မြေရှားသတ္တုတွဲများသည် ကမ္ဘာ့အဓိကအာဏာ/ပါဝါ ဗဟိုချက်ဖြစ်လာခဲ့ပေပြီ။ ဤခေတ်သစ်တွင် ရုပ်ကျွင်းလောင်စာ ရေနံသည် ကမ္ဘာ့စွမ်းအင်ကဏ္ဍတွင် အရေးကြီးဆဲဖြစ်သော်လည်း AI သုံး GPU, ချစ်ပ်များ၊ လက်နက်စနစ် (ဥပမာ- Neodymium နှင့် Dysprosium သုံးသော ဒုံးပျံလမ်းညွှန်စနစ်)၊ ဘက်ထရီများနှင့် ကွန်ပျူတာချစ်ပ်များတွင် မရှိမဖြစ်လိုအပ်သော မြေရှားသတ္တုတွဲများ (Rare Earth Minerals – REMs) သည် ကမ္ဘာ့အာဏာ/ပါဝါ၏ ခေါင်းကိုင်အဖြစ်သို့တက်ရောက်လာသည်။ချိုင်းနားနိုင်ငံသည် ကမ္ဘာ့မြေရှားသတ္တု ထုတ်လုပ်မှု၏ ၇၀% နီးပါး နှင့် သန့်စင်ထုတ်လုပ်မှု၏ ၉၀% ကျော် ကို ချုပ်ကိုင်ထားရာ၊ ၎င်းတို့ဖြင့် အမေရိကား၏ ကုန်သွယ်စီးပွားစစ်၌ တန်ပြန်ကစားနေခြင်းသည် လွန်စွာ ထိရောက်နေလေသည်။ အထူးသဖြင့် အောက်တိုဘာလကုန် သမ္မတဒေါ်နယ်လ် ထရမ့်၏ လက်ရှိ အရှေ့တောင်နှင့် အရှေ့အာရှခရီးစဉ်က ဤအခြေအနေကို […]


