You are browsing the archive for Politics, Issues.

နိုင်ငံေ၇းကျားကွက်….စပြီ

3:13 am in 2010 Election by maungmoenyo

ပုဂံ၇ာဇ၀င်ကိုဒုတ်/ဒါးထမ်းပြီးဆို၇မလို၊ စစ်တပ်၇ဲ့၇ာဇ၀င်ကို sam ဒုံးကျည်ထမ်းေ၇း၇မလိုဖြစ်နေပါပြီ။ ဒီမိုကေ၇စီေ၇းကိုဦးတည်ဖေါ်ဆောင်ပေးမယ်ဆိုပြီးလေလုံးတွေဘယ်လိုဘဲလှိုင်လှိုင်၊ နဂိုကတည်းကလျှို့ဝှက်သိပ်သည်း တဲ့နိုင်ငံေ၇းလှည့်ကွက်တွေကိုတော့မဖုံးနိုင်မဖိနိုင်အောင်မြင်နေ၇ပါပြီ။

(၁) ဗိုလ်ချုပ်မှူးကြီးအနေနဲ့အာဏာကိုစွန့်မယ်ဆိုတဲ့သတင်းထွက်လာတော့မယုံနိုင်အောင်ပါဘဲ။ ဒီနေ့သတင်းစာမှာ စစ်၇ာထူးကိုဆက်သုံးတာကိုကြည့်ခြင်းအားဖြင့်၊ ၇ာထူးအခေါ်အဝေါ်ကိုဆက်သုံးခွင့်၇ှိတဲ့ active duty ကိုသာစွန့်တာဖြစ်နိုင်ပါတယ်။ (သို့) နောင်ပေါ်ထွက်လာမဲ့လွှတ်တော်မှာသာ “ဦးသန်းေ၇ွှ”ဖြစ်မဲ့ပုံပါဘဲ။

(၂) လာမဲ့လွှတ်တော်မှာအစုအဖွဲ့(၃)ခုကautomaticေ၇ွးပေးလိုက်မဲ့ ဒု-သမ္မတ (၃)ဦးကနေသမ္မတေ၇ွးမှာမို့ သူသာဆက်အာဏာဆက်ထိမ်းဘို့များပါတယ်။ ဦးနေ၀င်းလက်ထက်ကအာဏာကိုယုံ၇မယ်ထင်တဲ့သူကို လွဲပေးတဲ့လူယုံသတ်ခံ၇တဲ့သင်ခန်းစာကိုဗိုလ်သန်းေ၇ွှမေ့မယ်မထင်ပါ။

(၃) ကာကွယ်ေ၇းဦးစီးချုပ်အဆက်ဆက်ဟာ၊ စစ်ဦးစီးတွေကသာတက်ပေမဲ့၊ ချွင်းချက်အနေနဲ့(၂)ဦး၇ှိပါတယ်။ ဗိုလ်စောမောင်နဲံဗိုလ်မြင့်အောင် (အခုဖြစ်ခဲ့၇င်)တို့က”စစ်ေ၇း”(သို့)”စစ်ထောက်ကနေ”ဖြစ်ကြပါတယ်။ “ေ၇း”နဲ့”ထောက်”ကိုလူညံ့တွေသာပို့လေ့၇ှိပါတယ်။ ဒါကိုကြည်ခြင်းဖြင့်ဗိုလ်မြင့်အောင်ဟာလူညံ့ဆိုတာသေချာသလို၊    ၇ာထူးမှာသိပ်သက်တမ်း၇ှည်မဲ့ပုံမပေါ်ပါ။ ဗိုလ်သန်းေ၇ွှကသူ့ထက် junior သိပ်ကျသူကိုကာ/ချုပ်ပေးတာကြည့် ခြင်းဖြင့်သူနိုင်တဲ့သူကိုမွေးထားကြောင်းထင်၇ှားပါတယ်။

(၄) တိုင်း၇င်းသာလက်နက်ကိုင်စည်း၇ုံးေ၇းထင်တိုင်းမပေါက်တာကိုကြည့်ခြင်းဖြင့်၊ စစ်တပ်ကိုပြန်ပြုပြင်ဘို့ခြေလှမ်း နေပုံ၇ပါတယ်။ျြမန်မာစစ်တပ်ဟာတိုက်ခိုက်ေ၇းစွမ်း၇ည်အကြီးအကျယ်ကျဆင်းနေတာမဖုံးနိုင်မဖိနိုင်အောင်ပါဘဲ။ လက်က်တဆုပ်စာသာကျန်တော့တဲ့တိုင်း၇င်းသားလက်နက်ကိုင်တွေကို၊ (၃)ဒါဇင်လောက်၇ှိတဲ့ ဗိုလ်မှူးချုပ်အဆင့်ဦးဆောင်တဲ့တပ်မ၊”ဒကစ”နဲ့”စကခ”တွေကဒီနေ့အထိအမြစ်မဖြုတ်နိုင်သေးပါ။

(၅) စစ်တပ်နဲ့အသိုင်းအ၀ိုင်းကိုမှီခိုနေကြတဲ့စီးပွားေ၇းလုပ်ငန်း၇ှင်မိသားစုအဆွယ်အပွားတွေကိုမျက်ကွယ်ပြုပြီး ဗိုလ်ချုပ်မှူးကြီးအနေနဲ့အာဏာကိုလက်လွတ်စပယ်လက်လွှတ်မယ်မထင်ပါ။

(၆) media တွေမှာထွက်လာတဲ့စစ်တပ်ထိပ်ပိုင်းအပြောင်းအလဲတွေဟာတမင်ပြင်ပကိုဖြန့်ပေးလိုက်တာ လဲဖြစ်နိုင်ပါတယ်။ “ငါတို့ဘာလုပ်မယ်”တိုတာကိုကြိုတင်အသိပေးလိုက်သလို၊ စစ်တပ်ပြင်ပလောက၇ဲ့တုန့်ပြန် ချက်ကိုသိချင်တာလဲပါပါတယ်။

