Frontpage SlideShow

Click on the slide!

ကုလသမဂ္ဂအတွင်းရေးမှုး မြန်မာပြည်ေ၇ာက်ရှိ

ကုလသမဂ္ဂအတွင်းရေးမှုး ဘန်ကီမွန်း တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ ဆုံနေစဉ်။ (3rd July 209)

Click on the slide!

အာဇာနည်နေ့ - ဇူလိုင် ၁၉

အာဇာနည်နေ့ - ဇူလိုင် ၁၉

Click on the slide!

The Mandalay Gazette May 2009 Issue

News >> Latest

မန္တလေးဂေဇက် မေလထုတ် ထွက်ရက်နောက်ကျပါသော်လည်း စာမျက်နှာ ၃၂ မျက်နှာနှင့်အတူ ထွက်ပါပြီ။ သတင်းများ နောက်ကျခြင်းမရှိပါ။ ဇွန်လ၏ သတင်းများပါ ပါဝင်ပါကြောင်း။ Download ရယူနိုင်ပါပြီ

Click on the slide!

News >> Latest

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ဒီချုပ်ခေါင်းဆောင်များ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး (Mr. Ibrahim Gambari) နှင့်တွေ့ဆုံ(ဓါတ်ပုံ။ ရိုက်တာ)

Highlights

Hot News

Latest Events

There are no upcoming events currently scheduled.
View Full Calendar
全斗煥President of South Korea assassination attempt(ラングーン事件)
Added by:Editor
Rating:
Views:17
Date:02-07-2009
A Brief Background of John Yettaw (VOA Burmese)
Added by:Editor
Rating:
Views:138
Date:31-05-2009
Human Rights Video: Born Free and Equal
Added by:C_Editor
Rating:
Views:131
Date:22-05-2009
Burma: Aung San Suu Kyi jailed, to be charged
Added by:C_Editor
Rating:
Views:187
Date:14-05-2009

Mandalay Tube

 
မြန်မာနိုင်ငံသို့  ၀က်တုတ်ကွေးရောက်ရှိခြင်း..
Wednesday, 01 July 2009 00:46

မြန်မာနိုင်ငံသို့  ၀က်တုတ်ကွေးရောက်ရှိခြင်း..

သတင်းအစုံအလင်မှာ..

..
အောက်မှ မြန်မာ့အလင်းသတင်းစာဖြတ်ပိုင်း ၂ခုအားကြည့်ရှု့ မှတ်သား ဆုံးဖြတ်ကြပါရန်..။
ဇွန်လ ၂၇ ရက်နေ့ ထုတ်သတင်းစာဖြတ်ပိုင်းနှင့် ၃၀ ရက်နေ့ ထုတ်ဖြတ်ပိုင်း ၂ခု ဖြစ်ပါသည်။

ရန်ကုန်တွင် Mask များပြတ်လပ်နေပြီး လူများစွာလည်း ကောလဟလများကြောင့် ခြောက်ခြားနေကြကြောင်းလည်း သိရှိရပါသည်။
 

အဆိုပါဝက်တုတ်ကွေးကို ကမ္ဘာပေါ်တွင် အမေရိကန်ပြည်ထောင်စုအတွင်း၌ အများဆုံးတွေ့ ရသည်ကြေငြာထားသော်လည်း( ၂၇၇၁၇ ယောက် တွေ့  - ၁၂၇ သေ) အမေရိကန်ပြည်ထောင်စုရှိ မြို့ ကြိးများ၏ လူစည်ကားရာ နေရာများတွင် အသက်ရှုလမ်းကြောင်းအကာ ( Mask)များ တပ်ဆင်ထားသည့်သူ တဦးတယောက်မှ မတွေ့ ရပဲ အာရှနိုင်ငံများတွင် ယခုကဲ့သို့ ဖြစ်နေသည်မှာ လွန်စွာအံ့သြဖွယ်ရာဖြစ်ပါကြောင်းလည်း အာရှခရီးသွားရာမှပြန်လာသူတဦးမှ သုံးသပ်ပြောကြားချက်ကို ပြန်ပြောင်းတင်ပြလိုက်ရပါသည်။

အထူးသတိထားကြပါကုန်..။

 

အယ်ဒီတာဖြည့်စွက်ချက်။  ။ ဇူလိုင် ၁ ၂၀၀၉)

