You are browsing the archive for Business & Economics.

by bigcat

ဝေး.. ဝေးသွားကြတော့ မှာလား

7:10 am in Community & Society, Drama, Essays.., Money & Finance, Think Tank by bigcat

ကျွန်တော်တို့တွေ မြန်မာပြည်က မတော်ရတဲ့ အဘတွေ ကျေးဇူးနဲ့ နိုင်ငံတကာကို ရောက် ကုန်ကြတာ ဆယ်စုနှစ်၂ခုကျော်လို့ မျိုးဆက်သစ် တွေတောင် အပျို၊လူပျိုတွေ ဖြစ်ကုန်ပါပြီ။ ၂၀၀၀ ခုနှစ် နောက်ပိုင်း နိုင်ငံခြားမှာ မွေးတဲ့ မြန်မာတွေ ပိုများ လာတယ်လို့ ထင်ပါတယ်။ မန္တလေးဂေဇက် အယ်ဒီတာ့ အာဘော်အရ အမေရိကန်နိုင်ငံ တခုထဲမှာကို မြန်မာ တသိန်းခွဲ ကျော်ပြီလို့ ဆိုပါတယ်။ မျိုးဆက်သစ် မြန်မာခလေးတွေက သောင်းကျော် ပါလိမ့်မယ်။ ကျွန်တော်နေတဲ့ မြို့မှာ လုပ်တဲ့ ဘာသာရေးနဲ့ လူမှုရေးပွဲ တွေမှာတော့ ဆယ်နှစ်ဝန်းကျင် ခလေးများကိုသာ တွေ့ရပြီး အဲဒီထက်ကြီး ရင် ဘယ်ပျောက် သွားမှန်း မသိတော့ ပါဘူး။ ဒါကို နားလည်ပေး နိုင်ပါတယ်။ ကိုယ်လည်း ခလေးဘဝ မိဘတွေက သူတို့ မြို့နယ်ပွဲတွေ ခေါ်ရင် လိုက်သွားပြီး နဲနဲလဲကြီးရော ခေါ်လို့ မရတော့။ ရန်ကုန်သား ကိုဗျ။ ပွဲတွေကလဲ သူ့လူနဲ့သူ ဆိုတော့ လူငယ်တွေအတွက် ပျင်းစရာ။ နေထိုင်၊ စားပုံခြင်း မကွာတဲ့ မြန်မာ အချင်းချင်းတောင် ဒီစိတ် ဖြစ်ရင် တိုးတက်ချမ်းသာ၊ ယဉ်ကျေးမှု လုံးဝကွာတဲ့ နိုင်ငံခြားသား မြန်မာ မျိုးဆက်တွေကို ပွဲတွေမှာ မတွေ့တာ အဆန်းတော့ မဟုတ်တော့ပါ။ မြို့ကျယ်ပြီး လမ်းပန်း ဆက်သွယ်မှု အရ အစုလိုက် လှုပ်ရှား လေ့ရှိတဲ့ မြို့ကြီးတွေမှာတော့ မြန်မာလူငယ် ဂိုဏ်းတွေတောင် ရှိတယ်လို့ ကြားဖူးပါတယ်။
ငယ်တုန်းမှာမှ ကွန်မြူနီတီဆိုတဲ့ လှုပ်ရှားမှုတွေ မတွေ့ကြုံခဲ့ရရင် ကြီးမှ အချင်းချင်း ရင်းနှီးဖို့ ဆိုတာ မဖြစ်နိုင်တော့။ သူတို့ကတဖန် ပေါက်လာမဲ့ ခလေးတွေဆို ပိုဆိုးမယ်ဆိုတာ ဗေဒင်မေးစရာ တောင် မလို။ မြန်မာ ဆက်ဖြစ်နေသေးရင် တော်သေး၏ ဆိုရမှာပေါ့။ ဒီလိုပြောလို့ လူမျိုး အစွဲကြီးလှ ချည့်လားလို့ မထင်လိုက်ပါနဲ့။ မြန်မာဆိုတာ တကယ်တော့ တရုတ်လိုလို၊ ကုလားလိုလို လူတွေပါ၊ တချို့ကလည်း တိဘက်အနွယ်ဝင် တွေလို့ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ်၊ ဘယ်သွေးပဲ နှောနှော မျိုးရိုး စဉ်ဆက် ယဉ်ကျေးမှု၊ ဓလေ့တွေကို ရောက်ရာဒေသရဲ့ ထုံးတမ်းတွေနဲ့အညီ အသိစိတ်နဲ့ နေထိုင်ဖို့ ဖြစ်ပါတယ်။ အများစံထားတဲ့ အနောက်တိုင်း လူမှုစရိုက် ဆိုတာလဲ အဆင့်ဆင့် ပြောင်းလဲပေါင်းစပ်မှု တွေက ရလာတဲ့ အသီးအပွင့်တခုပါ။ သူ့မူလ စရိုက်အတိုင်းဆိုရင် ဒီပုတ်ထဲက ဒီပဲဘဲ ဖြစ်နေမှာပေါ့။