၇ာထူးအာဏာခွဲဝေတာတွေလက်လွတ်စပယ်လုပ်နေကြတာတွေကိုကြည့်ခြင်းအားဖြင့်၊ သန်း(၆၀)သောလူထု၇ဲ့ ဆန္ဒကိုဗြောင်စော်ကာလိုက်တာလို့မြင်ကြောင်းပါခင်ဗျား။

by timothy

We can conquer the evil empire of Than Shwe

8:52 pm in 2010 Election, Politics, Issues by timothy

Yes, we can. How are we going to do it successfully? We need to learn lessons from our past experiences in 1974, 1988 and 2007 struggles. Than Shwe will do dirty tricks all the way to his victory in his well set-up election. There is nothing we can do about what he is doing in Burma because he thinks he is sole owner of us all. He is selling our lands, gas, teaks, rivers and offshore natural gas at friendship prize to neighbour blood suckers, keep the embezzled hard currency in overseas banks and use this moneys to buys mass destructive arsenals, build underground tunnels and trying to get nuclear armament with the help of equally reactionary regime of North Korea. Yes, he use the terror methods to suppress all of us under fascist military rule. He named it 7-step disciplined democracy pathway to establish military authority immune to state persecution for his crimes against humanity. He silenced the NLD effectively to stand in this election unchallenged.

by cobra

ဗိုလ်ချုပ်မှူးကြီးနှင့် ဒု ဗိုလ်ချုပ်မှူးကြီး စစ်ရာထူးက အနားယ

7:08 am in News, Politics, Issues by cobra

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့ တပ်မတော် ရာထူးများမှ အနားယူ လိုက်ပြီ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်သည်။
၎င်းတို့နေရာတွင် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ပူးတွဲ ညှိနှိုင်းရေးကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ကို ခန့်အပ်လိုက်ကြောင်း နေပြည်တော်နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ၆၅ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် စစ်ရေးပြ တပ်မတော်သားများကို လက်ဝှေ့ယမ်း နှုတ်ဆက် နေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ဓာတ်ပုံ – Getty Images)

အဓိက ကျသည့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီကို ဖျက်သိမ်းခြင်း ရှိမရှိကိုမူ မသိရသေးပေ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးမှာမူ ရွေးကောက်ပွဲ အပြီး တက်လာမည့် သမ္မတကို အာဏာလွှဲအပ်ပြီး ၂၀၁၁ ခုနှစ် မတ်လ ဘတ်ဂျက် အကုန်တွင် အနားယူမည် ဟုလည်း ၎င်းက ဆိုသည်။
ဗိုလ်ချုပ်ကြီး သူရရွှေမန်းလည်း စစ်တပ် ရာထူးမှ အနားယူကြောင်း သတင်း ထွက်ပေါ် နေသည်။ ၎င်းကို လာမည့် အနာဂတ် မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ရာထားသည်ဟု စစ်တပ် အတွင်း ပြောဆိုနေ ကြသည်။

by seinrlu

ပြည်သူ့သဘောထား

3:43 pm in Politics, Issues by seinrlu

လက်နက်အားကိုး မိစ္ဆာမျိုး နအဖ စစ်ဝါဒီ အားဆန့်ကျင်ကြ။

နိုင်ငံတော် တိုးတက်ရေးနှင့် စစ်မှန်သော ဒီမိုကရေစီ ရရှိရေးကို နှောင့်ယှက် ဖျက်ဆီးသူများအားဆန့်ကျင်ကြ။

နိုင်ငံတော်၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်နှောင့်ယှက်ပြီး သံယာဇာတများကိုခေါင်းပုံဖြတ်အမြတ်
ထုတ်နေသောပြည်ပနိုင်ငံများအားဆန့်ကျင်ကြ။

ကြံ့ဖွတ်၊စွမ်းအားရှင် အဖျက်သမားများအား ဘုံရန်သူအဖြစ်သတ်မှတ်ချေမှုန်းကြ။

by seinrlu

စစ်ဦးစီးအဖွဲ့ သစ်

3:39 pm in News, Politics, Issues by seinrlu

သန်းရွှေ ၊ မောင်အေးနဲ့ ရွှေမန်းတို့ စစ်တပ်မှာ နှုတ်ထွက်ပြီး စစ်ဦးစီးအဖွဲ့ သစ် ဖွဲ့ စည်းလိုက်ပြီဟုသတင်းရရှိပါတယ်။ စစ်ဦးစီးအဖွဲ့ သစ်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁ - ဗိုလ်ချုပ်မူးကြီး သူရမြင့်အောင်
၂ – ဗိုလ်ချုပ်ကြီး ကိုကို
၃ -ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်
၅- ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး
၆- ဗိုလ်ချုပ်ဝေလွင် (စစ်ထောက်ချုပ် )
၇-ဗိုလ်ချုပ် ကျော်ဆွေ ( စရဖ)
၈- ဗိုလ်ချုပ်လှဌေးဝင်း ( လေ့ကျင့်ရေးချုပ်)
၉-ဗိုလ်ချုပ်ဝင်းမြင့် ( အထူုးစစ်ဆင်ရေးချုပ်)
၁၀-ဗိုလ်ချုပ် သိန်းဌေး ( စစ်ပစ္စည်းထုတ်လုပ်ရေးချုပ်)
၁၁- ဗိုလ်ချုပ်သောင်းအေး ( စစ်ဆင်ရေးချုပ်)
၁၂-  ဗိုလ်ချုပ် စိန်ဝင်း- ( လေကြောင်းရန်ကာကွယ်ရေး)

၁၃- ဗိုလ်ချုပ်ရာပြည့် ( စစ်ဥပဒေချုပ်)
၁၄- ဗိုလ်ချုပ် မြင့်စိုး –  ကထစ မူး  – ၁
၁၅- ဗိုလ်ချုပ်  အောင်သန်းထွဋ်  – ကထစ မူး -၂
၁၆- ဗိုလ်ချုပ်လှမင်း- ကထစ မူး- ၃
၁၇- ဗိုလ်ချုပ်သက်ဝင်းနိင် – ကထစမူး -၎
၁၈- ဗိုလ်ချုပ်တင်ငွေ -ကထစ မှုး- ၅
၁၉- ဗိုလ်ချုပ်စိုးဝင်း -ကထစ-မှုး-၆
၂၀- ဗိုလ်ချုပ် ကျော်ဖြိုး- ကြည်း၊ရေ၊လေ စစ်ဆေးရေးချုပ်
၂၁- ဗိုလ်ချုပ် ရာပြည့်- စစ်ဥပဒေချုပ်  တို့ ဖြစ်ကြပါတယ် ။

by seinrlu

စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် စစ်တပ် အရာရှိကြီးများ တပ်ရာထူးများမှ အနားယူကာ ရွေးကောက်ပွဲ ၀င်ရန် ပြင်ဆင်နေမှု အပေါ် မြန်မာပြည် နိုင်ငံရေး အသိုင်းအ၀ိုင်းတွင် အမြင်အမျိုးမျိုး ကွဲပြား နေ