ရန်ကုန်ဆေးရုံကြီးရှိ ရောဂါထိန်းချုပ်ရေးသီးသန့်လူနာခန်းတွင် A/H1N1 ရောဂါဖြစ်ပွားနေသည်ဟု သံသယဖြစ်ဖွယ်ဝေဒနာရှင်တစ်ဦးကို ဇွန်လ ၂၂ ရက်နေ့ က စစ်ဆေးကုသပေးခဲ့ပြီး ရိုးရိုးတုပ်ကွေးသာဖြစ်နေသောကြောင့် ယင်းနေ့ရက်မှာပင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သတင်းရရှိပါသည်။

ဇွန်လ ၂၆ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်မှ

--------

ဝီကီတွင် အောက်ပါအတိုင်းစာရင်းတွေ့ ရှိရသည်။

27 June Flag of Thailand First death confirmed in Thailand.
Flag of Burma First case confirmed in Myanmar.

http://en.wikipedia.org/wiki/2009_flu_pandemic_timeline

 

 
ထွန်းအိင်္ဒြာဗိုလ် နှင့် ယုဇနတို့ ရဲ့ အမေရိကအတွက် ဂီတပွဲ
Friday, 26 June 2009 23:57

ထွန်းအိင်္ဒြာဗိုလ် နှင့် ယုဇနတို့  အမေရိကန်ပြည်ထောင်စုတွင် ဂီတပွဲများပြုလုပ်သီဆိုကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထွန်းအိင်္ဒြာဗိုလ် အမေရိကန်ပြည်ထောင်စသို့ လာရောက်သီဆိုဥိးမည်ဟု သတင်းများထွက်နေခဲ့သည်မှာ ကာလအတော်ကြာပြီဖြစ်သော်လည်း ယခုအခါတွင်မူ လက်ကမ်းကြော်ငြာနှင်တကွ အချိန်အတိအကျပါ ပါဝင်ပေးပို့ လာသည်ကို တွေ့ရသဖြင့် သေချာသွာပြီဟု ယူဆရနိုင်ပါသည်။

စပွန်ဆာပေးခေါ်ယူသူများမှာအရှေ့ ကမ်းရိုးတန်းမှ ဖြစ်နိုင်ပြီး ( http://kha-mra-concert.com)တွင်လည်း အဆိုတော်တို့ ၏ သတင်းများနှင့်တကွတွေ့ရှိရသည်။
ဝက်ဘ်ဆိုက်တွင် အမေရိကန်ပြည်ထောင်စု၏ အရှေ့ ဖက်ကမ်းရိုးတန်းတွင် ပြသမည် တခုတည်းသော ဖျော်ဖြေပွဲအဖြစ် ယခုလက်ကမ်းပါ ဂီတပွဲကို ရည်ညွှန်းထားပြီး ဆန်ဖရန်စစ်စကို ၊လော့စ်အိန်ဂျလိစ်နှင့် စီယက်တယ်များပါဝင်သော အနောက်ကမ်းရိုးတန်းတွင် ဂီတပွဲများတင်ဆက်ပြုလုပ်ဦးမည်ဟု ရေးသားထားသည်ကိုလည်းတွေရပါသည်။

လော့စ်အိန်ဂျလိစ်နေပရိသတ်များ မြန်မာပြည်၏ အကောင်းဆုံးအမျိုးသမီးအဆိုတော်များကို ခံစားနားဆင်ကြရန် စောင့်စားနေကြောင်းလည်း မန္တလေးဂေဇက်မှ သတင်းသိထားပါသည်။

လက်ကမ်းကြော်ငြာကို အောက်တွင် ဒေါင်းလုပ်လုပ်ယူကြည့်နိုင်ပါသည်။
 

HTUN AEINDRA BO YUZANA
and introducing RICH KYAW
at Laguardia Performing Arts Center,   New York

July 25th 2009

BAND:
Zan Mra:
Bass
Kan Htoo Mra:
Lead Guitar
Jimmy Teh (formerly of Aces):
Keyboards
Tim Tan:
Drums
Saw Htoo:
Keyboards, Percussion
Zaw Naing:
Rhythm Guitar

Attachments:
FileDescriptionFile size
Download this file (HTUN-AEINDRA-BO-WITH-YUZANA_.jpg)HTUN-AEINDRA-BO-WITH-YUZANA_.jpgထွန်းအိင်္ဒြာဗိုလ် နှင့် ယုဇနတို့  ၏ နယူးယောက်ပွဲ လက်ကမ်းကြော်ငြာ335 Kb
 