တဖက်ကလည်း ပြောတော့ လွယ်တယ်၊ သူတို့ကို စုစည်းဖို့ ဘယ်မှာလည်း ဖွတ်တလိ ဒင်္ဂါး၊ မင်းက ပေးမှာလားလို့မေးရင်၊ ရှင့်မှာလည်း အကြွေးတွေနဲ့ ကျွန်မမှာလည်း ခလေးတွေနဲ့လို့ ဆိုသလို၊ ထီပေါက်ရင် တောင် မသေချာ၊ ကိုယ့်အတွက် ဘာမှ မလုပ်ရသေးလို့ပါ။ တင်တဲ့ပို့စ်တိုင်း အယ်ဒီတာက လက်ခံလို့ လျှာရိုးမရှိ ပြောတာလည်း မဟုတ်ပါ။ ဘောလုံးလောက မှာ တကယ်ကန် ခဲ့ပြီး အကြံပေးသူနဲ့ သီအိုရီ ကြေပြီး ဘေးက ဝေဖန်သူ နှစ်ဦးစလုံး သူ့ဟာနဲ့သူ အသုံးဝင်တယ် ဆိုလို့ပါ။ သိတဲ့အတိုင်း မြို့ကြီးတွေ မှာ သင့်တော်တဲ့နေရာ ငှားရင် လစဉ်စရိတ်က ၃၀၀၀ အောက် ကျမည်မထင်၊ ဝယ်လျှင်လည်း မြေနှင့် အိမ်ဆိုလျှင် အပေါဆုံးတောင် သန်းတဝက်။ ဒါဆို ဒီလိုနဲ့ပဲ ဝေးသွားကြတော့ မှာလား။
ရေရှည်မှာ အိမ်ငှားတာ မကိုက်ဘူး ဆိုရင် တယောက်တလက် ထည့်ပြီး ဝယ်ဖို့ကြတော့ ဘယ်သူက လက်ငင်းအရစ် သိန်းဂဏန်း ပေးမလဲ။ ဘဏ်တွေဆီ ကလည်း ငွေချေးဖို့မလွယ်။ ဘယ်လိုလုပ်ကြမလဲ၊ ဒီနည်း မရ ဟိုနည်းပေါ့။ မြန်မာတွေထဲမှာ အဆင်ပြေ နေသူတွေကို စည်းရုံး နိုင်ရင်ကော။ ရူးနေလား သူတို့မှာ လည်း သုံးဖို့စွဲဖို့ ရှိသေးတယ်လို့ အပြစ်တင်မယ် ဆိုရင် ခဏ ဆိုင်းပါအုံး၊ သူတို့ကို အလှူခံ ခိုင်းနေ တာ မဟုတ်ပါဘူး။ ရရင်တော့ အကောင်းဆုံးပေါ့ဗျာ၊ ဒါပေမဲ့ ကိုယ့်ဖက်က ဘာမှ မပြနိုင်သေးဘဲ ဘယ်သူက လာလှူမှာလဲ၊ ဒါလောက်တော့ သိပါတယ်ဗျ။
ပြောချင်တာက ဘဏ်၊ အငြိမ်းစား ရံပုံငွေတွေမှာ အတိုးနဲနဲ နဲ့ အိပ်နေတဲ့ သူတို့ရဲ့ စုငွေတွေကို အာမခံချက်တွေ နဲ့ အတိုးနှုန်း ပိုပေးပြီး ခြူယူနိုင်ကြ ရင်ကော။ ၁၀ တန် ရှယ်ယာတွေရောင်း အတိုးကို အိမ်ဖိုး ငွေချေးလို့ ဘဏ်ကို ပေးရမဲ့နှုန်းထက် တဝက်လျော့ပေး၊ လစဉ် ၂၀၀၀-၃၀၀၀ မျိုး အရင်းကို ဖဲ့ဆပ်။ ဘဏ်ချေးငွေလို ရှေ့ပိုင်းမှာ အတိုးကြီးပဲ ဆပ်စရာမလို၊ ဘဏ်ကိုလည်း မကြောက်ရ၊ အတိုး လည်းနဲ၊ ရှယ်ယာရှင်လဲ ကုသိုလ်ရော အတိုးပါရ၊ ကြာလာလို့ သူတို့က သဒ္ဓါပေါက်ပြီး အတိုးကိုလှူ သို့မဟုတ် အပြီးလှူ မသွားနိုင်ဘူးလား။ ဝယ်သူများရင် များသလောက် စွန့်စားရတာ နဲမှာပေါ့။ တယောက်ကို ပျမ်းမျှ ၃၅၀ ဖိုး ဝယ်လို့ လူ ၃၀၀ ရရင် ၁ သိန်းဖြစ်ပြီ။
တနည်းအားဖြင့် ကိုယ့်ဘာသာကိုယ် အိမ်၊မြေ ရှယ်ယာတွေ ရောင်းတဲ့ သဘောပါပဲ။ ဥပဒေ အရ မဖြစ်နိုင်တော့လည်း ကြိတ်လုပ်ပေါ့။ ကိုယ်ကျိုး အတွက် မဟုတ်ဘူးဆိုတာ ကိုယ်ချင်း နားလည် ဖို့ပဲလိုတယ်။ ဝယ်သူ လက်ခံမဲ့ အစီစဉ် တွေတော့ ရှိရမှာပေါ့။ တာဝန်ခံမှု၊ လစဉ်ဝင်ငွေနဲ့ အသုံးစရိတ် ခန့်မှန်းခြေ၊ အရေးပေါ် စီမံချက် အစသဖြင့်ပေါ့လေ။ အခုချိန်လို ငွေစုဘဏ်တိုးလဲနိမ့်၊ အိမ်ဖိုးလည်း သင့် ဆိုရင် ဖြစ်နိုင်ပါတယ်။ ခုလည်း ကြားပါတယ်၊ အလှူရှင်က ဒေါင်းပေးမန့် အတွက် စိုက်ထားပြီး နောက်မှ ဖြေးဖြေး ပြန်ဆပ်ဆိုတာ။ ဒီလို စပွန်စာ တွေရှာရင် ဖြစ်နိုင်မယ် ထင်လို့ပါ။ အခုပဲ ကြည့်လေ အတိုင်ပင်ခံကြေး ထောင်၊သောင်း မကုန်ဘဲ ကျွန်တော့်ဆီက အကြံကောင်း ရသွားကြပြီ မဟုတ်လား။

Protected: နေပြည်တော်မှာ ရင်းနှီးမြုတ်နှံမှု ဘာလုပ်မလဲ။?

