြပါတယ်… အလုပ်တစ်ခုကို
လုပ်ပြီဆိုရင်လည်း အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက် အဆင့်လိုက်
တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ… သပ်သပ်ရပ်ရပ်
စေ့စေ့စပ်စပ်နဲ့ အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ…
နေ့စဉ်နေ့တိုင်း လုပ်နေကြ အလုပ်တွေကိုပဲ လုပ်နေတတ်လို့ အသစ်အဆန်းကို
မရှိဘူးလို့ အပြောခံရတာကိုလည်း ခံရတတ်ပါတယ်… ဒါ့အပြင် ဘယ်လို
အခြေအနေမျိုး မဆို ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ
ပြတ်သားလွန်းတာကြောင့် မာဆတ်ဆတ်နိုင်တယ်… ဘုကြတယ် ဆိုပြီး
အပြောခံရတာမျိုးလည်း ရှိနိုင်ပါတယ်…

? ပါသလား။

10:55 am in knowhow by Yin Nyine Nway

၁။ ပုရွက်ဆိတ်တွေ တက်နေပါသလား။

ပုရွက်ဆိတ်တို့သည် သခွားသီးကို မုန်း၏။ ထို့အတွက် ပုရွက်ဆိတ်များလာလျှင် သူတို့လမ်းကြောင်းတွင် သခွားသီးခွံများ ပစ်ချထားလိုက်ပါလေ။ ၎င်းတို့သည် ကြိမ်ဆဲကာ အဝေးသို့ထွက်ပြေးသွားပါလိမ့်မည် (လို့ပြောပါသည်)။

၂။ အမှုန်အမှိုက်များ လုံးဝကင်းစင်သော ရေခဲတုံးကလေးများ အလိုရှိပါသလား။

ရေခဲသေတ္တာထဲ မထည့်မီ ရေကို အရင်ကြိုလိုက်ပါ (တဲ့)။ ဆိုလိုသည်မှာ ရေကျက်အေးကို ရေခဲတုံးလုပ်ပါ။

၃။ ကြည့်မှန်ကို လုံးဝ ကြည်လင်နေစေလိုပါသလား။

မှန်ကို အရက်ပျံဖြင့် ပွတ်ပေးပါ (တဲ့)။

၎။ အင်္ကျီမှာ ပီကေတွေပေလာလို့ ကလေးကို ရိုက်မလို့လား။

မရိုက်ပါနဲ့ဗျာ။ အဲဒီအင်္ကျီကို ရေခဲသေတ္တာထဲ တစ်နာရီလောက် ပစ်ထည့်ထားလိုက်ပါ။ အိုကေမှာ စိုပြေသွားပါလိမ့်မယ် (တဲ့)။

၅။ အစ်ကိုတို့ရဲ့ ရှပ်အင်္ကျီအဖြူလေးတွေကို ဖြူဖွေးတောက်ပြောင်သွားစေလိုပါသလား။

အင်္ကျီ ကို သံပုရာသီးခြမ်းနဲ့အတူ ရေပူထဲမှာ ၁၀ မိနစ်လောက် စိမ်ပါ။ (သူတို့ရေးတဲ့အတိုင်း ပြန်ရေးပြတာပါ။ ကျွန်တော်တစ်ခါမှတောင် မစမ်းဖူးပါဘူး။ အင်္ကျီကို သံပုရာသီးကဟာတွေ စွမ်းကုန်ရင် ကျွန်တော့်ကို မေတ္တာမပို့ဘဲ မူရင်းရေးတဲ့သူကိုပို့ပါလို့၊ အဟိ။ သြော်၊ စမ်းကြည့်ပြီး တကယ်ဟုတ်တယ် ဆိုရင်လဲ လက်တို့လိုက်ပါဦးနော်။)

၆။ သံပုရာသီးထဲက အရည်တွေကို အကုန်ညှစ်ထုတ်လိုပါသလား။

သံပုရာသီးတွေကို ရေနွေးနဲ့ တစ်နာရီကြာစိမ်ပြီးမှ ညှစ်ပါ (တဲ့)။

၇။ ဂေါ်ဖီထုပ်ကြော်ရင် အနံ့မနံအောင် -

by kai

သိထားသင့်သော Computer Symbols များ

7:15 pm in Computers & Technology, Contributor, Columnist, History, knowhow by kai

