You are browsing the archive for Editor’s Notes.
အကြိုက်ဆုံး စာစောင်၊ဂျာနယ်ကိုရွေးချယ်ပါ ကဏ္ဍတွင်ထပ်ဖြည့်သင့်သောဂျာနယ်များ
5:36 am in Editor's Notes, Letter to The Editor by zeitgeistguy
အကြိုက်ဆုံး စာစောင်၊ဂျာနယ်ကိုရွေးချယ်ပါ ကဏ္ဍတွင်လူဖတ်များ၍ မပါသောဂျာနယ်များကျန်နေပါသည်။
7 Day News Journal, 8 Days ဂျာနယ်, Internet Journal, NetGuide Electronics &Communicatin Journal, Time To Time Journal.
polls တွင်ထပ်ဖြည့်သင့်သည်ဟုထင်ပါသည်။
by kai
ခေတ်စမ်းလုလင်ကဏ္ဍ – စတီဗင်ဦး
8:06 am in Cover Faces by kai
ဖက်ရှင်ရှိုးတွင်သူ၏ဖက်ရှင်၊သူ၏မော်ဒယ် နှင့်အတူတွေ့ရသော ဒီဇိုင်နာ စတီဗင်ဦး
အသက်၁၅နှစ်အရွယ်တွင် အမေရိကနိုင်ငံ ၏ DV (DiversityVisa) မဲပေါက်ကာမိဘ ဦးမောင်မောင်လင်း-ဒေါ်သန်းသန်းတို့နှင့်အတူ ဆန်ဖရန်စစကိုမြို့သို့ ပြောင်းရွှေ့အခြေချခဲ့သူ၊ ကယ်လီဖိုးနီးယားတက္ကသိုလ်(Berkeley) မှ အသက်၂၃နှစ်အရွယ်၌ ဘွဲ့ရခဲ့သူ၊ ၂၀၀၉ ဒီဇင်ဘာလ၊ အသက်၂၅နှစ်အရွယ်၌San Francisco Academy of Art တက္ကသိုလ်မှ မဟာဘွဲ့ရခဲ့သူ၊ ထိပ်သီးဖက်ရှင်ဒီဇိုင်းပညာရှင် တို့၏ မျှော်လင့်ခြင်း အိပ်မက်တခုဖြစ်သော
ကမ္ဘာ့ကြီး၎ကြီး (မီလန်၊ ပဲရစ်၊ လန်ဒန်၊ နယူးယောက်) ဖက်ရှင်ရှိုးထဲမှတခုဖြစ်သောNew York Fashion Week ၌မိမိရေးဆွဲထုတ်လုပ်သောသိုးမွှေးဖက်ရှင် ဒီဇိုင်းသစ်များကိုတင်ဆက်ပြခွင့်ရရှိခဲ့သည့် မြန်မာဇာတိနွယ် မျိုးဆက်သစ် သန်းနိုင်ဦး (ခေါ်) စတီဗင်ဦး အား Academy of Art University မှPR နှင့် Special Projectမန်နေဂျာ Edith Barker  ကရတနာပုံနေပြည်တော်သတင်းစာ သို့ဆက်သွယ်မိတ်ဆက်ပေးသဖြင့် လော့စ်အိန်းဂျလိစ်မြို့သို့ အလုပ်အင်တာဗျူးအတွက် ရောက်ရှိလာခိုက်တွေ့ဆုံမေးမြန်းခွင့်ရရှိခဲ့သည်။
နာမည်၊မွေးရာဇာတိ၊ယုံကြည်ကိုးကွယ်တဲ့ဘာသာနဲ့မိဘမောင်နှမအကြောင်းအရင်စပြောပေးပါ။
ကျွန်တော့် မြန်မာနာမည်က သန်းနိုင်ဦး၊ ကျောင်းနာမည်ကစတီဗင်ဦး။၁၉၈၄ခုနှစ်နိုဝင် ဘာလ၁၀ရက်မှာမွေးပါတယ်၊ရန်ကုန်ဇာတိပါ၊မိဘများက ဦးမောင်မောင်လင်း နဲ့ ဒေါ်သန်းသန်း၊ ကမ္ဘာသွင်းကုန်ထုတ်ကုန်လုပ်ငန်း နဲ့လင်းလင်းသာကုမ္ပဏီလုပ်ငန်း လုပ်ကြပါတယ်၊ တရုတ်မြန်မာလူမျိုး၊ဗုဒ္ဓဘာသာဝင်ပါ။မောင်နှ မ၃ယောက်မှာကျွန်တော်ကအကြီးဆုံး၊ကျွန်တော့်အောက်မှာညီ၁ယောက်၊ညီမ၁ယောက်ရှိတယ်။ညီက ကယ်လီဖိုးနီးယားတက္ကသိုလ် (Santa Cruz) ကနေစီးပွားရေးနဲ့ဘွဲ့ရပြီးတဲ့ နောက်တရုတ်ပြည်မှာ ပညာဆက်သင်နေပါ
တယ်။ ညီမလေးက ကယ်လီဖိုးနီးယားတက္ကသ် (Davis) မှာတက်နေပါတယ်။
by kai
မြို့မေတ္တာခံယူချင်ကြတယ်ဆိုရင် – မန္တလေးသားမောင်သာရ
8:04 am in Contributor, Columnist, Creative Writing by kai
ပြည်တွင်းပြည်ပကဧည့်သည်တွေလေယာဉ်နဲ့လာလာ သင်္ဘောနဲ့လာလာ ရထားလမ်းကားလမ်းကလာလာ မကြာခင် ရန်ကုန်ကို ရောက်တော့မယ်ဆိုတာ ဘယ်သူကမှ လက်မတို့ ပြောမပြ မကျေညာလဲ ခရီးသည်တိုင်းကသိနှင့်ကြပါတယ်။ ဘာကြောင့်လဲဆို တော့ ‘ရွှေပြောင်ပြောင် တောင်ပေါ်ကဘုရား’ ‘အဝေးကပင်မြင်နိုင်ပါသည်’ဆိုသလိုရွှေတိဂုံ စေတီတော်ကြီးကို လှမ်းဖူးမြင်နေကြရလို့လေ…။