1:26 pm in Business & Economics, Money & Finance by deathnote.book

This post is password protected. To view it please enter your password below:


by zawana

အင်တာနက်မှာ ဝင်ငွေရှာ

10:22 am in Business & Economics, Jobs & Careers by zawana

သင့်အနေနှင့် အွန်လိုင်းမှ တဆင့် အပိုဝင်ငွေ ရှာလိုပါသလား။ အွန်လိုင်းမှတဆင့် ငွေရှာနိုင်သော အလုပ်အကိုင် အမျိုးအစား များစွာရှိပါသည်။ သို့သော် သင့်အနေနှင့် စိတ်ရှည်ရမည် ဖြစ်သည့်အပြင် စွဲစွဲမြဲမြဲ လုပ်ကိုင်ရန် လိုအပ်ပါသည်။ အချိန်ပြည့် လုပ်ကိုင်သည့် အွန်လိုင်း အလုပ်မှတဆင့် သင့်အနေနှင့် အသက်မွေးဝမ်းကြောင်း အတွက် လိုအပ်သော ဝင်ငွေကိုပါ ရရှိနိုင်ပါသည်။ အွန်လိုင်းမှ ဝင်ငွေရှာနိုင်သော နည်းလမ်းများစွာ ရှိပါသည်။

၁။ eBay မှတဆင့် ပစ္စည်းရောင်းဝယ်ခြင်း။
eBay ကဲ့သို့သော ရောင်းဝယ်ရေး ဝက်ဘ်ဆိုက်များမှတဆင့် သင့်အနေနှင့် ရောင်းချလိုသော ပစ္စည်းများကို အိုးအိမ်မကွာ ရောင်းချနိုင်သည်။
၂။ အွန်လိုင်းမှ ဝန်ဆောင်မှုပေးခြင်း။
သင်၏ အရည်အချင်း စွမ်းဆောင်မှုပေါ် မူတည်၍ အွန်လိုင်းဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ကိုင်နိုင်သည်။ ဥပမာ – ဝက်ဘ်ဒီဇိုင်း၊ ဂရပ်ဖစ်ဒီဇိုင်း၊ လိုဂိုဒီဇိုင်း များကို ရောင်းချခြင်းဖြစ်၏။
၃။ အွန်လိုင်းတွင် စာရေးခြင်း။
အကယ်၍ သင်သည် စာပေ အရေးအသား ကောင်းမွန်သူ ဖြစ်ပါက စာရေးသူများအား အခကြေးငွေ ပေးသော ဝက်ဘ်ဆိုက်များတွင် စာရေးခြင်းဖြင့် ငွေရှာနိုင်သည်။ သင့်ကိုယ်ပိုင် ဘလော့တွင်လည်း သင့်တော်သော ဆောင်းပါးများ၊ သတင်းများ ရေးသားကာ ဂူဂယ် ကြော်ငြာ ဝန်ဆောင်မှု များကို လက်ခံ ထည့်သွင်းခြင်းဖြင့် အပို ဝင်ငွေ ရရှိနိုင်သည်။
၎။ ဘလော့မှ နေရာများကို ရောင်းချခြင်း။
သင့်ကိုယ်ပိုင် ဘလော့မှ နေရာများကို ကြော်ငြာများအတွက် ရောင်းချနိုင်သည်။ ကြော်ငြာများ၏ အမျိုးအစားပေါ် မူတည်၍ သင့်အနေနှင့် ထိုက်သင့်သော ငွေကြေးကို ရရှိနိုင်ပါသည်။
၅။ အွန်လိုင်းမှ ပညာသင်ပေးခြင်း။
အကယ်၍ သင်သည် ပညာရပ် တစ်ခုခုတွင် ကျွမ်းကျင်သူ ဖြစ်ပါက အွန်လိုင်းမှ သင်၏ ဗဟုသုတများကို ဖြန့်ဝေပေးခြင်းနှင့် တပြိုင်တည်း သင်ကြားပေးခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။ ထို့ပြင် သင်ထောက်ကူ ပစ္စည်းများဖြစ်သော စီဒီ၊ ဒီဗွီဒီ တို့ကို အွန်လိုင်းမှ တဆင့် ရောင်းချနိုင်ပါသည်။
၆။ အခြား ကိုယ်ပိုင် လုပ်ငန်းများ။
သင့် ကျွမ်းကျင်မှု အလိုက် အွန်လိုင်းမှ တဆင့် အလုပ်များကို လက်ခံ ဆောင်ရွက် ပေးနိုင်သည်။ ထိုအလုပ်များမှာကား သင့်အတွက် အလုပ်ချိန် ကန့်သတ်ချက် မရှိပေ။
၇။ အွန်လိုင်း ဖိုရမ်များကို လည်ပတ်ခြင်း။
အွန်လိုင်း ဖိုရမ်များကို ဝင်ရောက် ဆွေးနွေးခြင်းဖြင့် သင့်အနေနှင့် ဝန်ဆောင်မှု ပေးနိုင်ကြောင်း အများသိစေပါသည်။ သင်ရေးသော ပို့စ်များမှတဆင့် သင့်လုပ်ငန်းအတွက် အထောက်အကူ ဖြစ်စေနိုင်ပါသည်။