ပေါ့ပ်ဘုရင် Michael Jacksonနှင့် ချာလီစ်အိန်ဂျယ်စ် Farrah Fawcett တို့ တရက်ထဲတွင် ကွယ်လွန်
Thursday, 25 June 2009 23:47

ကမ္ဘာကျော် ပေါ့ပ်ဘုရင်လို့ သတ်မှတ်ကြရတဲ့ မိုက်ကယ်လ် ဂျက်ဆင် ဟာ ကယ်လီဖိုးနီးယားစံတော်ချိန် နေ့လယ် ၂နာရီခွဲခန့် က ကွယ်လွန်သွားခဲ့ပါတယ်။ အသက် ၅၀ အရွယ်ရှိ မိုက်ကယ်လ် ဂျက်ဆင်ဟာ နေ့လည် ၁၂နာရီခွဲလောက်မှာ သူ့ကိုယ်ပိုင်ဆ၇ာဝန်ကုသနေတဲ့ကြားက နှလုံးခုန်ရပ်သွားခဲ့ပြီး ကယ်လီဖိုးနီးယားပြည်နယ် လော့စ် အိန်ဂျလိစ်က သူ့အိမ်ကနေ UCLA ဆေးရုံကြီးကို ပို့ဆောင်ခဲ့ကြရပါတယ်။

သူ့ရဲ့နေအိမ်ကို အရေးပေါ် ဆေးဝန်ထမ်းတွေ ရောက်ချိန်မှာ အသက်ရှူရပ်နေပြီဖြစ်ပြီး ဆေးရုံမှာ ကွယ်လွန်သွားခဲ့တယ်လို့ သူ့ညီဖြစ်သူက သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အိမ်ကို မူခင်းရဲများက ၀ိုင်းလိုက်ပြီး အသွားအလာတွေထိန်းချုပ်ကာ ၅နာရီကြာအောင်စစ်ဆေးနေတာကိုလည်း တီဗီသတင်းတွေမှာမြင်ကြရပါတယ်။ နောက်ဆုံးတော့ မိုက်ကယ်ဂျက်ဆင်ရဲ့ ဘီအမ်ဒဗလှူကားအဖြူရောင်ကို ယူဆောင်ပြီး သေမူခင်းစစ်ရဲတွေထွက်ခွာသွားခဲ့ကြပါတယ်။ လူသတ်မူအဖြစ် သံသယရှိသလားလို့သတင်းသမားတွေက ရဲတွေကိုမေးတဲ့အခါ ပြောခွင့်မရှိသေးပါဘူးလို့ ပဲ ဖြေပြီး ဒါဟာ သာမန်မဟုတ်တဲ့ လူတွေအတွက် ရဲတွေဖက်ကလုပ်ရိုးလုပ်စဉ်ပါလို့ လည်း ပြောခဲ့တာတွေ့ရပါတယ်။

ကလေးငယ်တွေနဲ့ ရောရောထွေးထွေးနေတတ်သူ၊ မိမိကိုယ်ကို ဂရုတစိုက်နဲ့ သဘာဝကိုလွန်ဆန်ပြီး ပြုပြင်ပြောင်းလဲတာတွေလုပ်ခဲ့သူ၊ လပေါ်လမ်းလျှောက်အကထီထွင်သူ၊ ပေါ့ပ်ဂီတရဲ့ ဘုရင်တဆူဖြစ်တဲ့ မိုက်ကယ်ဟာ လူ့ လောကမှာ ထူးခြားမူတွေများစွာထားခဲ့ပြီး စွန့် ခွာသွားသူဖြစ်တာ အမှန်ပါပဲ။  မိုက်ကယ်တယောက် ဖန်တီးတည်ဆောက်ထားခဲ့တဲ့ နဲဗားလန်းဒ် ( Neverland)ရဲ့ အနာဂါတ်မသေမချာခြင်းတွေနဲ့ သူ့ကိုချစ်သူတွေရင်ထဲ အမြဲသတိတရ အဖြစ် ပီတာပန်တယောက်သေသွားသလို ဖြစ်ကျန်ရစ်ကြမှာအသေအချာပါပဲလို့  သူအိမ်ရှေ့ မှာ သွားပြီးပန်းစည်းချတဲ့ သူတဦးကသတင်းဌာနကို ပြောနေတာတွေ့ရပါတယ်။