2:57 pm in Opinions and Discussion, Politics, Issues by seinrlu

<စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် စစ်တပ် အရာရှိကြီးများ တပ်ရာထူးများမှ အနားယူကာ ရွေးကောက်ပွဲ ၀င်ရန် ပြင်ဆင်နေမှု အပေါ် မြန်မာပြည် နိုင်ငံရေး အသိုင်းအ၀ိုင်းတွင် အမြင်အမျိုးမျိုး ကွဲပြား နေကြောင်း သိရှိရသည်။ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဌ ဦးသုဝေက”တပ်ရာထူးကနေ အနားယူလိုက်တဲ့ သတင်းကိုတော့ ကျနော်ကြိုဆိုတယ် ၊ ဘာဖြစ်လို့လဲဆိုတော့ တပ်အ၀တ်အစားနဲ့ဆို လူက ကြမ်းတယ် ၊ အရပ်ဝတ်နဲ့ဆို လူက ပိုပြီး သိမ်မွေ့လာမယ်လို့ ထင်တယ် ၊ ၁၉၇၄ ခုနှစ်က ဦးနေ၀င်းလုပ်သွားတဲ့ပုံစံမျိုးလည်း ဖြစ်နိုင်တာပေါ့လေ ၊ ဗိုလ်ချုပ်ကြီးနေ၀င်းက အရပ်သားဦးနေ၀င်းကို အာဏာ လွှဲပေးတဲ့သဘောမျိုးပေါ့လေ ၊ အရပ်ဝတ်လဲလိုက် ပေမယ့် အာဏာကတော့ စွန့်မယ့်ပုံမရှိဘူးထင်ပါတယ်”ဟု ပြောသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း အပါအ၀င် စစ်တပ်အရှိကြီးများ တပ် ရာထူး များမှ အနားယူလိုက်ကြောင်း ယမန်နေ့က သတင်းများ ထွက်ပေါ်ခဲ့ရာ မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းအတွင်း လှုပ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ယင်းသို့ စစ်တပ်အရာရှိကြီးများ စစ်တပ်ရာထူးများမှ စွန့်ခွာလိုက်ခြင်းသည် ဖြစ်သင့်ဖြစ်ထိုက်သည့် ကိစ္စရပ်တခုသာ ဖြစ်သည်ဟု ၀ါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ပြောသည်။ ၄င်းက”အမှန်ကတော့ အသက် (၆၀)ဆိုရင် ပင်စင်ယူရမှာလေ ၊ အခုတော့ ပင်စင်မယူဘဲ တောက်လျှောက်လုပ်လာတာ အသက် (၇၀) ကျော်တောင် ရောက်နေပြီပဲ ၊ အသက် (၇၀) ကျော် (၈၀) နားနီးထိ နေတာကတော့ အောက်ကလူတွေ ရသင့်ရထိုက်တဲ့ ရာထူးအခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတာပေါ့ ၊ အခုလို တပ်ရာထူးကနေ နုတ်ထွက်ပြီဆိုတော့ အောက်က ဗိုလ်ချုပ်တွေကတော့ ၀မ်းသာနေကြမှာပဲ ၊ ဗိုလ်ချုပ်မှူးကြီး တပ်ကထွက်ပြီး သမ္မတ ဆက်လုပ်မလား မလုပ်ဘူးလား ဆိုတာက လက်ရှိအခြေအနေ အရကတော့ သူလုပ်ချင်ရာလုပ်လို့ ရတဲ့သဘောမှာရှိနေတယ်”ဟု ပြောဆိုသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနှင့် ရာထူးမှ နုတ်ထွက်ချင်လျင်သော်မှ ၎င်း၏ ဇနီး နှင့် သားသမီးများ ဆန္ဒကို လွန်ဆန်နိုင်မည်ဟု မထင်မြင်ကြောင်းလည်း သခင်ချန်ထွန်းက ပြောသည်။ ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်ကမူ ယခုအပြောင်းအလဲသည် လူထုအတွက် အကျိုး ရှိစေမည့် ပြောင်းလဲမှုမျိုးမဟုတ်ဟု ဆိုသည်။ “ဒီတပ်တွင်းအပြောင်းအလဲဟာ လူထုအတွက် တိုင်းပြည်အတွက် အကျိုးရှိလာမယ့် အပြောင်းအလဲမျိုးမဟုတ်ပါဘူး ၊ သူတို့ဟာ စစ်ဝတ်စုံချွတ်ပြီး အရပ်သားအသွင်နဲ့ တိုင်းပြည်ကို ဆက်ပြီး အုပ်ချုပ်လို့ ရအောင် ပြင်ဆင်တဲ့သဘောပါပဲ ၊ တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်တဲ့ အပြောင်းအလဲမျိုး မဟုတ်ဘူးလို့ပဲမြင်မိတယ်”ဟု ဦးအေးသာအောင်က ဆိုသည်။ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ပူးတွဲ ညှိနှိုင်းရေးကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ကို ယမန်နေ့က ခန့် အပ်လိုက်ကြောင်း သတင်းများပေါ်ထွက်ခဲ့ပြီး ဗိုလ်ချုပ်ကြီးသူရရွှေမန်းသည် နောက်တက်မည့် အစိုးရအဖွဲ့၏ သမ္မတ ဖြစ်လာမည် ဟု ခန့်မှန်းမှုများလည်း ရှိနေသည်။ အမျိုးသားဒီမိုကရေစီအင်အားစု(NDF) ပါတီခေါင်းဆောင်ဦးခင်မောင်ဆွေက”ဗိုလ်ချုပ်မှူးကြီး တပ်ရာထူးစွန့်ပြီး သမ္မတရာထူး ယူ မယ်ဆိုတဲ့ သတင်းထက် ဗိုလ်ချုပ်ကြီးသူရရွှေမန်းက သမ္မတနေရာအတွက် ပြင်နေတယ်ဆိုတာက ပိုဖြစ်နိုင်မယ်ထင်တယ် ၊ ဗိုလ်ချုပ်မှူးကြီးကတော့ တပ်ကို သူယုံကြည်စိတ်ချရတဲ့ လူတွေနဲ့ သူ့စိတ်တိုင်းကျ ပြင်ဆင်ပြီး အနားယူတော့မယ့် သဘောရှိတယ်၊ အသက်ကလည်း ၈၀ နားတောင်နီးနေပြီဆိုတော့ ဆက်လုပ်ဖို့ကလည်း မသင့်တော်တော့ဘူးကိုး”ဟု ဆိုသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်ကမူ”နယ်ခြားစောင့်တပ်ဖွဲ့ရေး ကိစ္စတွေ ၊ တိုင်းရင်းသားကိစ္စတွေ ဖြေရှင်းမပေး နိုင်သေးခင် အခုလိုအချိန်မျိုးမှာ တပ်ရာထူးတွေကနေ နုတ်ထွက်ဖို့ဆိုတာ မလွယ်ဘူး ထင်တယ်”ဟု ပြောသည်။ အရပ်သားအသွင်ပြောင်း ဗိုလ်ချုပ်ကြီးများ ပါဝင်လာမည့်ရွေးကောက်ပွဲသည် အရပ်သားပါတီများအတွက် အခွင့်အလမ်း မရှိနိုင် တော့ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုမျိုးရန်နောင်သိမ်းက ပြောသည်။ “တပ်တွင်းက အရာရှိကြီးငယ်တော်တော်များများ ကြံ့ဖွံ့ပါတီထဲကို ၀င်သွားကြပြီ၊ သူတို့က ရွေးကောက်ပွဲနောက်ပိုင်းမှာ အာဏာ ဆက်ယူထားနိုင်ဖို့အတွက် ဘက်ပေါင်းစုံကနေ နည်းလမ်းစုံသုံးတော့မယ် သဘောပဲ၊ အရင်က အပြောင်းအလဲ ရနိုင်မလား တွေးခဲ့ မိတယ် ၊ အခုတော့သူတို့က ရွေးကောက်ပွဲအောင်နိုင်ရေးအပြင် နောင်လာမယ့် လွှတ်တော်မှာ တပ်ဘက်က ၂၅ ရာခိုင်နှုန်း ယူထား တဲ့အပြင် အရပ်ဝတ်ပြောင်း စစ်သား ကိုယ်စားလှယ်တွေပဲ ရှိနေအောင် လုပ်တော့မယ့် သဘောပဲ”ဟု ကိုမျိုးရန်နောင်သိမ်းက ပြောသည်။ ၄င်းသည် ၂၀၀၇ စက်တင်ဘာအရေးအခင်းပြီးနောက် အဖမ်းခံခဲ့ရကာ ယမန်နှစ်က ပြန်လည်လွတ်မြောက်လာပြီးနောက် ရွေးကောက်ပွဲကို ထောက်ခံသည့်ရေးသားပြောဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ယခုအခါ ရွေးကောက်ပွဲကို သပိတ်မှောက် သင့်ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလာသူဖြစ်သည်။ စစ်အစိုးရက ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီး အတွက် ကျင်းပသွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာထားသည်။strong>