by kai

သကျသာကီနွယ်ဝင်အပျိုစင်နှင့် ဗုဒ္ဓငယ်လေး

8:33 am in History, Opinions and Discussion, Think Tank by kai

ခေါင်းစဉ်ကြည့်ပြီးလန့်မသွားပါနဲ့။ ဒါတွေက အချက်အလက်တွေကိုမှီငြမ်းရေးတာပါ။

သိကြတယ်နော..။ အဲဒီ ၂နိုင်ငံလုံးက ထောင်ချီသက်တန်းရှိတဲ့ သမိုင်းယဉ်ကျေးမှုတွေနဲ့ ဆိုတာ..။
တိဘက်နဲ့နီပေါ ပါခင်ဗျား။ တိဘက်ဆိုတာက မြန်မာပြည်ကို ၀ိပသနာမျိုးစေ့ သယ်လာပေးတဲ့ ဘုန်းကြီးတို့ရဲ့နိုင်ငံ။ နီပေါက..ဂေါတမဗုဒ္ဓပွင့်တော်မူရာ ..ဒေသ..။
အတွေးတွေပေါ်လာအောင် အောက်က ဓါတ်ပုံသတင်းလေး၂ခု ဒီအတိုင်းပဲတင်လိုက်ပါတယ်။ ဆက်စပ်စဉ်းစားရင်း သမိုင်းခြေရာခံကြည့်၊ အတိတ်စိမ်းကောက်ကြည့်ပေါနော..။

LIVING GODDESS:

LIVING GODDESS: Devotees paid their respects to a living goddess known locally as Kumari during the Gaijatra festival in Katmandu, Nepal, Thursday. It is the tradition that the living goddesses are selected between the ages of 2 and 4; judges examine the children in ancient ceremonies and check them for physical imperfections. (Binod Joshi/Associated Press)
နီပေါနိုင်ငံတွင် အပျိုစင်တချို့သည် နတ်ဘုရားများအဖြစ် သတ်မှတ်ခံထားရသည်။ သူတို့ကို ကုမ္မာရီ ဟု ခေါ်ဆိုကြပြီး ဟိန္ဒူရိုးရာ ဓလေ့အရ ရှိခိုးပူဇော်ကြသည်။
ငြိမ်းချမ်းခြင်း သင်္ကေတအဖြစ် သတ်မှတ်ထားပြီး ဘုရင်များ လက်ထက်ကတည်းက ဖူးမြော်လေ့ရှိသည့် ကုမ္မာရီကို ၀န်ကြီးချုပ်နှင့် သမ္မတ ကိုယ်တိုင် လာရောက် ဖူးမြော်တတ်သည်။
ဟိန္ဒူဓလေ့အရ ရွေးချယ်လေ့ရှိသည့် ကုမ္မာရီမှာ လမ်းလျှောက်တတ်စ ၂ နှစ်ခန့် အရွယ်မှ ၁၄ နှစ် ၁၅ နှစ်အထိ ဖြစ်ကြသည်။
ဧရာဝတီဆောင်းပါးမှ ကောက်နှုတ်သည်။ http://www.irrawaddymedia.com/bur/index.php/articles/2-articles/1931-2009-10-05-11-29-41

သကျသာကီနွယ်ဝင် ဟိန္ဒူဘာသာ ကိုးကွယ်သည့် မိသားစုမှ သတ္တိ၊ သတိရှိသော မိန်းကလေးငယ်များကိုသာ ရွေးချယ်ခြင်း ဖြစ်သည်။

THE GOLDEN CHILD: The sixth living Buddha, Dezhub, sat at Zagor Monastery in Shannan Prefecture, of southwest China’s Tibet Autonomous Region, Monday. The young Buddha, whose secular name is Losang Doje, was recently chosen by senior monks after years of searching. (Xinhua/ZUMA Press)

by Cuper

Business Communication နှင့်ပတ်သက်သော လုပ်ငန်းရှင်များသိသင့်သော လေ့လာထားသည့်အကြောင့်းအရာများ

7:28 am in Business & Economics, News by Cuper

အလုပ်တစ်ခုအား စလုပ်ပြီဆိုရင်တော့ communication ဟာ အရေးပါသော အရာဖြစ်ပါတယ်။ Communication ဆိုတာကတော့ အရာရာတိုင်းမှာ အလွန်အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ လောကကြီးမှာ လူတိုင်းက တစ်ယောက်ထဲ နေထိုင်နိုင်စွမ်းမရှိကြပါ။ ရှိသူများသည်လဲ business မလုပ်ကြသောကြောင့်ဖြစ်ပါသည်။ အများစုအောင်မြင်နေသော လုပ်ငန်းရှင်အများစုသည် communication အလွန်ကောင်းကြသူမျာ ဖြစ်ကြသည်။ ယခုခေတ်တွင် ပိုပြီး တွင်ကျယ်လာပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် communication သည် တစ်ကမ္ဘာလုံးတွင် နှစ်သက်ရာတစ်နေရာမှ တစ်နေရာသို့ လွယ်ကူစွာ communicate လုပ်နိုင်လာပြီဖြစ်သောကြောင့်ပင်တည်း။ အကြောင်းမူကား internet သည် ကမ္ဘာ အနှံ့တွင် တွင်ကျယ်လာသောကြောင့်ဖြစ်သည်။