သိတယ်နော်၊ ရွှေတိဂုံစေတီတော်ကြီးကို အရပ်၁၀မျက်နှာရှုထောင့်ပေါင်းစုံကဓာတ်ပုံရိုက်ပြီး ရောင်စုံပုံနှိပ်ထားတဲ့သတင်းစာအရွယ်ဧရာမဓာတ်ပုံပဒေသာ စာအုပ်ကြီးကလဲရှိနှင့်ပြီ။စာအုပ်ကြီးထဲမှာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်အဆင့်ဆင့်နဲ့ငှက်ပျောဖူးတော်တွေကိုချည့်သီးသန့်အနီးကပ်ရိုက်ကူးပြီး ကပ်လှူပူ ဇော်ထားကြတဲ့ ကျောက်သံပတ္တမြားစိန်ထည်ရွှေ ထည်တွေ အနမတဂ္ဂကိုလဲ မြင်တွေ့နိုင်ကြပြီ။
ပြီး ငှက်ပျောဖူးကနေအောက်ကြာမှောက်ကြာ လန်ဖေါင်းရစ်ပန်းဆွဲအထိအပြီးတိုင် ကပ်လှူပူ ဇော်ထားတဲ့ ရွှေပြားထုရွှေသင်္ကန်း အနီးကပ်မြင်ကွင်းတွေ နဲ့ စေတီတော်ကြီးရဲ့ သမိုင်းကြောင်းကို မြန်မာ အင်္ဂလိပ်နှစ်ဘာသာနဲ့ရေး သားပုံနှိပ်ထားတာတွေ စသဖြင့်ကလဲ ပြည့်ပြည့်စုံစုံရှိနှင့်ပြီ။ ဆိုတော့ခါကျုပ်ဘာမှအကျယ်တ၀င့်ထပ်ချီးမွမ်းခန်းဖွင့်ပြောနေစရာမလိုတော့ပါဘူး။
ဒါပေမယ့်အားမလိုအားမရပြောရရင် ကျုပ်တို့ မန္တလေး ရွှေမြို့တော်ကြီးကရန်ကုန်လိုလဲအဝေးကနေလှမ်းမမြင်ရပါလား။ မြွေကြီး၂ကောင် မန္တလေးတောင်ဆိုတာကလဲ အလင်္ကာစာပေတွေထဲမှာသာ ထင်ရှားကျော်ကြားလှပေမယ့် အဝေးကလှမ်းမမြင်ရပါဘူး။ ကျုံးတော်ပတ်လည် ပြမြို့ရိုးနဲ့ ရွှေနန်းတော်ဆိုတာကလဲမြို့ ထဲရောက်ခါမှ တွေ့ရတာကလား။ အဲသည် တော့ ကျုပ်မေတ္တာရပ်ခံ တင်ပြချင်တာကရန်ကုန်လိုလာကြတဲ့ဧည့်သည်တွေ မှန်သမျှမရောက်ခင် အဝေးကတည်းက လှမ်းမြင်ရအောင် တစုံတရာလုပ်ရရင် မကောင်းပေဘူးလား။ ကျုပ်စိတ်ကူးရတာ ပြောပါရစေ။
မန္တလေးမရောက်ခင် အဝေးကတည်းက လှမ်းမြင်နေကြရတဲ့ အရှေ့ရိုးမတောင်တန်းကြီးကို ဘာလုပ်ဖို့မေ့ထားရမှာလဲ။ ရိုးမတောင်တန်းအထက်ဖျားနားတလျှောက်မှာ ‘ရတနာပုံ မန္တလေး’ဆိုတဲ့စာလုံးနဲ့ “MANDALAY” ဆို တဲ့ အင်္ဂလိပ်စာလုံးကြီးတွေရေးထောင်ထားရရင်မကောင်းပေဘူးလား။ စဉ်းစားကြည့်ကြပါ။
by editor
မန္တလေးဂေဇက် သြဂုတ်လ ၂၀၁၀ အယ်ဒီတာ့သင်ပုန်း
4:12 am in Editor's Notes by editor
ကွဲပြားခြင်းကြောင့် ခွဲခြားခြင်း
လူသည် အသားအရောင်ကွဲနိုင်သည်။ အရပ်အမောင်းကွဲနိုင်သည်။ ဣတ္ထိလိင်၊ ပုလ္လိင်၊ နပုန်းပဏ္ဍုက်ဖြစ်နိုင်သည်။ ရုပ်ခန္ဓာတွင် တဦးနှင့်တဦး မတူညီကွဲပြားခြင်းအားလုံးကို ရှုမြင်ကာ ခွဲခြားနိုင်သည်။ ကိုးကွယ်ယုံကြည်ရာဘာသာ ကွဲနိုင်သည်။ မွေးရာဒေသကွဲနိုင်သည်။ ဇာတိမျိုးနွယ်ကွဲနိုင်သည်။ အမူအကျင့်ကွဲနိုင်သည်။ ကျွမ်းကျင်မှုကွဲနိုင်သည်။ စိတ်ပိုင်းဆိုင်ရာ ခြားနားချက်ဖြင့်လည်း ခွဲခြားနိုင်ပါလေသည်။
တဦးတယောက်စီ၏ သြဠာရိက(ရုပ်ကြမ်း)၊ သုခုမ(ရုပ်နု)တို့ မည်သောအခါမှ ထပ်တူကျအောင်ပြုစုပြင်ယူနိုင်ခြင်း မဖြစ်နိုင်လေရာ မဖြစ်နိုင်သည်များကို ခွဲခြား အုပ်စုသွင်းကြခြင်းသည် လူ့ဓလေ့၊ လူ့သဘာဝမျှသာဖြစ်သော်ငြား Ingroup, Outgroup မိမိနှင့်တအုပ်စုတည်း(သို့မဟုတ်)အုပ်စုအပြင်မှလူ စသဖြင့် ခွဲခြင်းဖြစ်သာ မတင်းတိမ်မူပဲ တဖက်နှင့်တဖက် အပြန်အလှန်အင်အားပြိုင်မှုများဖြစ်လာအောင် အားထုတ်ပြုလုပ်လာလျှင်ကား အဆိုပါသူ(အုပ်စု)၏ ရည်ရွယ်ချက်နှင့် စေတနာသည် အရေးပါအရာရောက်လာတော့မည်ဖြစ်ပါသည်။
လူတူ၊ ရောင်ကွဲများ
မတူညီသောကာလ၊ဒေသ၊ပယောဂတို့ကြောင့် လူသားမျိုးနွယ်တို့သည် အသားအရောင်၊ ကိုးကွယ်ရာဘာသာ၊ လူနေမှုပုံစံ၊ ဓလေ့ထုံးတမ်းများလည်း ကွဲပြားခြားနားကြပါသည်။ အာဖရိကတိုက်ဇာတိနွယ်များက အသားအရောင်ရင့်မှောင်ကြပြီး လူမဲ(ကပ္ပလီ)များဟုခေါ်ကြသည်။