--

ဒီတနေ့ထဲမှာပဲ မြန်မာတွေကြားလွန်ခဲ့တဲ့နှစ် (၃၀)ကျော်လောက်ကရေပန်းစာခဲ့ဖူးတဲ့ ချာလိစ်အိနိဂျယ်စ် တီဗီစီးရီးထဲက မင်းသမီးတယောက်ဖြစ်တဲ့ ဖာရာဖေါဆက်လည်း လောစ်အိန်ဂျလိစ်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။
သူမဟာ ကွယ်လွန်ချိန်မှာ အသက် ၆၂နှစ်ရှိပြီး ရင်သားကင်ဆာကို နှစ်ရှည်လများစွာရင်ဆိုင်ကုသနေသူလ်းဖြစ်ပါတယ်။

ဂျာမဏီနိုင်ငံမှာ ဆေးကုသပြီးနောက် လက်လျှော့ပြန်လာရတဲ့ ဖာရာဖောဆက်ဟာ ကွယ်လွန်ချိန်မှာ ထောင်ကျနေတဲ့ အသက် ၂၄နှစ်ရှိသားတယောက်ရှိနေပါကြောင်းသိရပါတယ်။
အပြုံးအလှပိုင်ရှင်လို့ နာမယ်ကျော်ကြားသူတဦးဖြစ်တဲ့ ဖာရာဖောဆက်တယောက် လူပြည်ကသရုပ်ဆောင်အိန်ဂျယ်ဘ၀ကနေ ကောင်ကင်ဘုံရဲ့ထာဝရအိန်ဂျယ်ဘ၀ကိ ကူးပြောင်းသွားတာပါလို့ သူ့ကိုချစ်တဲ့ သူတွေကပြောနေကြကြောင်းပါ အသိပေးလိုက်ပါရစေ။  ။

 
ဒီနေ့ မွေးနေ့လား?
User Rating: / 1
PoorBest 
Wednesday, 24 June 2009 14:30

တကယ်လို့သင်ဟာ အမေရိကန်ပြည်ထောင်စုမှာနေတယ်ဆိုရင် အောက်ကလင့်ခ်လေးတွေကနေ မွေးနေ့ဖြစ်တည်ခြင်းရဲ့ အကျိုးအမြတ်လေးတွေတချို့ ရယူနိုင်ပါတယ်။

ဒါမှမဟုတ်..တခြားနိုင်ငံကနေ ယူအက်စ်ကိုအလည်လာမယ်ဆိုရင်လည်း သုံးလို့ ရတာလေးတွေရှိပါတယ်။
ကမ္ဘာကျော် ဒစ်စနီလန်းဒ်(Disneyland® Resort Theme Parks) တွေကိုအခမဲ့သွားလို့ ရတာပါ..။
မွေးနေ့ရှင်တွေအတွက် မိမိတို့ ရဲ့မွေးနေ့ရက်အတိအကျမှာ...(၂၀၀၉ အတွင်း)ဒစ်စနီလန်းဒ်ကိုအခမဲ့လည်လည်သွားလို့ ရပါတယ်တဲ့..
မွေးနေ့ရက်ကို တိုက်စစ်ခံရဖို့ အတွက်အိုင်ဒီ၊ ပါစ်ပို့ လေးယူသွားယုံပါ။
အဲ..မသွားခင်တော့ သူတို့ ဝက်ဘ်ဆိုက်မှာ မှတ်ပုံလေးတင်လိုက်ပေါ့နော...။ အခမဲ့ပါ။အီးမေးလ်တခုရှိရင်ရပါပြီ။

http://disneyparks.disney.go.com/disneyparks/en_US/WhatWillYouCelebrate/disneyland/index?name=CelebrationsDLRFreeOnYourBirthdayPage

Free Admission on Your Birthday!
Follow these steps to receive free admission to a Disneyland® Resort Theme Park on your 2009 birthday:

Register Yourself
Log in to your Disney account or create a new account. You must be 13 years or older. If you are under 13, please have a parent or guardian sign you up.
Proceed to the Free Admission on Your Birthday form to sign up.

သူတို့ က၂၄နာရီအတွင်းမှာ..အီးမေးလ်ကိုနံပါတ်လေးပို့ လာပါမယ်..။အဲဒါလေးနဲ့..ဒစ်စနီလန်းသွားယုံပါပဲ။
အဲဒါလေး..အသိပေးထားချင်လို့ ပါ...
ဒီနေ့မှ..ရုံးမှာမိတ်ဆွေတယောက်နဲ့စကားစပ်ရင်းသိရတာမို့ ..သိပြီးသူများအတွက်မထူးပေမဲ့..
မသိသေးသူတွေအတွက်..ထူးပါစေလို့ ပါပေါ့....နှစ်တ၀က်ပြည့်မှ သိရတယ်ဆိုပေမဲ့ နောက်မကျသေးပါဘူးနော..
မွေးနေ့ မင်္ဂလာ..ပျော်နိုင်ကြပါစေ..