communication ကို အစကတည်းက ကောင်းအောင် ပြုလုပ်ထားပါက ကောင်းကျိုးများစွာရှိနိုင်သည်။ ဥပမာ အားဖြင့် -လူအများစုသည် မိမိနှင့် communicate လုပ်ထားသူ (သိနေသူ) ကိုသာ ဦးစားပေးပြီး သတင်းများ ဖြန့်ခြင်းသည် သဘာဝသာဖြစ်သည်။ ထို့ကြောင့် ထိုသူများ ရရှိလာသော သတင်းများကို ပထမဦးစွာ သူနှင့် ဆက်စပ်နေသူ သိနေသူများကိုသာ ပေးဝေကြသည်။ ထို့ကြောင့် သတင်းများကို လျှင်မြန်စွာရရှိနိုင်သည်။ ထိုအရာသည် business အတွက် communication မှ ရလာသော ကောင်းကျိုးတစ်ရပ်ပင် ဖြစ်သည်။ ထို့အပြင် မိမိ၏ လုပ်ငန်းနှင့် ပက်သတ်နေသော တိုးမြင့်နိုင်သည့် အရာများသည်လဲ communication ကောင်းမှသာ ဦးစွာ သိရှိနိုင်မည် ဖြစ်သည်။

ဘွဲ့နှင့်လျော်ညီသော အလုပ်အကိုင်ရရှိမှု နည်းပါးလာပြီး နေ့ကျောင်းတက်ရောက်၍ ဘွဲ့ရရှိထားသူ လူငယ်အချို့ ယာဉ်နောက်လိုက်၊ လုံခြုံရေး၊ အရောင်းမြှင့်တင်ရေး စသည့် အလုပ်အကိုင်များကို လုပ်ကိုင်နေကြ

3:59 am in Business & Economics by Yin Nyine Nway

ဘွဲ့နှင့် လျော်ညီသော အလုပ်အကိုင် ရရှိမှုများ ယခု နောက်ပိုင်းတွင် နည်းပါးလာပြီး တက္ကသိုလ်များ၌ နေ့ကျောင်းတက်ရောက်ပြီး ဘွဲ့ရရှိထားကြသူ လူငယ်အချို့သည် ပညာအရည်အချင်းများစွာ မလိုအပ်သော ယာဉ်နောက်လိုက်၊ လုံခြုံရေးဝန် ထမ်း၊ အရောင်းမြှင့်တင်ရေး ၀န်ထမ်း အစရှိသည်တို့ကိုပင် လုပ်ကိုင်နေကြကြောင်း သတင်းရရှိပါသည်။

ယခင်ကမူ အလုပ်အကိုင် ရှာဖွေရာတွင် များသောအားဖြင့် ရရှိထားသည့် ဘွဲ့တစ်ခုတည်းနှင့် အလုပ်အကိုင် ရရှိမှုများ ရှိခဲ့ကာ ယခု နောက်ပိုင်းတွင်မူ အလုပ်အကိုင် အတွေ့အကြုံ၊ အခြား ကျွမ်းကျင်မှုလက်မှတ်များ စသည်တို့ ပါရှိမှသာ အလုပ် လျောက်ထားနိုင်ခြင်း၊ အလုပ် ခန့်ထားနိုင်မှုများကလည်း အကန့်အသတ်ရှိလာခြင်း စသည်တို့က လူငယ်များအား အလုပ်ရွေးချယ်ခွင့် နည်းပါးမှုကို ကြုံတွေ့လာစေသည်ဟု သိရှိရသည်။

”စီးပွားရေးတက္ကသိုလ်မှာ နေ့ကျောင်းတက်ပြီး ဘွဲ့ရထားတဲ့ တစ်ယောက်ကို အထူးယာဉ်လိုင်းတစ်ခုမှာ ယာဉ်နောက်လိုက်အဖြစ် တွေ့လိုက်ပါတယ်။ ကိုယ်နဲ့ မရင်းနှီးပေမယ့် တစ်ကျောင်းတည်းမို့ သေချာမှတ်မိတယ်”ဟု ကုမ္ပဏီဝန်ထမ်း တစ်ဦးက ပြောပြသည်။

နေ့ကျောင်း တက်ရောက်ကြသူများသည် အဝေးသင်တက္ကသိုလ် တက်ရောက်ခဲ့ကြသူများထက် အချိန်နှင့် ငွေကြေးကို ပိုမိုရင်းနှီး မြှုပ်နှံခဲ့ကြရသူများ ဖြစ်ပြီး လူငယ်များအနေဖြင့် ကျောင်းပြီးပါက အလုပ်ခွင်သို့ ၀င်ရောက်နိုင်မည်ဟု မျှော်မှန်းမှုများ ရှိခဲ့ကြသော်လည်း အမှန်တကယ် ကျောင်းပြီးသည့် အချိန်တွင်မူ မျှော်မှန်းသည်နှင့် ကွာခြားမှုများ ရှိလာကြောင်း သိရှိရသည်။

ယနေ့ ခောတ်လူငယ်တွေရဲမှားယွင်းနေတဲ့ အယူအဆလေးတွေပါ။

2:40 pm in Jobs & Careers, Opinions and Discussion by deathnote.book

ဟုတ်ကဲ့..ယနေ့ ခောတ်လူငယ်တော်တော် များများရဲ့ မှားယွင်းနေတဲ့ အယူအဆလေးတွေကတော့ ဒီလိုပါခင်ဗျာ…….