by ghost

အများသိစေရန်ဖြစ်ရပ်မှန်အားအသိပေးခြင်း။

11:31 am in Community & Society, News, Press Announcements by ghost

၂၀၀၉ခုနှစ်၊နှစ်စပိုင်းတွင်ကိုဋ္ဌေးသစ်(ဒါရိုက်တာသစ်သား)ဟုခေါ်သော၊ဦးဋ္ဌေးသစ်

မှ အလွမ်းများနှင့်ဧရာဝတီ နာမည်ဖြင့် ဗီဒီယိုဇာတ်ကား ရိုက်ကူးခြင်ကြောင်း၊

အတွေ့အကြုံရှိသူများအနေဖြင့်ပူပေါင်း ကူညီပေးစေလိုကြောင်း အကူအညီတောင်းခံ

လာသောကြောင့်ကျွန်တော်၊ကျွန်မတို့ဘက်မှလည်းစစ်မှန်သော အနုပညာစိတ်ဓာတ်

ရှိမည်ဟုထင်မြင်ခဲ့သည်ကတစ်ကြောင်း၊ကိုယ့်နိုင်ငံအတွက်ဖြစ်ရပ်မှန်ကိုဖေါ်ပြခြင်သည်

ကတစ်ကြောင်း၊ကြောင့်ပူးပေါင်းကူညီပေးပါမည်ဟုနှုတ်ဂတိပေးခဲ့ပါသည်။

၁၈.၅.၂၀၀၉တွင်OTSUKACOFFEEဆိုင်တွင်အဓိကဇာတ်ဆောင်ကလေးသရုပ်ဆောင်

များအလိုရှိနေသည်ဟုဆို၍မိမိနှင့်နီးစပ်ရာကလေးများကိုပါဝင်လာစေရန်မိမိမှတဆင့်အ

ကူအညီတောင်းခံပေးခဲ့ရပါသည်။အဓိကဇာတ်ဆောင်များအားလည်းမိတ်ဆက်ပါဝင်စေခဲ့

ပါသည်။

၁၇.၆.၂၀၀၉ တွင်ဗမာပြည်နှင့် အနီးစပ်ဆုံးတူညီသော VIEW များကိုမိမိမှအကြံပေးဦး

ဆောင်၍ MASUDOမြို့တွင်နေထိုင်သောဂျပန်လူမျိုးမိတ်ဆွေအားအကူအညီတောင်းခံ၍

EDOKAWAမြစ်ရိုးတလျှောက်၎နာရီကျော်ကြာခြေလျှင်လမ်းလျှောက်ကာဧရာဝတီမြစ်

ကမ်းနှင့် အနီးစပ်ဆုံးတူသောနေရာများကိုရှာဖွေ၍အိမ်နေရာအတွက် ထို EDOKAWA

မြစ်ကမ်းဘေးတွင် ယာယီနေထိုင်နေသော အိမ်ခြေယာခြေမဲ့၏အိမ်နှင့်၎င်းနေရာအား

ရုပ်ရှင်ရိုက်ကူးရန်နေရာခတ္တအသုံးပြုခွင့်ပြုပါရန်မိမိငွေဖြင့်မုန့်ဖိုးပေးကာမေတ္တာရပ်ခံပေး