နေရောင်ခြည်အပွင့်နည်းသော ဥရောပတိုက်၏ အေး၍ခြောက်သွေ့သော လေကိုရှုရသည့် ကော့ကေးရှန်းအနွယ်တို့သည် ကြီးရှည်သောနှာခေါင်းနှင့် ပါးသောအရေပြားဖြင့် ဖြစ်တည်ကြကာ ပန်းနုဖြူရောင်သန်းကြ၍ လူဖြူဟု အမည်တပ်သည်။
လွန်ခဲ့သော နှစ် ၅၀၀ကျော်က အမေရိကတိုက်ကြီးကိုတွေ့ရှိလွှမ်းမိုးသိမ်းယူပြီးနောက်ပိုင်း ဒေသခံများ(မက်ဆီကို၊ လက်တင်အမေရိက၊ တောင်အမေရိကနိုင်ငံတို့မှ သူများ)နှင့်သွေးနှောသွားကြသော ဥရောပတိုက်မှ သွေးနှောလူဖြူများကို လူညို(
Hispanic)ဟုသမုတ်ကြသည်လည်း ဖြစ်ပါသည်။
အာရှတိုက်သားအများစုမှာ နက်သောဆံပင်၊၀ါသောအသားရေရှိကြပါသည်ဟုပြောကာ လူဝါဆိုကြလေသည်။
မည်သို့ဆိုကြစေ အသားအရောင်သည် လူသားတို့ကို အုပ်စုခွဲထုတ်နိုင်သည့် သိသာထင်ရှားသောကွဲပြားမှုကြီးပင်ဖြစ်နေလေ၏။
All men are created equal
အယ်ဒီတာများ ခင်ဗျား။
10:07 am in Letter to The Editor by ohyesboy
အယ်ဒီတာ များခင်ဗျာ။ ဒီလင့်က် http://www.mandalaygazette.com/?p=20899#comment-41382 ပါ ရေးသားသူ လင်းဝေကျော် ရဲ့ ပို့စ်ကို စိစစ်ပေးစေလိုပါတယ်။ စည်းကမ်းတွေနဲ့ မညီညွတ်မှုတွေ ရှိနေပါတယ်။ ကမ္ဘာက ဖတ်နေတဲ့ ဒီသတင်းစာ ကို အမုန်းမပွားစေလိုပါဘူး ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
by kai
ဖြူစင်သည့် နှလုံးသား အမဲစက် မစွန်းထင်းစေနှင့် – တက္ကသိုလ်ဝင်းကြွယ်
3:45 am in Contributor, Columnist, Creative Writing, Drama, Essays.. by kai
လူတိုင်းဟာ မွေးကတည်းက ဖြူစင်သည့်နှလုံးသား ပိုင်ရှင်တွေချည်းပါပဲ။ အကြောင်းအမျိုးမျိုးရဲ့ လွှမ်းမိုးမှု ကြောင့် အရောင် အမျိုးမျိုး ဆိုးခြင်းကို ခံရတာပါ။
အရောင်ဆိုးခံရ မခံရမှုမှာ မိမိအပေါ်တွင် အဓိက မူတည်ပါသည်။ တစ်ခုတော့ သေချာသည်။ အဖြူတွင် အရောင် ဆိုးခံမိပါက မလွယ်သည်ကို သတိပြုပါ။ အဆိုးခံရမှုများလေ ဘ၀တစ်သက် ချေဖျက်ရန် ခက်လေပင်။ မည်သူမပြု မိမိမှု၊ မိမိဖောက်ထားသည့်လမ်းအတိုင်း မိမိလျှောက်ရမည်သာတည်း။ ကံကြမ္မာတရားက မျှတသည်။ မျက်နှာ မလိုက်တတ်ပေ။
ကျွန်တော် ဒီဆောင်းပါးကို ရေးချင်တာ ကြာပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် မရေးဖြစ်ခဲ့ပါ။ ယခု ရေးဖြစ်သွားပြီ။ ရေးချိန်တတ်ပြီဟု ယူဆလို့။ ဖြစ်ရပ်က ထူးခြားသည်။ ဆန်းကြယ်သည်။ တမင် ဖန်တီးလို့လဲ မရပါ။ မှတ်သားစရာလဲ အင်မတန်ကောင်းတာမို့ အဖြစ်မှန်ကို တင်ပြလိုက်ရပါသည်။
ကျွန်တော့်ကို အများက သိုင်းဝတ္ထုစာရေးဆရာ၊ ဘာသာပြန်ဆရာ တက္ကသိုလ်ဝင်းကြွယ်လို့ သိုင်းဝတ္ထုဖတ် ပရိသတ်များက သိထားကြပါသည်။ ယနေ့ထိ ထွက်ရှိသည့် သိုင်းဝတ္ထုစာအုပ်ရေ (၂၀၀) ပင် ကျော်သွားခဲ့ပါပြီ။
အမှန်တော့ ကျွန်တော်စာရေးဆရာလုပ်ဖို့ မရည်ရွယ်ခဲ့ပါ။ ဆရာဝန်လုပ်ပြီး လူ့အသက်ကို ကယ်ဖို့ ဘ၀ရည်မှန်းချက် အခိုင်အမာ ချမှတ်ထားခဲ့ပြီး ဖြစ်သည်။
လွန်ခဲ့သည့် (၄၅) နှစ်ခန့်ကဖြစ်ရပ်။ တောရွာတစ်ခုကို ကျွန်တော်ရောက်ခဲ့စဉ် ဆရာဝန်အချိန်မီ မပြနိုင်လို့ ရေတိမ်နစ်ပြီးဘ၀ဆုံးပါးသွားတာကို မျက်မြင်ကိုယ်တွေ့ကြုံဆုံပြီးကတည်းက ဆရာဝန်ဖြစ်အောင် ကြိုးစားမယ်လို့ သန္နိဌာန် ချမှတ်ခဲ့ပါသည်။
by kai
သိထားသင့်သော Computer Symbols များ
7:15 pm in Computers & Technology, Contributor, Columnist, History, knowhow by kai