Read more...
 
မြန်မာ သွားဖက်၊ဆေးဖက်ဆိုင်ရာဆရာဝန်များ၏မိတ်ဆုံစား တွေ့ဆုံပွဲ
Tuesday, 23 June 2009 02:31

မြန်မာ သွားဖက်၊ဆေးဖက်ဆိုင်ရာဆရာဝန်များ၏မိတ်ဆုံစားတွေ့ဆုံပွဲကို စက်တင်ဘာ ၆ ရက် တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်၇န်စီစဉ်ထားရာ စာရင်းပေးသူများပြားလွန်းသဖြင့် စာရင်းပိတ်ထားလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
 အဆိုပါ မိတ်ဆုံစားပွဲမှာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား လော့စ်အိန်ဂျလိစ်ရှိ ဒုတိယတရုတ်တန်းဟုကျော်ကြားသောSan Gabriel  ရပ်ကွက်၏ဟီလ်တန်ဟော်တယ်ခန်းမကြီးတွင် ကျင်းပရန်စီစဉ်ထားခြင်းဖြစ်သည်။ ဟော်တယ်ခန်းမအခြေအနေအရ လူဦးရေ အများဆုံး ၄၀၀ သာလက်ခံနိုင်သော်လည်း ယခုလလယ်မှာပင် လူ၄၀၀ ကျော်စာရင်းပေးသွင်းထားပြီးဖြစ်ကြောင်း။ အချို့ မှာ စာရင်းသွင်းပြီးသော်လည်း ပေးသွင်းရမည် ငွေ ဒေါ်လာ ၁၅၀ ကိုဆက်သွယ်မပေးသွင်းသေးသဖြင့် ယခုလကုန် June 30th, 2009. နောက်ဆုံးထားပြီး ပေးသွင်းကြစေလိုကြောင်း။ သို့ မဟုတ်ပါက နောက်ထပ် စာရင်းသွင်းလာမည်သူများထဲမှ ( waiting list.  )စောင့်ဆိုင်းနေသူများအား ထိုင်ခုံနေရာများ အစားထိုးရမည်ဖြစ်ကြောင်းလည်း စီစဉ်သူများက နိုးဆော်ထားပါသည်။

ယခုကဲ့သို့ မိတ်ဆုံစားပွဲကို ဆေးတက္ကသိုလ်မှ ပါမောက္ခဆရာဝန်ကြီးဦးလှမြင့်၏ တိုက်တွန်းချက်အရ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ကမ္ဘာအနှံ့ မှ သွားဖက်၊ဆေးဖက်ဆိုင်ရာ ဆရာဝန်များ မိတ်ဆုံစားသောက်ကြရင်း ပြန်လည်တွေ့ဆုံနိုင်ရန်အတွက်တက်ရောက်ကြခြင်းဖြစ်သည်။

ယခုမိတ်ဆုံစားပွဲမတိုင်မှီ စက်တင်ဘာ ၅ရက်နေ့တွင်လည်း သွားဖက်ဆိုင်ရာနှင့် ဆေးဖက်ဆိုင်ရာ ဆရာဝန်များ၏သီးသန့် ညစာစားပွဲများလည်းရှိသေးကြောင်း သိရှိရသည်။
http://www.bamausa.org


မိတ်ဆုံစားပွဲတက်ရောက်ကြမည့် သူများစာရင်းကို အောက်ပါ (Attachment )မှတဆင့် အသေးစိတ်ကြည်ရှု နိုင်ပါသည်။

ယခု မိတ်ဆုံစားပွဲနှင့်ပါတ်သက်ပြီး အသေးစိတ်သိလိုပါက အောက်ပါ ၀က်ဘ်ဆိုက်တွင်လည်းသွားရောက်ကြည့်ရှု နိုင်သည်။

http://www.bmdreunion.com/index.html

Attachments:
FileDescriptionFile size
Download this file (Registered List for Ralph 06192009.pdf)Registered List for Ralph 06192009.pdfRegistered List dated 06192009262 Kb
Read more...
 