အချိန်တန်ဘွဲ့ ရတော့အလုပ်ခွင်ဝင်ဖို့ အားထုတ်ကြတာကတော့ ကောင်းပါတယ် ….ဒါပေမယ့်….အဲဒီမှာတစ်ခုရှိတာက ဘာလဲဆိုတော့ ..ရတဲ့အလုပ်ကို

ကြုံသလိုဝင်လုပ်ပစ်လိုက်တယ် …ခဏတာအဆင်ပြေရင်ပြီးရောဆိုပြီးတော့ပဲဖြစ်ဖြစ် ..အတွေ့ အကြုံရချင်လို့ ပဲဖြစ်ဖြစ် ပေါ့….လုပ်ကြပြီဆိုပါတော့ …..ကောင်ပြီ.အဲဒီအလုပ်က..cosmetic marketing ပေါ့နော်…လစာကတော့..အလုပ်စပြီးဝင်ကာစမို့ ထားပါတော့….(၃၅၀၀၀ ကျပ် basic pay+ရောင်းအား)

အဲဒီမှာပဲ…လုပ်ရင်းလုပ်ရင်းနဲ့ ၎.၅.၆ လကြာလာပြီး…….လစာကတော့….ထင်သလောက်တိုးမလာ..ဘူး ရောင်းအားကလဲမကောင်းတော့.. ၅၀၀၀၀ကျပ်လောက်နဲပဲ

တင်းတိမ်ရတယ်ပေါ့….ဒီမှာတင်ပဲကျောင်းနေဖက်သူငယ်ချင်းအချို့ နဲပြန်တွေ့ ကြပြီး သူ့ အလုပ်ကိုယ့်အလုပ်ဆွေးနွေးကြပြီး…….သူ့ အလုပ်ကတော့ကောင်းတယ်…ငါ့အလုပ်ကတော့….ဘယ်လိုဖြစ်တယ်.. ဘယ်တင်းဖြစ်တယ်ဆိုပြီး…… နောက်တပ်အလုပ်တစ်ခုကိုလှမ်းကြပါလေရဲ့ ……အဲဒီလိုလှမ်းကြပြီးတဲ့သကာလ…..အရင်အလုပ်….. လုပ်တုံးကလိုပဲနောက်ထပ်အလုပ်တစ်ခုကိုထပ်ပြီးပြောင်းချင်စိတ် တွေပေါ်လာပြီး…သံသရာမဆုံးနိင်တဲ့…ငါ့ညီတို့ ရဲ့ အယူအဆလေးတွေကို….ဒီလိုလေးအကြံပြုချင်လို့ ပါ……..

အလုပ်ဟူသမျှဂုဏ်ရှိစွဆိုတာတော့သိကြပါတယ်နော် …..ဒါပေမယ့်ဒီနေရာမှာတော့ဂုဏ်ရှိရုံတင်မကဘူး…..ပညာပါရမယ့်ကိစ္စလေးပါ…..ငါ့ညီတို့ ဘယ်အလုပ်ကိုပဲဝင်လုပ်ဝင်လုပ်……..သူတို့ ကကိုယိ့ကို….လစာပေးပြီးခိုင်းတယ်လို့ …မယူဆပဲနဲ့ ……လစာပေးပြီး…..ပညာသင်ပေးတယ်လို့ ယူဆကြည့် ပါလား

အဲဒါဆိုရင်…..ငါညီတို့ ငြင်းမှာလား…….မငြင်းပါနဲ့ …..ဟုတ်ပါတယ်……လောကမှာဘယ်သို့ သောအတတ်ပညာမှ…..အချီးအနှီးမဖြစ်ပါဘူး….(marketing) ပဲဇြစ်ဖြစ် ဘာပဲဖြစ်ဖြစ်……နောင်တစ်ချိန်မှာ……ကိုယ့်အတွက်အသုံးဝင်နိုင်မည့် ပညာတွေပါပဲ……၆ လလုပ်ခဲ့တယ်ဆိုလဲ…၆လ နဲ့ တန်တဲ့အတွေ့ အကြုံကိုကောင်းစွာရယူပါ….လစာလေးပဲယူပြီး…အဲဒီလုပ်ခဲ့တဲ့ကာလတွေ….အချိန်တွေ.အတွေ့ အကြုံတွေကိုသဲထဲရေသွန်မဖြစ်ပါစေနဲလို့ …………

ITနှင့် ဂျပန်စာတွင်စိတ်ဝင်စားသော လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း

2:14 pm in Business & Economics, Computers & Technology, Creative Writing, Drama, Essays.., Jobs & Careers by manawphyulay

Myanmar DCR Co., Ltd မှ ၀န်ထမ်းရွေးချယ်မှုနှင့်ပတ်သက်သော ရှင်းလင်းပွဲ
ကွန်ပျူတာတက္ကသိုလ်၊ ဘွဲ.လွန်တက်နေသော ကျောင်းသားကျောင်းသူများနှင့်
ITနှင့် ဂျပန်စာတွင်စိတ်ဝင်စားသော လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း

Myanmar DCR Co.,Ltd(Yangon)မှ ၀န်ထမ်းရွေးချယ်မှုရှင်းလင်းပွဲကို
အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်သည်၊၊