အင်တာနက်တက်နေသူတွေ သိထားသင့်တယ်ထင်လို့ ကူးတင်လိုက်တာပါ။
ဒီဆောင်းပါး(အော်ရီဂျင်နယ်)ရေးသူက  Appleသမားထင်ပါတယ်။ အခုထဲကတခု၂ခုက ၀င်းဒိုးသမားတွေ သိပ်မသုံးတာပါနေလို့ပါ။ အရေးကြီးပြီး မြန်မာတွေ အသုံးမှားတတ်တဲ့ @ အကြောင်းကိုသေချာဖတ်ပေါ့နော…။
@ At ကို မြန်မာလိုဘာသာပြန်ရင် (၌၊မှာ။တွင်၊၀ယ်)တဲ့..။
တချို့ …ကိုယ့်နာမယ်တွေမှာ alias အနေနဲ့သုံးနေတာတွေ့ဖူးလို့…။ မှားတယ်တော့မဟုတ်ပါဘူး..။
ကိုယ့်နည်းကိုယ်ဟန်ပေမဲ့ တခြားနားလည်သူတွေဖတ်မိတော့ ကြောင်တာပေါ့..။
Power
It’s plastered on T-shirts; it tells you which button will start your Prius; it’s even been used on NYC condom wrappers. As far back back as WWII engineers used the binary system to label individual power buttons, toggles and rotary switches: a 1 meant “on,” and a 0 meant off. In 1973, the International Electrotechnical Commission vaguely codified a broken circle with a line inside it as “standby power state,” and sticks to that story even now. The Institute of Electrical and Electronics Engineers, however, decided that was too vague, and altered the definition to simply mean power. Hell yeah, IEEE. Way to take a stand.
ဒီဟာမှာ ထပ်ဖြည့်ချင်တာက ဒက်စတော့ကွန်ပျူတာရဲ့ ပါဝါဖွင့်ပိတ်ခလုပ်ကို ကြည့်ဖို့ပါ။ အဲဒီမှာ သုံည(0)နဲ့ တစ်( 1)ေ၇းထားပါတယ်။
သဘောတူတူပါပဲ။ 1 meant “on,” and a 0 meant off. နဲ့တူတူယူဖို့ပါ။ ဒါက အီလက်ထေ၇ာနစ်သမားတွေတော့ လွယ်လွယ်သိပါတယ်။ ထရန်စစ်စတာတွေရဲ့ လော့ဂျစ်မှာ သုံးလိုပေါ့။ ဆိုတော့ ဒစ်ဂျစ်တယ်လောကကြီးကလည်း ဒါပါပဲ။ 010101010101010 ကမ်ဘာလေ..။
by kai
လတ်ဗေးဂစ်မြို့အာရှရိုးရာယဉ်ကျေးမှုပဒေသာကပွဲ – မောင်သာရ
9:33 am in Contributor, Columnist, Events, Myanma News, U.S. News by kai
မောင်ရာပြည့်နှင့်မအင်ကြင်းခိုင်မြိုင် ထနှစ်ပါးသွားအကအမေရိကန် ယဉ်ကျေးမှု ဆိုတာကိုDiversity of Culture ယဉ်ကျေး မှုအမျိုးမျိုးကိုပေါင်းရုံးဖွဲ့စည်းထားတာဖြစ်တဲ့ အတွက်အာရှယဉ်ကျေးမှု၊အာဖရိကယဉ်ကျေးမှုအစရှိသည်ကလဲအမေရိကန်ယဉ်ကျေးမှုဖြစ် နေ ဖြစ်ဆဲ ဖြစ်လာလတံ္တတွေပါပဲ…တဲ့။
အခုကြွရောက်လာကြတဲ့ပရိသတ်ကိုကြည့်ရင် လဲအမေရိကန်တွေနဲ့အတူ အိန္ဒိယ၊ပါကစ္စတန်၊ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ ဖိလိပီနို နဲ့ လာအို၊ ဗီ ယက်နမ်၊တရုတ်စတဲ့ အာရှနိုင်ငံသားတွေတစု တဝေးထဲရှိနေကြတာတွေ့ရပါလိမ့်မယ်…တဲ့။
ဒါကဘာကိုဖေါ်ပြသလဲဆိုရင် ဒီမိုကရေစီ လူ သားဝါဒရဲ့ အလံတော်အောက်မှာ စုစည်းညီညွတ်တဲ့အင်အားကိုပြသတာပါပဲ…တဲ့။ သည် ညီညွတ်မှုအင်အားကြောင့်လဲ သည်ကနေ့သည် နေရာလတ်ဗေးဂတ်စ်မြို့ရဲ့ ကျက်သရေဆောငInternational American Club ခန်းမကြီး ထဲမှာ အာရှနိုင်ငံများရဲ့ ရိုးရာယဉ်ကျေးမှု ပဒေသာကပွဲကြီးကို အောင်အောင်မြင်မြင် ခမ်းနားသိုက်မြိုက်စွာ ကျင်းပနေနိုင်ကြတာ ဖြစ်ပါ ကြောင်း…စသည်ဖြင့် နီဗားဒါးပြည်နယ်ရဲ့ ကွန်ဂရက်လွှတ်တော်ကိုယ်စားလှယ် Shelly Berkley က အဖွင့်မိန့်ခွန်း ပြောကြားသွား ပါတယ်။