အင်တာနက်တက်နေသူတွေ သိထားသင့်တယ်ထင်လို့ ကူးတင်လိုက်တာပါ။

ဒီဆောင်းပါး(အော်ရီဂျင်နယ်)ရေးသူက  Appleသမားထင်ပါတယ်။ အခုထဲကတခု၂ခုက ၀င်းဒိုးသမားတွေ သိပ်မသုံးတာပါနေလို့ပါ။ အရေးကြီးပြီး မြန်မာတွေ အသုံးမှားတတ်တဲ့ @ အကြောင်းကိုသေချာဖတ်ပေါ့နော…။
@ At ကို မြန်မာလိုဘာသာပြန်ရင် (၌၊မှာ။တွင်၊၀ယ်)တဲ့..။
တချို့ …ကိုယ့်နာမယ်တွေမှာ alias အနေနဲ့သုံးနေတာတွေ့ဖူးလို့…။ မှားတယ်တော့မဟုတ်ပါဘူး..။
ကိုယ့်နည်းကိုယ်ဟန်ပေမဲ့ တခြားနားလည်သူတွေဖတ်မိတော့ ကြောင်တာပေါ့..။

Power

It’s plastered on T-shirts; it tells you which button will start your Prius; it’s even been used on NYC condom wrappers. As far back back as WWII engineers used the binary system to label individual power buttons, toggles and rotary switches: a 1 meant “on,” and a 0 meant off. In 1973, the International Electrotechnical Commission vaguely codified a broken circle with a line inside it as “standby power state,” and sticks to that story even now. The Institute of Electrical and Electronics Engineers, however, decided that was too vague, and altered the definition to simply mean power. Hell yeah, IEEE. Way to take a stand.
ဒီဟာမှာ ထပ်ဖြည့်ချင်တာက ဒက်စတော့ကွန်ပျူတာရဲ့ ပါဝါဖွင့်ပိတ်ခလုပ်ကို ကြည့်ဖို့ပါ။ အဲဒီမှာ သုံည(0)နဲ့ တစ်( 1)ေ၇းထားပါတယ်။
သဘောတူတူပါပဲ။ 1 meant “on,” and a 0 meant off. နဲ့တူတူယူဖို့ပါ။ ဒါက အီလက်ထေ၇ာနစ်သမားတွေတော့ လွယ်လွယ်သိပါတယ်။ ထရန်စစ်စတာတွေရဲ့ လော့ဂျစ်မှာ သုံးလိုပေါ့။ ဆိုတော့ ဒစ်ဂျစ်တယ်လောကကြီးကလည်း ဒါပါပဲ။ 010101010101010 ကမ်ဘာလေ..။

by Kyaemon

China Is Leading the Race to Make Renewable Energy – NYTimes.com

7:59 am in Business & Economics, Community & Society, Computers & Technology, Education, Environment, Jobs & Careers, Money & Finance, News, Science, Religion & Spirituality, Sciences, Society & Lifestyle, Think Tank, Travel, U.S. News, World News, knowhow by Kyaemon

====================

China Is Leading the Race to Make Renewable Energy – NYTimes.com



http://www.nytimes.com/2010/01/31/business/energy-environment/31renew.html



TIANJIN, China — China vaulted past competitors in Denmark, Germany, Spain and the United States last year to become the world’s largest maker of wind turbines, and is poised to expand even further this year.


China has also leapfrogged the West in the last two years to emerge as the world’s largest manufacturer of solar panels. And the country is pushing equally hard to build nuclear reactors and the most efficient types of coal power plants.

by etone

မီးဖိုဆောင်ဆေးနည်းလေးတွေပါ

3:48 am in Health & Fitness, knowhow by etone

*ကြက်ဟင်းခါးသီးကိုထောင်း၍ ထွတ်လာသော သတ္တု ရည်ကို စတီးဇွန်း

ဖြင့် မနက် တစ်ဇွန်း ၊ညတစ်ဇွန်း သောက်လျှင် ဆီးချိုရောဂါဝေဒနာရှင်များ သက်သာ ပျောက်ကင်းစေနိုင်ပါသည်။