နေ့ရက်           – ၂၀၁၀ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်။ (တနင်္ဂနွေနေ.)
ပထမအကြိမ်ရှင်းလင်းပွဲ    - ၁၀း၀၀ မှ ၁၂း၀၀ နာရီ (Reception Time ၉း၃၀
နာရီ)
ဒုတိယအကြိမ်ရှင်းလင်းပွဲ  - ၁၄း၀၀ မှ ၁၆း၀၀ နာရီ (Reception Time ၁၃း၃၀
နာရီ)
နေရာ                            -The Strand Hotel (၉၂၊ ကမ်းနားလမ်း၊
ကျောက်တံတားမြို.နယ်၊ရန်ကုန်မြို.။)

ပထမအကြိမ် နှင့် ဒုတိယအကြိမ်ရှင်းလင်းပွဲ၏ အကြောင်းအရာများမှာ
အတူတူပင်ဖြစ်သည်။

ဂျပန်နိုင်ငံရှိ Daiichi Computer Resources (DCR)ကုမ္ပဏီလီမိတက်သည်
ဝန်ထမ်းဦးရေ ၁၄၀၀နှင့် ၂၀၀၉ခုနှစ်အတွက်ရောင်းအား 116M$
ရရှိသောအောင်မြင်နေသည်. ကုမ္ပဏီဖြစ်ပါသည်။ DCR Co.,Ltd မှ Myanmar DCR
Co.,Ltd ကို ၁၄.၇.၂၀၀၈ တွင် ရန်ကုန်မြို့၌ ၁၀၀
ရာခိုင်နှုန်းဂျပန်လူမျိုးပိုင် ကုမ္ပဏီအဖြစ် တည်ထောင်ခဲ့ပါသည်။
ယခုလက်ရှိတွင် ၀န်ထမ်း(၁၇၀)ဦးနှင့် လုပ်ငန်းလုပ်ဆောင်လျက်ရှိပါသည်။

by s0t04

မြန်မာ စကားလိမ်

4:06 pm in Arts & Humanities, Business & Economics, Community & Society, Creative Writing, Cultures, Drama, Essays.., Education, Entertainment, History, Languages, Literature, Myanma News, News, Other - Non Channelized, Society & Lifestyle by s0t04

စကားလိမ်တွေနဲ့ ပြောတဲ့ စကားသံ မကြားရတာ ဆယ်စုနှစ် တစ်စုကျော်ပြီး နှစ်ဆယ်စုနှစ်လောက်လောက်ရှိသွားပြီ။ ငယ်ငယ်တုန်းက မန္တလေးဖိနပ်တွေ ရောင်းတဲ့ ဖိနပ်အရောင်းသမားဘဝတုန်းကဆို ဒီစကားလိမ်က လှိုင်နေအောင် သုံးရ ပြောရတာကိုး။ အဲဒီတုန်းကလို ကိုယ်နဲ့ အပြိုင် စကားလိမ်တွေကို လွတ်ပြီးပြောနိုင်တဲ့ အသိမိတ်ဆွေ သူငယ်ချင်တွေလည်း အခုမရှိတော့ဘူး။ သတိရမိပါရဲ့။

တကယ်တော့ ဟိုအရင် မန္တလေးက လူငယ်တွေရဲ့ ပြောဟန်ဆိုဟန် ဝတ်ပုံစားပုံတွေက တစ်ခြားဒေသ၊ နေရာတွေနဲ့ မတူ တစ်မူကွဲပြားတယ်လို့ ထင်တယ်။ မြန်မာနိုင်ငံရဲ့ နောက်ဆုံး ဘုရင်ထီးနန်းတည်ခဲ့ နေခဲ့တဲ့ မြို့ဆိုတော့ စကားအသုံးအနှုန်းကလည်း တစ်ခါတစ်ရံ နန်းမူနန်းဟန်ပါတယ်လို့ ထင်တယ်။ ဥပမာ ရှုး(shoe) စီးတယ်ဆိုတာကို ခြေနင်းစီးတယ်ပေါ့။ ညဉ့်နက်သန်းခေါင် တစ်နာရီကို နာပြန်တစ်ချက်ထိုး သည် အစရှိသဖြင့်ပေါ့။

နောက်ပိုင်း ဆက်သွယ်ရေးတွေ သိပ်ကောင်းလာတဲ့ ခေတ်ကြတော့ ဒေသသုံးစကားတွေ ကူးသန်းဖလှယ်ကြ၊ နောက်ပြီး အဝတ်အစား ဒီဇိုင်းတွေကလည်း နေရာအနှံ အလွယ်တကူရောက်နိုင်တော့ တစ်ကျောင်း တစ်ဂါဋာ၊ တစ်ရွာ တစ်ပုဒ်ဆန်းဆိုတဲ့ စကားက မှေးမှိန်လုနီးပါးရှိရော့မယ်။

စကားလိမ်က ဘယ်ကဘယ်လို စတင်ပေါ်ပေါက်လာသလဲဆိုတာတော့ ကိုယ်ကိုယ်တိုင်လည်း သုတေသန မလုပ်အားတော့ မလုပ်နိုင်ဘူး။ မြန်မာစကားတွေကို သုတေသနလုပ်နိုင်တဲ့ ပညာရှင်တွေ အများကြီးထွက်လာရင်တော့ သိပ်ကောင်းမှာပဲ။

မှတ်မိသလောက် ငယ်ငယ် လေးတန်း ငါးတန်းအရွယ်လောက်က စပြီး “တစ်” ကို အခြေခံထားတဲ့ စကားလိမ်ကို စတင်နားလည်ပြီး ပြောဖြစ်ခဲ့သည်။ အဲဒီတုန်းက ကိုယ့်ကို “တစ်” စကားသင်ပေးတဲ့ သူငယ်ချင်းက ဒါဟာ မြေအောက်တော်လှန်ရေးသမားတွေ၊ သူပုန်တွေ သုံးတဲ့ စကားဆိုပြီးပြောထားတော့ အဲဒါပဲ စွဲနေတာ။