သည်ကပွဲကြီးကို Ashian Pacific Heritage Month အထိမ်းအမှတ်ဂုဏ်ပြုတဲ့အနေနဲ့ Asian American Democratic Caucas အဖွဲ့ကကြီးမှူးကျင်းပတာဖြစ်ပါတယ်။လူ ဆယ်ယောက်ထိုင်စားပွဲကြီးအားလုံး ငါးဆယ်အပြည့်ပရိသတ်ငါးရာအပြင်ပါဝင်ကပြမယ့်အဖွဲ့ဝင်တွေ၊ စီစဉ်ကျွေးမွေးဧည့်ခံမယ့်ပုဂ္ဂိုလ်တွေခန်းမလျှံမျှတက်ရောက်ကြပါတယ်။
ကျုပ်ကတော့ မြန်မာနိုင်ငံကိုယ်စား ပါဝင်ကပြမယ့်အဖွဲ့ဝင်အဖြစ်ဖိတ်ကြားခံရတဲ့အတွက်ဝင်ကြေး၂၀တန်လက်မှတ်မ၀ယ်ရပါဘူး။ မြန်မာကအဖွဲ့ဝင်၁၀ယောက်ပဲရှိပါတယ်။ နည်းပါ တယ်။
ပထမဆုံး School of Moulin ကျောင်း ကကျောင်းသားတွေရဲ့ခြင်္သေ့အကနဲ့ စပါတယ်။ တရုတ်နဂါးအကနဲ့ခပ်ဆင်ဆင်ပါပဲ။ နောက်
အာဖဂန်နစ္စတန်ဂီတအဖွဲ့က ပရိသတ်ညနေစာ သုံးဆောင်နေကြတုန်း တချိန်လုံးအတီးအမှုတ်ဂီတနဲ့ဖျော်ဖြေပါတယ်။ အဲသည့်နောက်တော့ Indian Dance Academy ကကျောင်းသူ လေးယောက်ရဲ့ အိန္ဒိယအက၊ ပြီး Filipina Dance Company ကတင်ဆက်တဲ့ဖိလိပိုင် အမျိုးသမီးသုံးယောက်ရဲ့ ငြိမ့်ညောင်းတဲ့အက။ သည်အစီအစဉ်အပြီးမှာ ပါဝင်ကပြတဲ့အဖွဲ့တွေ ကို ငွေသားနဲ့ဆုတံဆိပ်တွေ ချီးမြှင့်တဲ့အခမ်းအ နားကြားဖြတ်ဝင်ပါတယ်။ပြီး Thai Cultural and Art Foundation က တင်ဆက်တဲ့ထိုင်းရိုးရာအမျိုးသမီးအက။
သည့်နောက်ကတော့ကျုပ်တို့မြန်မာအလှည့်ဖြစ်ပါတယ်။ မြန်မာအကမှာ ပထမဆုံး တက္ကသိုလ်ကျောင်းသား မောင်ရာပြည့်က ပုဂံယဉ်ကျေးမှုရဲ့ ‘ပုဂံအက’ ကို ၀တ်စုံပြည့်နဲ့ ကပါ တယ်။ မောင်ရာပြည့်က ၁၀နှစ်သားလောက်က မြန်မာနိုင်ငံ ဆို၊က၊ရေးတ၊တီးပြိုင်ပွဲမှာ မင်း သားကနဲ့ ပထမ ရွှေတံဆိပ်ဆုရခဲ့တဲ့ကလေးပါ။ သူပြီးတော့ သည်နှစ် အထက်တန်းကျောင်းအောင်ပြီး နောက်နှစ်တက္ကသိုလ်ကျောင်းသူကြီး ဖြစ်တော့မယ့် မအင်ကြင်းခိုင်က ‘တပင်တိုင် အက’နဲ့ဖျော်ဖြေပါတယ်။သည်နှစ်ပွဲအပြီးမှာတော့သူတို့နှစ်ယောက်ရဲ့’မြိုင်ထ’နှစ်ပါးသွား ဖြစ်ပါတယ်။ဒါကိုငယ်ကတည်းကရောက်နေခဲ့ ကြတဲ့ဒီကလေးတွေရဲ့ အကအဆင့်ကပြောရင် ယုံမလားမသိ၊ပီဘိပညာသည်အတိုင်းပါပဲ။
ကျုပ်တောင်အံ့ဩမိပါတယ်။ဒါမှာသူတို့ဆရာလဲမရှိ၊ပြည်တွင်းက ထွက်တဲ့အခွေတွေ ကြည့် ပြီးဝါသနာအရလေ့ကျင့်ကြတာဖြစ်တယ်လို့သိရတယ်။ပြီး ထူးခြားတာကသဘင်မျိုးရိုးလည်းမ ရှိကြဘူးပြောပါတယ်။တခုပဲရှိတယ်၊မန္တလေး ဆက်တွေတော့ဖြစ်ကြတယ်။ အဲ သူတို့ကပြခါ နည်းနဲ့ ကပြနေတုံးမှာတော့ ဦးဆန်းထွန်းနီ(Sunny Susih Co) ကအင်္ဂလိပ်ဘာသာနဲ့ အဓိပ္ပါယ်တွေ သမိုင်းတွေ ရှင်းပြပါတယ်။
ပြီးတော့ ရှောင်လင်ကျောင်းသူကျောင်းသား တွေရဲ့ဒါးသိုင်းအက၊ လှံသိုင်းအကနဲ့လက်နက်မဲ့ သိုင်းကွက်အကတွေလာပါတယ်။သည်နောက်ဟာဝိုင်ယံအက။သည်နောက်တော့အိန္ဒိယအမျိုး သမီးအမျိုးသားယိမ်းအကနဲ့ ပွဲကို ည၁၁နာရီ မှာသိမ်းလိုက်ပါတယ်။ ဓာတ်ပုံတွေမှတ်တမ်း တင်ဗီဒီယိုတွေရိုက်ကြနဲ့ပွဲအပြီမှာ ပျော်ပြီးကထွက်လာကြသလိုပါပဲ။
ထူးခြားတာကကျုပ်တို့ မြန်မာအက ၀တ်စုံတွေ က ရွှန်းလဲ့တောက်ပနေတာရယ်၊ မမြင်ဘူးကြ တာတွေရယ်၊ကလေးတွေကဆယ်ကျော်သက်အရွယ်တွေရယ်သာဖြစ်တဲ့အတွက်လာတွဲပြီး ဓာတ်ပုံဗီဒီယိုရိုက်ကြတာမနားရအောင်ပါပဲ။ ။
မောင်သာရ
by zoxnet
သို့… အဒ်မင်
1:25 pm in Letter to The Editor by zoxnet