မြန်မာနိုင်ငံနှင့် အင်တာနက်
User Rating: / 1
PoorBest 
Sunday, 21 June 2009 23:45

ဖွန်လ ၂၁ ရက်နေ့ တရုတ်ပြည်ဆင်ဟွာ သတင်းအရ မြန်မာနိုင်ငံဖက်ပိုင်းမှ ရေအောက် အင်တာနက်ကြိုး နှင့် ဘင်္ဂလားဒေရှ့် နိုင်ငံ၏ ရေအောက် အင်တာနက်ကြိုး တို့ချိတ်ဆက် ထားရှိခြင်းဖြင့် တနိုင်ငံတွင် ရေအောက် အင်တာနက်ကြိုး ချွတ်ယွင်းမှု တခုဖြစ်ပေါ် လာခဲ့ပါက အခြားနိုင်ငံ ၏ ရေအောက် အင်တာနက်ကြိုး ဆက်သွယ်မှုရရှိအသုံးပြုခွင့်ရှိရန် မြန်မာ ဘက်မှ အဆိုပြုခဲ့ကြောင်း ဘင်္ဂလားဒေရှ့် ရေအောက် အင်တာနက်ကြိုး ကုမ္မဏီ [Bangladesh Submarine Cable Company Ltd (BSCCL)] မှပြောဆိုခဲ့ကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၀၆ ခုနှစ်တွင်မှ ပထမပင်လယ်မြေအောက်ကြိုးဖြင့် အင်တာနက်စတင်အသုံးပြုခဲ့သောနိုင်ငံဖြစ်သည်။

မြန်မာအတွက်မူ ပြီးခဲ့သော လကထိုင်း နိုင်ငံ နှင့် မြန်မာနိုင်ငံ ကြားရှိ မြေအောက် အင်တာနက်ကြိုး ချိတ်ဆက်မှု ပြီးစီးခဲ့ကြောင်း မြန်မာဖက်မှသတင်းများကဆိုခဲ့သည်။

Internet World Stats ၏မှတ်တန်းများအရ မြန်မာနိုင်ငံ၏ အင်တာနက်သုံးစွဲမှုကို အောက်ပါအတိုင်းဖေါ်ပြထားသည်။

MYANMAR (ex-BURMA)

 

MM - 47,758,181 population - Area: 676,577 sq km

 

Capital City: Rangoon - GNI p.c. US$ 105 ('99)

 

40,000 Internet users as of Mar/08, 0.1% penetration, per ITU.

 

1,500 broadband subscribers as of Nov.30/08, per ITU

မြန်မာသတင်းသမဂ္ဂ မှ စုဆောင်း ရရှိထားသည့် အချက်အလက်များ အရ မြန်မာ နိုင်ငံသည် လက်ရှိတွင်

  • နိုင်ငံတကာ ဆက်ကြောင်း ၄၀၅ Mbps
  • ပြည်တွင်း ဆက်ကြောင်း ပမာဏ ၅၀၅ Mbps
  • မှတ်ပုံတင် သုံးစွဲ နေသည့် လိုင်းအရေအတွက် ၂၅၂၃၈ နှင့်
  • သုံးစွဲနေသူပေါင်း ၁၂၆၁၉၀ ဦး ဖြစ်ကြောင်း
  • နှင့် မကြာမှီ ကာလတွင်

  • နိုင်ငံတကာဆက်ကြောင်း ၈၀၀ Mbps
  • ပြည်တွင်းဆက်ကြောင်း ပမာဏ ၃.၂၂ Gbps
  • မှတ်ပုံတင် သုံးစွဲမည့် လိုင်းအရေအတွက် ၅၀၀၀၀ နှင့်
  • သုံးစွဲမည့်သူပေါင်း ၂၅၀၀၀၀ ဦး

ထိ ရှိလာလိမ့်မည် ဖြစ်ကြောင်း သိရှိရသည်။

အင်တာနက် သုံးစွဲမည်လူဦးရေ များလာသည်နှင့်အမျှ သတင်းလွတ်လပ်ခွင့်၏ အနှစ်သာရလည်း လိုက်ပါလာနိုင်သဖြင့် မြန်မာနိုင်ငံ၏သတင်းလွတ်လပ်ခွင့်အတွက် အလားအလာကောင်းများဖြစ်သည်ဟုဆိုနိုင်ပါသည်။