ခဲ့ပါသည်။

၃၁.၆.၂၀၀၉ တွင်စတင်၍ရိုက်ကူးခဲ့ပါသည်။ ၁၉.၇.၂၀၀၉တွင်ပင်လယ်ရိုက်ကွင်းနှင့်နွား

ခြံရိုက်ရန်အတွက် လိုအပ်ပြန်သည်ဆို၍ ခရီးစဉ်အရှုံးငွေများအား မိမိမှစိုက်ကာကားဖြစ်

မြောက်ရေးအတွက်ကူညီခဲ့ပါသည်။

၂၈.၇.၂၀၀၉တွင်အဓိကသရုပ်ဆောင်ကိုထွန်းထွန်းဦးမှာနေမကောင်းသည့်ကြားမှကြိုးစား

၍ရိုက်ကွင်းသို့လာရောက်ပေးခဲ့ပြီးအကြိမ်ကြိမ်တနေကုန်အောင်စောင့်ပေးသော်လည်း

ရိုက်ကူးမှုမပြုလုပ်ပေး၍နောက်ဆုံးတွင်စိတ်ပျက်ကာဆက်လက်မပါဝင်နိုင်တော့ကြောင်း

ကိုဋ္ဌေးသစ်အားဖုန်းဖြင့်အကြောင်းကြားအသိပေးနှတ်ထွက်ခဲ့ပါသည်။

ရိုက်ကူးနေစဉ်အတွင်းကားရိုက်ကူးရေးတွင်အနှောက်အယှက်ရှိနေသည်ကန်တော့ပွဲပေးမှ

ဖြစ်မည်ဟုကိုဋ္ဌေးသစ်မှပြောလာ၍မိမိနေအိမ်တွင် ၂၂.၈.၂၀၀၉ နေ့တွင်ပြုလုပ်ပေးခဲ့ရပါ

သည်။၎င်းနောက်ရိုက်ကွင်းတွင်လည်းမီးထိုးမှန်ထိုးမှအစလိုအပ်များကိုမိုးထဲလေထဲနေပူထဲတွင် ကိုယ့်စာရိတ်ကိုယ်စိုက်၍ကူညီပံ့ပိုးပေးခဲ့ရပါသည်။ ဤသို့ ပြုလုပ်ပေးခဲ့ခြင်းမှာဗမာ

နိုင်ငံတွင်းနာဂစ်မုန်တိုင်းဒဏ်ခံစားခဲ့ရသောပြည်သူပြည်သားများအားလစ်လျှူရှုထားသော

စစ်အုပ်စု၏ရက်စက်မှုကိုဖေါ်ထုတ်ပေးသောဇာတ်ကားဖြစ်၍၎င်းရိုက်ကူးသူ၏စေတနာကို

လေးစားမိ၍၎င်းအစွမ်းကုန်ကူညီပေးခဲ့ခြင်းဖြစ်ပါသည်။မိမိတို့မိသားစုမှာကျရာနေရာမှမိမိ

တတ်စွမ်းသောအနုပညာဖြင့်၎င်းမိမိစရိတ်မိမိစိုက်ထုတ်၍ ၁နှစ်နီးပါးခန့် အချိန်ကုန်ခံကာ

နောက်ဆုံးဇာတ်ကားပြီးပြတ်သည့်၁၈.၄.၂၀၁၀နေ့အထိအကူအညီပေးခဲ့ပါသည်။သို့သော်

လည်းဇာတ်ကား ပြသမည့် အချိန်အထိ  အဆက်အသွယ် တစုံတရာမှ မပြုလုပ်ဘဲဖြတ်

နအဖခေါင်းဆောင်တွေ ရာထူးက ထွက်ကုန်ပြီ

2:32 pm in 2010 Election by True Faith

စစ်အစိုးရ ထိပ်တန်းခေါင်းဆောင် ၂ ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့လည်း လက်ရှိရာထူးမှ နှုတ်ထွက်သွားသည်ဟု ပြည်ပအွန်လိုင်းသတင်းဌာနနှစ်ခုဖြစ်သည့် ဧရာဝတီနှင့် မဇ္ဈိမတို့တွင် ဖော်ပြထာသည်။

ထို့ပြင် စစ်အစိုးရ ထိပ်တန်းခေါင်းဆောင် နံပါတ် ၃ ဖြစ်သည့် ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် နအဖ ကောင်စီ အတွင်းရေးမှူး ၁ ဒု ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးတို့ အပါအ၀င် စစ်ဗိုလ်ချုပ် ၁၂ ဦးထက်မနည်း ယနေ့ နှုတ်ထွက်ခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကာကွယ်ရေး ဦးစီးချုပ်နေရာတွင် ယခင် စစ်ရေးချုပ်ဖြစ်သည့် ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်နှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနေရာတွင် ကစထမှူး ၃ ဖြစ်သည့် ဒု ဗိုလ်ချုပ်ကြီး ကိုကိုတို့ကို ခန့်အပ်လိုက်ကြောင်း ဖော်ပြထားသည်။

ကြည်း/ ရေ/ လေ ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် တာဝန်ယူထားသည့် သူရရွှေမန်းနေရာ၌ ကာကွယ်ရေး ဦးစီးချုပ်ရုံး စစ်ဆင်ရေး အထူးအဖွဲ့မှူး ဗိုလ်ချုပ် မင်းအောင်လှိုင်က ၀င်ရောက်လာပြီး စစ်ထောက်ချုပ်ရုံး ၆ ရုံးကို တာဝန်ယူထားသည့် တင်အောင်မြင့်ဦးနေရာတွင် အာဏာသိမ်းရန် ကြိုးစားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည့် နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်ဝေလွင် ၀င်ရောက်လာသည်။

ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိသူအများစု ရာထူးမှ နှုတ်ထွက်သွားပြီး တိုင်းမှူးအများစု အပါအဝင် ဗိုလ်ချုပ်အဆင့် ရှိသူများ ရာထူးမြင့်တက်ခဲ့ကြောင်း သိရသည်။

by Kyaemon

Stilwell Road (1945)

8:11 am in Community & Society, Education, History, Photography, Politics, Issues, Relationships & Family, Society & Lifestyle, Travel by Kyaemon

THIS VIDEO HAS THE BUILDING OF THE ROAD PLUS ALL THE ACCOMPANYING BATTLES .

pastedGraphic.pdf pastedGraphic.pdf pastedGraphic.pdf pastedGraphic.pdf

Stilwell Road (1945)

YouTube – Stilwell Road (1945)

http://www.youtube.com/watch?v=6aQdcAd-ERA&feature=search

Documentary about the construction of the Stilwell Road–originally called The Ledo Road–a 478-mile passage from Assam, India, to Ledo, Burma, during World War II. The road, which was built by 63,000 workers and cost $150 million, was used by the British, Chinese and Indian armies to transport supplies, troops and other essentials from India to Burma in order to keep the Japanese from overrunning the entire theater. Included is footage of the construction of the road itself and of Gen. Joseph “Vinegar Joe” Stillwell, the American general in charge of forces in the China-Burma-India area of operations and for whom the road was named.