အယ်ဒီတာ လူကြီးမင်းများ ခင်ဗျာ။ အဆင်ပြေမယ်ဆိုရင် Viper’s Quicktags plugin ကို တင်ပေးစေချင်ပါတယ်။ ကျွန်တော်တို့ ရှယ်ရ် ချင်တဲ့ ဗွီဒီယို ဖိုင်လေးတွေရှိလို့ပါ ခင်ဗျာ။ အပန်းဖြေမှု အတွက်နဲ့ နည်းပညာပိုင်းဆိုင်ရာ ဗွီဒီယို ဖိုင်တွေပဲ တင်မှာပါ ခင်ဗျာ။ လက်ခံမယ်ဆိုရင် အလွန် ကျေးဇူးတင်မိမှာပါ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ Long live Mandalay Gazette……
// ဒါပထမ တစ်ခေါက် ကျွန်တော် တောင်းခံခဲ့တာပါ ခင်ဗျာ။ အဲဒီနောက် ခရီးလွန်နေလို့ ပို့စ် မတင်ဖြစ်ပါဘူး။ အခု တင်ပါတော့မယ်။ အဲဒီ့အတွက် ပလဂ်အင်လေးလည်း ပြန်တင်ပေးပါ။ ဆိုဒ်မလေးအောင် ဆိုရင် Expending text plugin ပါ တွဲတင်ပေးပါ။ အခက်အခဲ မရှိလောက်နိုင်ပါဘူး။ ကျေးဇူးတင်ပါတယ် ခင်ဗျား။//
by editor
To Do List – ဆွေးနွေးပေးကြပါရန်
6:59 pm in Editor's Notes by editor
1.
နိုင်ငံတွေအလိုက် ဆိုင်ရာဒေသက မြန်မာလှုပ်ရှားမှုသတင်း အများဖတ်နိုင်အောင် တင်ပေးမဲ့သူတွေအတွက်ဖြစ်ပါတယ်။ အဲဒီသူတွေဟာ သတင်း( News) တမျိုးတည်းသာတင်ခွင့်ရှိမှာဖြစ်ပြီး တင်တဲ့သတင်းအတွက် တခု ပွိုင့် ၅၀၀ ပေးမှာဖြစ်ပါတယ်။ ကမ္ဘာအနှံ့ ကရမဲ့ အဲဒီပွိုင့်တွေကို စုဆောင်းထားပြီး တနှစ်တခါ မြန်မာပြည်တွင်းက (ဘာသာရေးနဲ့မသက်ဆိုင်တဲ့ )အသင်းအဖွဲ့ (သို့)နေရာတနေရာ ဒါမှမဟုတ် ပညာတော်သင်ဆု..ဒါမှမဟုတ်..တခုခု…ကို (အများဆန္ဒကောက်ခံပြီး) အားလုံးကိုယ်စား ငွေသားအနေနဲ့ လှူဒါန်းပေးမှာဖြစ်ပါတယ်။
ပြည်ပရောက်မြန်မာများအနေနဲ့ မိမိတို့လုပ်အားက ရတဲ့ သတင်းကို လှူဒါန်းတာလို့ မှတ်ယူစေလိုပါတယ်။
အဲဒါကိစ္စအတွက် မန်ဘာများ အောက်မှာ ကော်မန့်ပေးပြီး ပါဝင်ဆွေးနွေးပေးကြဖို့ တောင်းဆိုပါတယ်။
2.
Mandalay Gazette ရဲ့ Hosting ထားတဲ့ဆာဗာဟာ မကြာခဏ ကျကျသွားတတ်တာမို့  နေရာ  ပြောင်းလိုပါတယ်။ အဲဒီအတွက် Dedicated Server မဟုတ်ပဲ Shared Hosting ကောင်းတဲ့နေရာကို ရှာမှာဖြစ်ပြီး Website ကို Hosting လုပ်ထားသူများ၊ အသုံးပြုနေသူများ မိမိတို့ရဲ့အတွေ့အကြုံ ရေးပေးကြစေလိုပါတယ်။ နာမယ်ကြီး မြန်မာ Website, Forum တွေရဲ့ Hosting နေရာတွေကိုလည်း သိရင်ရေးပေးကြစေလိုပါတယ်။ မန္တလေးဂေဇက် အခုထားတဲ့  Hostingနေရာက Bluehost ဖြစ်ပါတယ်။
အက်ဒ်မင်ပြောတာက Shared Hosting မှာ performance မြင့်တဲ့ ဆာဗာ လိုအပ်တယ်လို့ ဆိုပါတယ်။
အောက်မှာအင်တာနက်ထဲ ရှာရသမျှ စဉ်းစာနိုင်အောင် တင်ပေးထားပါကြောင်း..။
by Kyaemon
The Middle Class in America Is Radically Shrinking
5:02 am in Business & Economics, Critic, Editor's Notes, Education, History, Jobs & Careers, Money & Finance, Politics, Issues, U.S. News, World News by Kyaemon
the u.s. middle class is being wiped out here’s the stats to prove it: Tech Ticker, Yahoo! Finance
http://finance.yahoo.com/tech-ticker/the-u.s.-middle-class-is-being-wiped-out-here’s-the-stats-to-prove-it-520657.html?tickers=%5EDJI,%5EGSPC,SPY,MCD,WMT,XRT,DIA
Editor’s note: Michael Snyder is editor of theeconomiccollapseblog.com
The 22 statistics detailed here prove beyond a shadow of a doubt that the middle class is being systematically wiped out of existence in America.