ကိုးကား  ။

http://www.tmcnet.com/usubmit/-myanmar-proposes-bangladesh-inter-connect-submarine-cable-system-/2009/06/21/4236206.htm

http://www.internetworldstats.com/stats3.htm

 
Father’s Day Specials - Cupon Codes
Saturday, 20 June 2009 11:31

အဖေများနေ့ဟာ ဂျွန်လရဲ့ တတိယပါတ်တနင်္ဂနွေနေ့ ဖြစ်ပါတယ်။
အဲဒီတော့ ..လာမယ့် ၂၁ ရက်နေ့ပေါ့။ အဖေများကို ပေးနိုင်ကြပါစေဖို့ အတွက် အွန်လိုင်း ကူပွန်ကုဒ်တွေ တင်ပေးလိုက်ပါတယ်။
ReadMore ကနေ အပြည့်အစုံကြည့်နိုင်ဝယ်နိုင်ကြပါတယ်။
( SlickDeals.net ) ကတဆင့် ကူးလာတာဖြစ်ပါကြောင်း။
 
ပျော်ရွှင်ဖွယ်ရာ အဖေများနေ့ဖြစ်ဖို့ အဖေတွေကို ပေးနိုင်ကမ်းနိုင်ကြပါစေ။
 
Coupon Codes
Online coupons and promo codes found for: New Coupons
Read more...
 
ကာတွန်းဦးဖေသိန်း အသက် ၈၆နှစ်အရွယ်တွင်ကွယ်လွန်ရှာပြီ
Friday, 19 June 2009 21:17

ကာတွန်းဦးဖေသိန်း အသက် ၈၆နှစ်အရွယ်တွင်ကွယ်လွန်ရှာပြီ

မြန်မာနိုင်ငံတွင် ထင်ရှားကျော်ကြားသော သဘာရင့်၊ ၀ါရင့်သတင်းစာ ကာတွန်းဆရာကြီးတစ်ဦးဖြစ်သူ ဦးဖေသိန်းသည် ဇွန်လ ၁၉ ရက်၊ နံနက် ၄ နာရီအချိန် ရန်ကုန်မြို့ လှိုင်မြို့နယ်၊
ဓမ္မာရုံလမ်းရှိ နေအိမ်တွင် ကွယ်လွန်သွားကြောင်း ကာတွန်းဦးဖေသိန်း မိသားစုဝင်များကပြောကြားသည်။
ကွယ်လွန်ချိန်တွင် အသက် ၈၆ နှစ်အရွယ် ရှိနေပြီဖြစ်သော ကာတွန်းဆရာဦးဖေသိန်းသည် မကွယ်လွန်ခင်အချိန်က မကျန်းမာသဖြင့် အာရှတော်ဝင်အထူးကုဆေးခန်းတွင် နှစ်ရက်တက်ရောက်ကုသမှုခံယူခဲ့ရာမှ ရန်ကုန်အထွေထွေပြည်သူ့ဆေးရုံကြီး၊ ဦးနှောက်နှင့်အာရုံကြော အထူးကုသဆောင်တွင် ၁၀ ရက်ကြာ ဆေးကုသမှုခံယူပြီး နေအိမ်သို့ ဇွန်လ၁၃ ရက်တွင် ပြန်လည်ရောက်ရှိလာပြီးနောက် ခြောက်ရက် အကြာ ဇွန်လ ၁၉ ရက်နေ့နံနက် ၄ နာရီတွင် ကွယ်လွန်သွားခြင်းဖြစ်သည်။

Read more...
 
ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၆၄)နှစ်မြောက်မွေးနေ့ အတွက် ရည်စူးသော လော့စ်အိန်ဂျလိစ်မှ ကုသိုလ်
Friday, 19 June 2009 17:20