* ကြက်သွန်ဖြူ ကိုနေ့စဉ် မှန်မှန် စားသုံးပေးခြင်းဖြင့် သွေးတိုးရောဂါ ကို

ကာကွယ်သည့်အပြင် ပျောက်ကင်းစေနိုင်ပါသည်။

* ချင်း ကို အရက်နှင့်စိမ်ပြီး သောက်ပါက သွေးကြောပိတ်ရောဂါသက်သာစေပါသည်။

* နနွင်း မုန့်(ဆနွင်း) လက်ဖက်စားတစ်ဇွန်းခန့်နှင့် သကြားခဲနီအားဆတူ ရောစပ်ပြီး ဆန်ဆေးရည်နှင့်

သောက်ပါကှဆီးအိမ်တွင် ကျောက်တည် ခြင်းကို သက်သာပျော်ကင်းစေပါသည်။

မသိသူကျော်သွား သိသူဖေါ်စား မီးဖိုဆောင်ဆေးနည်းလေးတွေပါ။

ကျန်းမာမှ ချမ်းသာပါမည်၊ ဒါပေမယ့်ကျွန်တော်က ကျန်းမာပြီးမချမ်းသာဘူးလေ။စိတ်ေ

တာ့ချမ်းသာပါတယ်။

ရုပ်သံဖန်တီးထုတ်လုပ်မှုသင်တန်းအပတ်စဉ်(၂)

7:31 am in Computers & Technology, knowhow by manawphyulay

မီဒီယာနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) မှ ဒစ်ဂျစ်တယ် ဗီဒီယိုနည်းပညာများ ပြည်သူလူထုအတွင်း ပြန့်ပွားစေရန် ရည်ရွယ်ချက်ဖြင့်“ရုပ်သံဖန်တီးထုတ်လုပ်မှုသင်တန်းအပတ်စဉ်(၂)” အား ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ Myanmar Info-Tech ရှိ အဆောင်(၁) သင်တန်းခန်းတွင် သြဂုတ်လ(၂၈) ရက်နေ့မှ စက်တင်ဘာလ (၂၆) ရက်နေ့အထိ စနေ/တနင်္ဂနွေတန်းခွဲအဖြစ် နံနက်(၁၀းဝဝ)နာရီ မှ ညနေ(၄းဝဝ) နာရီအထိ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်သည်။ သင်တန်းကြေးမှာ ၁၂၀ဝဝဝိ/-(တစ်သိန်းနှစ်သောင်းကျပ်တိတိ) ကျပ်ဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းဝင် များအား ၁ဝ% Discount ပေးမည် ဖြစ်သည်။

အဆိုပါသင်တန်းတွင်  ကွန်ပျူတာအခြေခံအဆင့် လေ့လာထားပြီး၊ ရုပ်သံအစီအစဉ်များနှင့် ရုပ်မြင်သံကြားကြော်ငြာများ၊ မှတ်တမ်းရုပ်ရှင်ကားများ ရိုက်ကူးတည်းဖြတ်ထုတ်လုပ်မှုများ အကြောင်းကို စိတ်ဝင်စားစွာလေ့လာလိုသူများ၊ ကုမ္ပဏီများ၊ ဌာန ဆိုင်ရာများတွင် Video Presentation များဖြင့် နေ့စဉ် ထိတွေ့လုပ်ကိုင်နေသူများ၊ အခြေခံပညာအထက်တန်း အောင်မြင်ထားသော လူငယ်များအား ရုပ်သံနည်းပညာ တွင်ပါဝင်သော ဗီဒီယိုပုံရိပ်များဖွဲ့စည်းမှုသီအိုရီ၊ ဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းနှင့် DVD ထုတ်လုပ်ပုံများ၊ အသံပိုင်းဆိုင်ရာများစာတွေ့လက်တွေ့ပါဝင်ပြီး Adobe Certified Expert စာမေးပွဲနှင့် နိုင်ငံခြားရုပ်သံ တက္ကသိုလ်ဝင်ခွင့်များ ဖြေဆိုရာတွင် အထောက်အကူရရှိပါမည်။ အထက်ပါသင်တန်းအား ဦးဝဏ္ဏကျော် (Art Director – People Media, Inforithm-Maze )  ASEAN Award Winning New Media Artist, Contributor (Internet Journal) မှ သင်ထောက်ကူ ပစ္စည်းအပြည့်အစုံဖြင့် လာရောက်သင်ကြားမည်ဖြစ်ပြီး ဧည့်ပညာရှင်များအဖြစ် စာရေးဆရာ ချစ်ဦးညိုမှ ဇာတ်ညွှန်းရေးသားခြင်း အကြောင်း၊ ဒါရိုက်တာ ဇော်ဆက်မှ ဇာတ်ကားတည်းဖြတ်မှု အကြောင်း၊ တေးရေးနောင်နောင်(S.F) မှ ဇာတ်ဝင်တေးရေးသားခြင်း အပါအဝင် ဂီတရုပ်ရှင် အခြေခံသဘောတရားများကို တစ်ချိန်စီလာရောက်ပို့ချပေးကြမည်ဖြစ်သည်။ Software Application Installer များ၊ Plug-ins များ၊ Resource Material များ၊ ခေတ်ပေါ်ဗီဒီယို နည်းပညာနှင့် ရုပ်ရှင်ဂီတသဘောတရား ဆိုင်ရာ မှတ်စု များ ကိုလည်း တစ်ပါတည်း ဖြန့်ဝေပေးသွားမည်ဖြစ်သည်။ အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ်-၆၅၂၂၇၆ သို့ သြဂုတ်လ(၂၅)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်သည်။