The rich are getting richer and the poor are getting poorer at a staggering rate. Once upon a time, the United States had the largest and most prosperous middle class in the history of the world, but now that is changing at a blinding pace.
သေချာကြည့်ဖြစ်အောင်
3:27 am in Editor's Notes, Other - Non Channelized by Shwemannmay
အက်ဒမင်ရဲ့ ဆန္ဒကိုလေးစားသောအားဖြင့်ပေါ့. တော့ပစ်လေးရွေးပေးကြရအောင်။ဒါကျဘယ်ခေါင်းစဉ်အောက်မှာထားရပ။
ရှိတဲ့အထဲက သင့်တော်မယ့် ၂ ခုရွေးပီးတင်ကြည့်လိုက်ပါပီ။
by editor
အယ်ဒီတာ့သင်ပုန်း ( Mandalay Gazette Vol4/Issue5 – June 2010)
9:38 pm in Editor's Notes by editor
Photo: Getty Image
“အင်မီဂရေးရှင်းရီဖွန်င်း”ဟူသောအသံကိုထင်ရှားစွာကြားနေကြရမည်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုရောက် ကျွန်ုပ်တို့သည် မြန်မာပြည်ဖွားအများစုဖြစ်သည့်အလျှောက် အဆိုပါအသံမျိုးသည် ခေါင်းထောင်၊နားစွင့်ကြည့်သင့်သည်ဖြစ်ပါ၏။
လ၀က ပြုပြင်မှု
(၂၀၀၈)နိုဝင်ဘာ သမ္မတ ရွေးပြိုင်ပွဲတွင် အိုဘားမားသည် အမေရိကပြည်တွင်းရောက် တရားမ၀င်ရွှေ့ပြောင်းခိုလှုံနေသူတို့ကို နိုင်ငံသား ဖြစ်တည်မှုလမ်းကြောင်းပေါ်ရောက်အောင် မြှင့်တင် ကိုင်တွယ်ပါမည့်အကြောင်းရွေးကောက်ပွဲကတိထားခဲ့သည်။ သမ္မတဖြစ်လာပြီးနောက် ဆောင်ရွက်နေဟန်ရှိသော ရွေးကောက်ပွဲကတိအကောင်အထည်ဖော်မှုများတွင်လည်း ဦးစားပေးအမှတ်စဉ်တခုအဖြစ်ထားထားဟန် တူပါသည်။ တရားမ၀င်နေထိုင်သူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းသည် အဆိုပါဥပဒေ၏ သက်ရောက်လာမည့် အကျိုးတရားဖြစ်သည်။
မတ်လကုန်ပိုင်းက အမျိုးသားကျမ်းမာရေးပြုပြင်မှုဆိုင်ရာဥပဒေပြုရာတွင် အာဏာခေါင်းကိုင်ပါတီအနေနှင့် ကြီးစွာသော လုံ့လစွမ်းအားတို့အသုံးချလိုက်ရသဖြင့် ယခုနှစ်(၂၀၁၀)အတွင်း ဥပဒေပြုကိုင်တွယ်ဆောင်ရွက်နိုင်မည့်ဟန်မရှိသော အမေရိကန်လူဝင်မှုကြီးကြပ်ရေးဆိုင်ရာတို့အကြောင်း တွေးဆရေးချလိုပါသည်။
လက်တီနား။လက်တီနိုတွေ
ပြီးခဲ့သော ဆယ်စုနှစ် (၄)ခုအတွင်း အမေရိကန်ပြည်ထောင်စုသို့ အများဆုံးရွေ့ပြောင်းနေထိုင်လာကြသူတို့မှာ နယ်နမိတ်(၁၉၆၉)မိုင်ထိစပ်နေသော မက်စီကိုနိုင်ငံမှဖြစ်ကြသည်။ လက်ရှိတွင်လည်း တရားမ၀င်ရွေ့ပြောင်းခိုလှုံနေသူ (၁၁)သန်းကျော်တွင် တ၀က်ကျော်(၅၇ရာခိုင်နှုန်း)မှာ မက်ဆီကိုနိုင်ငံနှင့်(၂၄ရာခိုင်နှုန်း)မှာလက်တင်အမေရိကနိုင်ငံများမှ ဖြစ်ကြသည်ဟု စာရင်းများကပြပါသည်။
မြန်မာများအမေရိကသို့ အခြေချစ နှစ်ဦးများတွင် အဆိုပါ လက်တီနာ၊း လက်တီနိုတို့ ကို အမေရိကန်အဖြူများနှင့်ထင်မှတ်မှားခွဲခြားမရဖြစ်ခဲ့ဖူးကြပါလိမ့်မည်.။ ထို့အတူ သူတို့တတွေသည်လည်း အာရှသားတို့ကို တရုတ်များနှင့်ခွဲခြားမရဖြစ်ခဲ့ကြသည် ပြောသံကြားဖူးပါ၏။ အမှန်တကယ်လည်း အမေရိကန်ပြည်ထောင်
စုသည် လွန်ခဲ့သော နှစ် (၂၀၀)ကျော်မှစတင်ကာ ဥရောပတခွင်၊ အာဖရိကတသွယ်၊ အမေရိကတပြင်၊ အာရှတလွားမှ ရွေ့ ပြောင်းလာသူတို့
နှင့်တည်ထောင်ထားသောတိုင်းပြည်ကြီးဖြစ်ပြီး အဆိုပါ“ပြောင်းခိုလာသူတို့အားဖြင့်“ကမ္ဘာ့အင်အားအကြီးဆုံး၊စူပါပါဝါနိုင်ငံဖြစ်နေနိုင်ခဲ့သည်။