by fatty

NLD ခွဲထွက် ပါတီမှ ဦးခင်မောင်ဆွေ ..ရွေးကောက်ပွဲမ ၀င်တော့

5:54 am in 2010 Election, Myanma News by fatty

၁၉၉၀ လွှတ် တော်အမတ် ( စမ်းချောင်းမြို့နယ် ) ဦးခင်မောင်ဆွေ သည် NLD ရွေး ကောက်ပွဲ သပိတ် မှောက် ရန်ဆုံးဖြတ်စဉ် NLD မှခွဲထွက်ပြီး မိမိဆန္ဒဖြင့်

သီးခြား ပါတီထောင်ကာ ပါဝင် ယှဉ်ပြိုင်ရန် စီစဉ်ဆောင် ရွက်ခဲ့သော်လည်း အပြစ်ပေး ခံခဲ့ရသူတဦးဖြစ် ရ်ျ ရွေးကောက်ပွဲ ၀င်ခွင့် မရှိကြောင်း ၊

ေ၇ွးကောက်ပွဲ ၀င် လိုပါက အသနားခံ စာ တင်ရမည်ဖြစ်ကြောင်း အကြောင်း ကြားလာသဖြင့် စာတင်လိုက်ရပါသည်။

ယင်းသို့အသနားခံ စာ တင်ပြီး တဖန် ၂၀၀၈ ဖွဲ့စီး ပုံအား လိုက်နာပါမည်ဟု ထပ်မံ လက်မှတ် ထိုးခိုင်းပြန် သောကြောင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် မှု့

မလုပ်တော့ ဟု ဆုံးဖြတ်လိုက် ကြောင်း သိရသည်။

by fatty

တကယ်မသိလို့မေးတာပါ ..

12:44 pm in 2010 Election, Opinions and Discussion, Politics, Issues by fatty

ကျနော်သိချင်တာ လေး တွေကိုမေးခွင့်ပြုပါ ။ ….

မကြာမီ ရွေးကောက်ပွဲ ကြီး လုပ်ပါတော့ မယ် …. ကြံ့ ဖွံ့ပါ တီ ရဲ့ နယ်မှာ တောင်သူတွေကို ချေးငွေ ထုပ်ပေးပြီး ချေးငွေလိုချင်ရင် သူတီု့ပါတီထဲဝင်ရမယ် …ဆိုတော့

လောလော ဆယ်စားဝတ်နေရေး စိုက်ရေးပျိုးရေး အခက်အခဲ ရှိနေသူတွေ ကတော့ ရတာအရင်ယူရမဲ့ သဘောဖြစ်နေပါတယ်။

တရားဥပဒေ ကို အားကိုး ရအောင်ကလည်းမှန်မှန် ကန်ကန် ရပ်တည် ပြီး ကိုယ့်အတွက် မှန်ကန်မှုနဲ့ အားကိုးလောက်ရဲ့လား …….

ဝင်ပြိုင်ကြမဲ့ ပါတီ တွေရဲ့ ဥ က္က ဌ ဆိုသူ တွေရဲ့ အတွေ့ အကြုံ တွေဖတ်ကြည့် တော့လည်း ….အမှန်ပြောရရင် အားရစရာ သိပ် မရှိပါ …..

ရွေးကောက်ပွဲ ကို သပိတ်မှောက် လို့ ပြောတဲ့ အဖွဲ့ ကလည်း ပြောပါတယ် …..

လူကောင်း လူတော် တွေကို ရွေးပြီး မဲထည့် ကြပါလို့ ပြော တဲ့အဖွဲ့ ကလည်း ပြောတယ် ……

ကျနော် တို့ မှာ ရွေး ကောက် ပွဲ အတွေ့အကြုံ က မရှိ တော့ ဘာတွေ လုပ်ကြ ရမှာ တုံး …..  တကယ်မသိလို့ပါ ………

၇ှမ်းပြည်မှလူထုခေါင်းဆောင်ဦးေ၇ွှအုံးကွယ်လွန်

11:53 pm in Politics, Issues by maungmoenyo

ပြည်ထောင်စု ဒီမိုကရေစီပါတီ၏ နာယက တဦးဖြစ်သူ ဝါရင့် ရှမ်းနိုင်ငံရေး ခေါင်းဆောင် ဦးရွှေအုံး (၈၉ နှစ်) သည် ယမန်နေ့ ညနေ ၆ နာရီခွဲတွင် အသည်းရောဂါဖြင့် နေအိမ်၌ပင် ကွယ်လွန် သွားကြောင်း သိရှိရသည်။

ဦးလေးအုံးအိမ်ကိုမကြာခနလာလည်တိုင်းဟာသတွေနှောပြီးအာဏာ၇ဦးနေ၀င်းအစိုး၇ကိုပြက်လုံထုတ်တာတွေအမှတ်၇မိပါတယ်။ မှတ်မှတ်၇၇တခုကတော့…”မြန်မာပြည်ဒီမိုကေ၇စီ၇ဘို့ ဒီလောက်တော့စောင့်၇အုံးမယ်”ဆိုပြီးလက်ညှိုးတချောင်းထောင်ပြပါတယ်။ ကျွန်တေိာတို့က”တနှစ်လား”လို့မေးတော့ခေါင်းခါပြပါတယ်။ ဒါနဲ့..”ကဲ၊ ဒါဆိုဆယ်နှစ်လား” ဆိုတော့ခေါင်းခါပြပြန်ပါတယ်။ ဒါနဲ့ဘယ်လောက်စောင့်၇မလဲမေးတော့…”တစ်သက်” ဆိုတော့ကျွန်တော်တို့အားလံဝါးလုံးကွဲးကွဲ၇ီကြတာအမှတ်၇မိပါတယ်။
ဦးလေးအုံးသူမမြင်လိုက်၇တဲ့ မြန်မာဒီမိုကေ၇စီ၇၇ှိေ၇းလမ်းစ..ကျွန်တော်တို့လိုသူ့မြေးအ၇ွယ်တွေကတောင်မြင်ခွင့်၇ပါ့အုံးမလားလို့…..ဦးလေးအုံးကောင်း၇ာသုဂတိလားပါစေ…။

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်စား ဗမာ့အသံမှ ဖတ်ကြား အသံလွှင့်သည့် “လူထုကို တပတ်မရိုက်” မိန့်ခွန်း