  ဇွန်လ(၁၉)ရက်နေ့  နံနက် ၁၀း၃၀ နာရီက ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၆၄)နှစ်မြောက်မွေးနေ့ အတွက် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို Los Angeles မြို့ ရှိ  ပါရမီဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့ကြရာ ကျောင်းထိုင်ဆရာတော် ဦးပညာဒီပ က ကြွရောက်လာသောပရိသတ်များကို "မှန်ကန်သော စံနှူန်း(၃)ရပ်" ရေစက်ချတရားတော်ကို ဟောကြားပေးခဲ့သည်။ ယနေ့ ပြုလုပ်သော အလှူဒါနကို မိမိကိုယ်ကို ဗဟိုပြုသောစံနှူန်း၊ အများကို ဗဟိုပြုသော စံနှူန်း၊ တရားဓမ္မတော်ကို ဗဟိုပြုသော စံနှူန်းများဖြင့် တိုင်းတာာကြည့်ရာတွင် အဖက်ဖက်မှ ကောင်းမွန်မှန်ကန်နေသည်ကို တွေ့ ရှိရကြောင်း၊ ယနေ့ ပြုသော အလှူဒါနအဖို့ ဘာဂကို အလှူရှင်များနှင့်တကွ ဝေနေယျသတ္တ၀ါအားလုံးတို့ အတွက် အမျှအတန်းပေးဝေပါကြောင်း စသဖြင့်ဟောကြားသွားခဲ့သည်။
 ယနေ့ပြုလုပ်သော ၀ါဆိုသင်္ကန်းကပ်လှူခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ရက်(ဇွန်လ ၁၉)နှင့်အချိန်ကိုက် ကျင်းပခြင်းဖြစ်ပြီး လာမည့် ဇွန်လ (၂၁)ရက် (တနင်္ဂနွေ)နေ့ တွင်မူ L.A မြို့ ရှိ Grand view ဘုန်းတော်ကြီးကျောင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အခန်းအနား တရပ်ကို စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ရန်ရှိသဖြင့် လော့စ်အိန်ဂျလိစ်မြို့ နေ မြန်မာအများ ကြွရောက်ချီးမြင့်ကြပါရန် ဖိတ်ကြားထားကြောင်းလည်းသိရှိရသည်။

 
မြန်မာနိုင်ငံအမျိုးသမီးများနေ့ - ဒေါ်အောင်ဆန်းစုကြည်မွေးနေ့
Friday, 19 June 2009 00:00

မြန်မာနိုင်ငံအမျိုးသမီးများနေ့ - ဒေါ်အောင်ဆန်းစုကြည်မွေးနေ့

(ဇွန်လ ၁၉ ရက် ၂၀၀၉)


ယနေ့ ဇွန်လ ၁၉ရက် ၊ဒေါ်စုမွေနေ့ တွင် ဒေါ်စုရေးသော စာကိုဖတ်ကြည်ကြစေချင်သည်။
အဖွင့်စာမျက်နှာတွင် အောက်ပါအတိုင်း ဥဒါန်းကြူး ရည်ညွှန်းရေးထားပါသည်။

မကြောက်မရွံ့ နှင့်
လွတ်လပ်မှန်ကန်စွာ
ရေးသားပြောဆိုပိုင်ခွင့်ရစေမည့်
နိုင်ငံရေးစနစ်ကို
တောင့်တနေသူ
မြန်မာတိုင်းရင်းသားအပေါင်းအား
ရည်ညွှန်းပါသည်၊

ဒေါ်စုကိုချစ်သော ဒေါ်စုကချစ်သော မြန်မာအမျိုးသားအပေါင်းတို့ ..
ကြောက်ရွံ့ ခြင်းမှ ကင်းလွတ်ကြပါပြီလား....


အောင်ဆန်းစုကြည်
ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး (မြန်မာပြန်)

http://www.mandalaygazette.com/index.php?option=com_docman&task=doc_download&gid=27&Itemid=5
4


 

Attachments:
FileDescriptionFile size
Download this file (DawAungSanSuuKyi.pdf)DawAungSanSuuKyi.pdfမြန်မာနိုင်ငံအမျိုးသမီးများနေ့ - ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ 417 Kb
Read more...
 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Page 1 of 10

Login

Online Users

  • Administrator
  • Editor
2 user(s) online | Show All

Search

Classifieds Search

Directory Search

 

The Discussion Tea Shop

in Article/News/Content Discussion by kai, 07-01-09 02:42
in Article/News/Content Discussion by kai, 06-22-09 02:23
in Article/News/Content Discussion by kai, 06-22-09 02:23
in Article/News/Content Discussion by kai, 06-12-09 02:53
in Article/News/Content Discussion by kai, 06-12-09 02:51
in Article/News/Content Discussion by kai, 06-04-09 05:47
in Article/News/Content Discussion by kai, 06-03-09 17:18
in Article/News/Content Discussion by Editor, 06-03-09 03:06
in Article/News/Content Discussion by Editor, 06-02-09 12:27
in Article/News/Content Discussion by Editor, 06-02-09 12:25

Calendar

July 2009 August 2009
Friday, July 03, 2009
Picture of the Week (27)
Su Mo Tu We Th Fr Sa
Week 27 1 2 3 4
Week 28 5 6 7 8 9 10 11
Week 29 12 13 14 15 16 17 18
Week 30 19 20 21 22 23 24 25
Week 31 26 27 28 29 30 31

Money

CBox

SHOUTcast Radio

Sponsor

Archive

Weather