လေ့လာဆဲ ပရိုဂရမ်မာများအတွက် လျှို့ဝှက်ချက်များ

3:42 am in Computers & Technology, Creative Writing, Drama, Essays.., Software, knowhow by manawphyulay

Programming နဲ့ပက်သက်ပြီး လေ့လောနေဆဲဖြစ်တဲ့ Beginner များ သိထားသင့်တဲ့ လျှို့ဝှက်ချက်အချို့ကို ပြောပြချင်ပါတယ်။ ဒီလျှို့ဝှက်ချက်တွေကို မသိလို့ လမ်းပျောက်နေသူ၊ စိတ်ပျက်နေသူ ပရိုဂရမ်မာ အများအပြားကို တွေ့ဖူးတဲ့အတွက် အခုလိုပြောပြရခြင်း ဖြစ်ပါတယ်။ တစ်ချို့လည်း ပရိုဂရမ်ရေးစားတာထက် အင်တာနက်ဆိုင်မှာ လုပ်တာကမှ ပိုက်ဆံရသေးတယ်လို့ ပြောနေကြသလို တစ်ချို့လည်း ကွန်ပြူတာတက္ကသိုယ်တွေတက်၊ သင်တန်းတွေတက်ပြီး အချိန်တွေ ငွေတွေသာ ကုန်လာတယ် ဘာမှမဖြစ်လာလို့ဆိုပြီး နယ်ပြန် ဈေးရောင်းတော့မယ်ပြောနေတာတွေ တွေ့ဖူးနေပါတယ်။

ဒါတွေဟာ အခုပြောမယ့် လျှို့ဝှက်ချက်တွေကို မသိလို့ ဖြစ်နေတဲ့ ပြဿနာတွေဖြစ်ပါတယ်။ ဒီလျှို့ဝှက်ချက်တွေကို မသိထားရင် ပရိုဂရမ်မာတစ်ယောက်အဖို့ ရပ်တည်ဖို့တောင် ခက်ခဲတက်ပေမယ့်၊ သိထားမယ်ဆိုရင်တော့ ပရိုဂရမ်မာဆိုတာဟာ အကောင်းဆုံး Career လမ်းကြောင်းတစ်ခု ဖြစ်လာမှာပါ။ လျှို့ဝှက်ချက်တွေလို့ ပြောပေမယ့် ဖြတ်လမ်းတွေ၊ Cheat တွေ မဟုတ်ပါဘူး။ ဘယ်အရာမှာမှ ဖြတ်လမ်းဆိုတာ မရှိပါဘူး။ မှန်ကန်တဲ့နည်းလမ်း ဆိုတာပဲ ရှိပါတယ်။

တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့ လျှို့ဝှက်ချက် (၃) ခုအကြောင်းကို ပြောပြချင်ပါတယ်။ ပထမတစ်ခုက အလုပ်ရလွယ်ကူစေမယ့် လျှို့ဝှက်ချက်တွေဖြစ်ပါတယ်…

အလုပ်ရလွယ်ကူစေမည့် လျှို့ဝှက်ချက်များ

လျှို့ဝှက်ချက်တွေကို မပြောခင် လက်ရှိ Software Industry မှာ ကြုံတွေ့နေရတဲ့ အလုပ်အကိုင်အခွင့်အလမ်းအခြေအနေတွေကို အရင်ပြောချင်ပါတယ်။