3:55 pm in Community & Society, Politics, Issues by badbabylay09@gmail.com

(၁၉၄၇ မတ်လ ၇ ရက် ည ၆ နာရီ ၃၈ မိနစ်အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်စား ဗမာ့အသံမှ ဖတ်ကြား အသံလွှင့်သည့် “လူထုကို တပတ်မရိုက်” မိန့်ခွန်း မှ ကောက်နုတ်ချက်)   ကျနော်သည် တိုင်းပြည်ကို တခါဘူးမျှ တပတ်မရိုက်ခဲ့သည်ကို လူထုကောင်းကောင်း သိပါသည်။ အထူး ရှင်းပြနေစရာ မလိုပါ။ ဖက်ဆစ်ဂျပန် လက်ထက်က အသက်စွန့်ပြီး လက်ရုံးရည် သုံး သင့်သည့် အချိန်တွင် တိုင်းပြည်ကို တပတ်ရိုက်ပြီး ခေါင်းမ ရှောင်ခဲ့ပါ။ ကျနော်ကိုယ်တိုင် လက်နက်ကိုင်ပြီး တော်လှန် ခဲ့သည်။  ကျနော့်အတွက်မှာဆိုလျင် လက်ရုံးရည်နှင့် နှလုံးရည်သည် ဘာ မျှ ထူးခြားခြင်း မရှိပါ။ လူထု လွတ်လပ်ရေး တခုတည်းကိုသာ ရှေ့ရှုပြီး သင့်သလို ကြည့်သုံးသွားမည်။  လူထုလွတ်လပ်ရေးအတွက် လက်ရုံးရည်ကို အသုံးပြုသင့်သည့် အခါမှာ ကျနော်၏ အသက်ကို စွန့်ရမှာ ကြောက်ပြီး လူထုကို လမ်းလွဲမပြခဲ့သလို လူထုလွတ်လပ်ရေးအတွက် နှလုံးရည်ကို အသုံးပြုသင့်သည့် အခါ မှာလည်း ပါးစပ် တော်လှန်ရေးသမား၊ စက္ကူတော်လှန်ရေးသမား၊ ဂမူးရှုးထိုးသမားများ၏ ကဲ့ရဲ့ ရှုတ်ချခြင်းကို ကြောက်လန့်တုန်လှုပ်ပြီး လူထုကို ဂျောက်မတွန်းခဲ့ပါ။  လက်ရုံးရည်ကိုသော်၎င်း၊ နှလုံးရည်ကိုသော်၎င်း လူထုလွတ်လပ်ရေးအတွက် အတိအကျသုံးရန် သင့်သည့် အချိန်အခါတွင် ဘာကိုမျှ မထောက်ထားဘဲ၊ လူထုကို တပတ်ရိုက်မနေဘဲ တော်ဖြောင့်မှန်ကန်စွာ အသုံးပြု သွားမည်ကို စိတ်ချ ယုံကြည်ကြပါ။  (မိမိကိုယ်ကို ခေါင်းဆောင်အဖြစ် သတ်မှတ်နေကြသူများ ဆင်ခြင်ဖို့နဲ့ မိမိကိုယ်ကို ဆန်းစစ်ကြဖို့ပါ။ တိုင်းပြည်က လိုအပ်ချိန်မှာ ပြည်သူလူထုက မျှော်လင့်တာ ဗိုလ်ချုပ်ကဲ့သို့ ပ

ဗိုလ်ချုပ်အောင်ဆန်း အကြောင်းသိကောင်းစရာ

3:51 pm in Politics, Issues by badbabylay09@gmail.com

—————————————-

“ဖေဖေါ်ဝါ၇ီဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ ၊ တစ်ထောင်ကိုးရာတစ်ဆယ့်ငါး ရှေ့နေဦးဖာသား ၊
ဇာတိနတ်မောက်မကွေးခရိုင် သိကြများခုတိုင် ၊ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊

မိခင်ဒေါ်စုသား ။ တစ်ထောင်ကိုးရာလေးဆယ့်ခွန် ပြောင်းကြွတမလွန် ၊ မျက်ရည်ဖြိုင်လို့

ဘ၀င်ညှိုး ဇူလိုင်တစ်ဆယ့်ကိုး ၊ ပြည်ထောင်လွတ်ရေးကြိုးပမ်းအောင် ပြည်ချစ်ဒို့

ခေါင်းဆောင် ၊ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား ။ ပြည်ထောင်စုရဲ့ကျေး

ဇူးရှင် ဗိုလ်ချုပ်တို့ဖခင် ၊ ကောင်းစေချင်တဲ့မှာစကား ငါတို့မမေ့အား ။’’

ငါတို့ဗိုလ်ချုပ်သာ သက်ရှိထင်ရှားရှိမယ်ဆို ၊ ခု ၂၀၁၀ ဖေဖေါ်ဝါရီလ ၁၃

ရက်နေ့မှာ အသက် ၉၅ နှစ်ရှိပြီပေါ့….. ၊ ငါတို့ဗိုလ်ချုပ်ဆိုတာလား…? အေးပေါ့……ငါတို့

ရွယ်တူ ဒါမှမဟုတ် ငါတို့ထက်ငယ်တဲ့ တချို့တချို့သူတွေ ဘယ်သိနိုင်ပါ့မလဲ ၊ဗမာပြည်ရဲ့

စစ်အာဏာရှင်တွေက ငါတို့ဗိုလ်ချုပ်ကိုမှေးမှိန်အောင် ဖျောက်ဖျက်ဖုံးကွယ်ထားကြတာကိုး

ငါတို့ဗိုလ်ချုပ်ဆိုတာ ဗမာပြည်နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းမှာ အထင်ကရ

ဖြစ်ခဲ့တဲ့ ဗိုလ်လရောင်ခေါ် ဗိုလ်မင်းရောင်ရဲ့မြေး ၊ မဟာသီရိသုဓမ္မဒေါ်ခင်ကြည်ရဲ့ ခင်ပွန်း၊

ဒီနေ့ခေတ် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် ၊ ဗမာ့တပ်မတော်ကို ဖွဲ့စည်းတည်ထောင်ပေးခဲ့သူ ၊ ဗမာပြည်ကို ကျွန်ဘ၀က ၊ နယ်ချဲ့လက်အောက် ဖက်စစ်