မလေးရှားရောက် နီနီတစ်ယောက်အကြောင်း

7:30 am in Jobs & Careers by လင်းဝေကျော်

နီနီ့ အကြောင်းဆိုပါစို့။ တကယ်တော့ နီနီတင်မက ဖြူဖြူတို့ကော ဝါဝါတို့ပါတွေ့ကြုံနေရတဲ့ ဒုက္ခပါ။ မလေးရှားပုံပြင်များ ဆိုပါတော့။ တကယ်တော့ မလေးရှားတင်မက နေရာအနှံ့မှာ ဖြစ်နေတာပါပဲ။ မြန်မာပြည်ထဲမှာတင်တောင် ဖြစ်တတ်သေးတာပါပဲ။ ဖတ်ကြည့်ပြီး ဆင်ခြင်ကြဖို့ လက်ဆင့်ကမ်းအသိလေးတွေ ပေးနိုင်ကြဖို့ တင်လိုက်ပါတယ်။

by Kyaemon

China becomes world’s second-largest economy

8:35 am in Business & Economics, Community & Society, Education, Jobs & Careers, Money & Finance, News, Relationships & Family, Society & Lifestyle, Think Tank, World News by Kyaemon

China becomes world’s second-largest economy

http://www.financialpost.com/China+becomes+world+second+largest+economy/3403745/story.html

Bloomberg News · Monday, Aug. 16, 2010

China surpassed Japan as the world’s second-largest economy last quarter, capping the nation’s three-decade rise from Communist isolation to emerging superpower.

Japan’s nominal gross domestic product for the second quarter totaled US$1.288-trillion, less than China’s US$1.337-trillion, the Japanese Cabinet Office said today. Japan remained bigger in the first half of 2010, the government agency said.

by Kyaemon

China Passes Japan to Become No. 2 Economy – NYTimes.com

8:21 am in Business & Economics, Community & Society, Education, Jobs & Careers, Money & Finance, News, Society & Lifestyle, World News by Kyaemon

===============

China Passes Japan to Become No. 2 Economy – NYTimes.com


SHANGHAI — After three decades of spectacular growth, China passed Japan in the second quarter to become the world’s second-largest economy behind the United States, according to government figures released early Monday.


The milestone, though anticipated for some time, is the most striking evidence yet that China’s ascendance is for real and that the rest of the world will have to reckon with a new economic superpower….

by Kyaemon

China surges past Japan as No. 2 economy; US next? – Yahoo! Finance

8:07 am in Business & Economics, Education, Jobs & Careers, Money & Finance, News, U.S. News, World News by Kyaemon

===============

China surges past Japan as No. 2 economy; US next? – Yahoo! Finance


http://finance.yahoo.com/news/China-surges-past-Japan-as-No-apf-3259091683.html?x=0&sec=topStories&pos=3&asset=&ccode=

BEIJING (AP) — China has eclipsed Japan as the world’s second-biggest economy after three decades of blistering growth that put overtaking the U.S. in reach within 10 years.

Japan is still far richer per person after confirming Monday that economic output fell behind its giant neighbor for the three months ending June 30. However, the news is more proof of China’s arrival as a force that is altering the global balance of commercial, political and military power.

by Kyaemon

China Is Leading the Race to Make Renewable Energy – NYTimes.com

7:59 am in Business & Economics, Community & Society, Computers & Technology, Education, Environment, Jobs & Careers, Money & Finance, News, Science, Religion & Spirituality, Sciences, Society & Lifestyle, Think Tank, Travel, U.S. News, World News, knowhow by Kyaemon

====================

China Is Leading the Race to Make Renewable Energy – NYTimes.com



http://www.nytimes.com/2010/01/31/business/energy-environment/31renew.html



TIANJIN, China — China vaulted past competitors in Denmark, Germany, Spain and the United States last year to become the world’s largest maker of wind turbines, and is poised to expand even further this year.


China has also leapfrogged the West in the last two years to emerge as the world’s largest manufacturer of solar panels. And the country is pushing equally hard to build nuclear reactors and the most efficient types of coal power plants.

by Kyaemon

China to become urban country by 2015 – Telegraph

7:52 am in Business & Economics, Community & Society, Education, Environment, Jobs & Careers, Money & Finance, News, Society & Lifestyle, Think Tank, Travel, World News by Kyaemon

=============

China to become urban country by 2015 – Telegraph


China to become urban country by 2015


More than half of all Chinese will be living in cities by 2015 for the first time in history as industralisation drives the greatest migration from countryside to towns ever seen.


Over the past 30 years China has moved from a predominantly peasant society to a country with more than 160 cities of 1m people or more.

by Kyaemon

China set to become world’s largest shipbuilding country – People’s Daily Online

7:46 am in Business & Economics, Education, Jobs & Careers, Money & Finance, News, Society & Lifestyle, World News by Kyaemon

China set to become world’s largest shipbuilding country – People’s Daily Online



http://english.peopledaily.com.cn/90001/90778/90860/6809292.html


China set to become world’s largest shipbuilding country


16:52, November 10, 2009 pastedGraphic.pdf pastedGraphic_1.pdf pastedGraphic_2.pdfAccording to Chosun Ilbo, South Korea’s shipbuilding industry is suffering from insufficient orders due to the serious financial crisis, and China will replace South Korea as the world’s largest shipbuilding country.