ဥရောပ၊အာဖရိကမှ အခြေချလာသူတို့၏ ချွေး၊သွေး၊စွမ်းအား၊လုံ့လအသီးအပွင့်များကို ယနေ့ခေတ်တွင် သိသာထင်ရှားစွာ မြင်ကြရမည်။ မျက်မှောက်တွင်လည်း အမေရိကသည် ရွှေ့ပြောင်းခိုဝင်လာသူတို့ကို ၀ဲလက်ဖြင့် စားရေရိက္ခာနေထိုင်ရာကို ပေးသည်။ ယာလက်ဖြင့် လုံခြုံစိတ်ချ၊တည်ငြိမ်နိုင်မှုကို ကမ်းနေပါသည်။
အဖြူ၊အမဲ၊အညို၊အ၀ါစုံလင်လှသော ရောင်စုံတိုင်းပြည်ကြီးသာတည်း။
by kai
In U.S., 15 percent lack health insurance: survey
7:27 pm in Editor's Notes by kai
In U.S., 15 percent lack health insurance: survey
Wed Jun 16, 2010 3:03pm EDT
Letter to The Editor
9:19 am in Community & Society, Critic, How To.., Letter to The Editor, Myanma News, knowhow by yannaingech
အက်ဒ်မင်ခင်ဗျာ…
Mandalaygazette ရဲ့ နောက်ခံစိတ်ကူးကို သဘောကျပါတယ်။ အမှတ်ပေးစနစ်ဟာ လူတွေကို တကယ် motivate လုပ်နိုင်ပါတယ်။ ပြီးတော့ အက်ဒ်မင်အဖွဲ့မှ ဘာသတင်းမှလိုက်စရာမလို၊ ဘာဆောင်းပါးမှရေးစရာမလို(ယေဘုယျအားဖြင့်)၊ ဘာတီးဖြတ်မှုမှ လုပ်စရာမလိုဘဲ သတင်းများ၊ ဆောင်းပါးများ၊ သုတ၊ရသစာများမှာ အရှိန်အဟုန်ပြင်းပြင်းနှင့် စီးဝင်နေသည်မှာ ရင်သပ်ရှုမောဖွယ်ပါ။
မြန်မာပြည်ထဲမှာနေပြီး အင်တာနက်သုံးနေရတဲ့သူတစ်ယောက်အနေနဲ့ စဉ်းစားမိတာ(လက်တွေ့ကြုံနေရတာ) လေးတစ်ခုကို ပြောပြလိုပါတယ်။ အဲဒါက မြန်မာနိုင်ငံက Internet connection speed ရဲ့ အခြေအနေလေးဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ Internet connection speed က ဘယ်လိုင်းအမျိုးအစားကို သုံးတာပဲဖြစ်ဖြစ် သူတို့ပြောပြီးရောင်းထားတဲ့ (ကျွန်တော်တို့ပိုက်ဆံပေးနေရတဲ့) speed ရဲ့ ၁၀%ပတ်ဝန်းကျင်သာရပါတယ်။ 256k လိုင်းဆိုရင် 25-30 k ပဲရပြီး 512k ဆိုရင် 50-60k ပဲရပါတယ်။ အဲဒါကစက်တစ်လုံးတည်းပဲချိတ်ပြီးသုံးရင် ရတဲ့ speed ကို ပြောတာပါခင်ဗျာ။ ကျွန်တော်တို့ဆီက ဆိုင်တွေက 512k တစ်လိုင်းကို စက် အလုံး 20 ကနေ 40လောက်အထိချိတ်ပြီး သုံးတာပါ။ အဲဒီတော့ တစ်လုံးချင်းစီရဲ့ တစ်ကယ့် speed ဆိုတာက ပြောရင်ယုံနိုင်စရာမရှိပါခင်ဗျာ။
Mandalaygazette နဲ့ပတ်သက်ပြီး ပြောလိုတာက page တွေမှာရှိတဲ့ လျှော့လို့ရနိုင်တဲ့အစိတ်အပိုင်းလေးတွေကို လျှော့ပေးစေချင်တာပါ။ ဥပမာ- ယခု ကျွန်တော်စာရိုက်နေတဲ့ page ကို loading လုပ်နေတဲ့အချိန်မှာ တွေ့နေရတာက item 90 ကျော်ကျော်လောက်လို့ တွေ့ရပါတယ်။ ဒီ page မှာ စုံစီနဖာ၊ ဟိုtab ဒီ tab တွေ အများကြီးပါ။ 100k-200k သို့မဟုတ် 1Mbလောက် လိုင်းတွေနဲ့ သုံးနေတဲ့သူတွေအတွက် က ဘာမှပြဿနာမရှိပေမယ့် ကျွန်တော်တို့နိုင်ငံမှာတော့ page တစ်ခုပွင့်ပါမယ့်အရေး တမေ့တမောစောင့်ရပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံက သနားစရာအင်တာနက်မျက်နှာမွဲလေးတွေအတွက် ရည်ရွယ်ပြီး ဖြစ်နိုင်မယ်ဆိုရင် ဒီ site ကို ဒီထက်ပိုပြီး ပေါ့ပေါ့ပါးပါးလေးဖြစ်အောင် လုပ်ပေးလို့ရမယ်ဆိုရင် လုပ်ပေးစေချင်ပါတယ်ခင်ဗျာ။
သို့ အက်ဒမင်
9:01 am in Editor's Notes, Letter to The Editor by Shwemannmay
သို့ ကိုအက်ဒမင်ေ၇
ပို့ စ်တွေက တင်ကြတာ စာလုံးဘိုးအေလောက်ကြီးတွေနဲ့  ဖတ်၇တာခေါင်းစဉ်နဲ့ တင် စာမျက်နှာကြီးကို ပြည့်သွားတာမို့ 
အဲဒါလေးသတိပြုမိအောင် လက်တို့ လိုက်တာပါ
ရွှေမန်းမေ