လက်အောက်က လွတ်မြောက်ဘို့ စွမ်းစွမ်းတမံ ဦးဆောင်ကြိုးပမ်းခဲ့သူပေါ့ ။

ငါတို့ဗိုလ်ချုပ်ကို “အောင်ဆန်းဇာနည် “ ဆိုတဲ့ကဗျာထဲကလို ၊မကွေးတိုင်း၊

ဗိုလ်ချုပ်အောင်ဆန်း၏ စကားများ

3:14 pm in Politics, Issues by badbabylay09@gmail.com

“ရဲဘော်တို့ မေးစရာ စကားရှိတယ်။ တကယ်လို့ အကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ ကိုယ့်နိုင်ငံ ဆန့်ကျင်တဲ့ အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇ၀င်မှာ ကြည့်လိုရှိယင် ဘယ်လောက်ကြီးတဲ့လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာ ချည်းပဲ။ ဒီလို မတရားတဲ့ အကြီးအမှူးတွေရှိယင် ရဲဘော်တို့ အပေါ်မှာလဲ တည်တယ်။ ဥပမာ မတရားတဲ့ အကြီးအမှူးတစ်ယောက်က ၀တ္တရားနှင့်မဆိုင်တဲ့ နိုင်ငံနှင့်လူမျိုးအကျိုးနဲ့ မပတ်သတ်တဲ့ အမိန့်မျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျ၊ မကျ၊ တရား၊ မတရား နိုင်ငံနှင့်လူမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလို ကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းယင် သူ့ထက်ကြီးတဲ့ အကြီးအမှူးကို ဖြစ်စေ၊ တစ်ခြား အကြီးအမှူးတစ်ယောက်ဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ်၊ မှားတယ် သိနိုင်မယ်။”
“လက်ဖွဲ့အနေနဲ့ဆောင်ပြီး သတ္တိနှင့် သစ္စာရှိလျှင် မောင်တို့ ခြေချရာအရပ်များသည် အောင်မြေချည်း ဖြစ်ရလိမ့်မည်။”

“ကျုပ်အဖို့ ပြောရယင် ရဲဘော်တို့ထဲကပဲဖြစ်ဖြစ်၊ အခု တပ်ထဲမှာရှိတဲ့ စစ်သားကလေးကစပြီး အားလုံး ရဲဘော်တွေထဲကပဲဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊ အကျင့်စာရိတ္တ၊ အလုပ်အကိုင်၊ နိုင်ငံချစ်စိတ်၊ အမျှော် အမြင်ရှိတယ်လို့ တွေ့တာနဲ့တစ်ပြိုင်နက် ကျုပ်ဟာ အဲဒီလို တော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့အားလုံး ကြိုးစားကြပါ၊ တော်အောင် ကြိုးစားကြပါ။”

by cobra

ဗိုလ်ချုပ်ဆိုတာ ဘယ်လိုပါလိမ့်(ခေါင်းဆောင်ဆိုတာ ဒါမျိုး)

11:54 am in Creative Writing, Politics, Issues, Short Story by cobra

အခုရေးမဲ့ စာပိုဒ်လေးကတော့ တက္ကသိုလ်ဦးစိန်တင် ရေးသားပြုစုခဲ့တဲ့
ချင်းအမျိုးသား ဗိုလ်ကြီးတိုက်ချွန်း၏ ဘဝဇာတ်ကြောင်း၊ တနည်းအားဖြင့်
အောင်ဆန်းသူရိယဗိုလ်တိုက်ချွန်း အကြောင်းကို ရေးသားခဲ့ရာမှာ
ဗိုလ်ကြီးတိုက်ချွန်းနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ အမှတ်တမဲ့
တွေ့ဆုံခန်းလေးကို တင်ပြမှာပါ။ အောင်ဆန်းသူရိယဗိုလ်တိုက်ချွန်း အကြောင်း
အစအဆုံး ဖတ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ download ယူသွားကြပါ။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အောင်ဆန်းသူရိယဗိုလ်တိုက်ချွန်း

တို့ အမှတ်တမဲ့
တွေ့ဆုံခန်းကိုပဲ တင်ပြပေးမှာဆိုတော့ ဘာများထူးခြားမှုရှိလို့လဲလို့
မေးစရာ ရှိပါတယ်။ ဟုတ်ကဲ့ ပြောရမယ်ဆိုရင်တော့ မနှိုင်းကောင်း၊
နှိုင်းကောင်းလို့ပဲ ပြောရမှာပေါ့။ အင်းလေ နှိုင်းရအောင်ကလဲ နံ့သာဆီနဲ့
အီးလိုကွာတာကိုးဗျ။ ကျနော် ဘာကြောင့် ဒီလောက် စကားခံနေတယ်ဆိုတာ
အောက်ကစာတွေ ဖတ်ကြည့်လိုက်ရင် သဘောပေါက်သွားမှာပါ။ ကျန်တာတော့ စာဖတ်သူလဲ
ငနုံ ငအမှ မဟုတ်တာ ဆိုတော့ ပြောမနေတော့ပါဘူးနော်….။

မြန်မာတပြည်လုံးတွင် လွတ်လပ်ရေးတောင်ဆိုသံတွေ ဆူဆူညံနေပြီ။ လွတ်လပ်ရေး
တောင်းဆိုသံနှင့်အတူ တပါထဲပါလာသည်က ဗိုလ်ချုပ်အောင်ဆန်း၏ အမည်ဖြစ်သည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အမည်ကို မကြားချင်အဆုံး
ကြးနေရသည်။ ရဲဘော်သုံးချိပ်ကို ခေါင်းဆောင်၍ ဂျပန်ပြည်မှာ
စစ်ပညာသင်ခဲ့သူ၊ ဗမာ့တော်လှန်းရေးတပ်ကို ခေါင်းဆောင်ခဲ့သော
လူငယ်စစ်ဗိုလ်ချုပ်၊ ဗမာပြည်၏ တခုထဲသော အင်အားအကြီးမားဆုံး
နိုင်ငံရေးပါတီကြီးကို ခေါင်းဆောင်နေသော အမျိုးသားခေါင်းဆောင်ကြီး
စသည်ဖြင့်ကြားနေရ၏ သိနေရ၏ မြင်တော့ မမြင်ဘူးသေး။

တနေ့တွင် ဒုတိယတပ်ရင်းမှူးဗိုလ်မှူးကပ်ကျောင်းက ကျွန်တော့ကိုခေါ်သဖြင့်
ဗိုလ်မှူးကပ်ကျောင်း၏ရုံးခန်းသို့ ဝင်သွားရ၏။ ထိုနေ့က ကျွန်တော်၏
တပ်စိပ်က တပ်ရင်းလုံးချုံရေး တာဝန်ယူပြီး ကင်းစောင့်နေရသည်။
ဗိုလ်မှူးကပ်ကျောင်းကို အလေးပြုပြီး ရပ်နေသည်နှင့် ဗိုလ်မှူးကပြောသည်။